Pages - Menu

Pages - Menu

Sunday, August 3, 2014

Frozen Keyboard ကိုမိမိ ကြိုက်တဲ့ ကိုယ်ပိုင် ပုံစံ ပြောင်းကြမယ်











ဒီနည်းကိုတောင်းဆိုထားလို့ ဘာဘီ ရေးထားတာ ကြာပါပြီး ဒါပေမယ့် ဖုန်းပျက်သွားလို့ Page နဲ့ အဆက်သွယ်ပြတ်သလိုဖြစ်သွားတယ် ဒါကြောင့်နောက်ကျသွားတဲ့အတွက်တောင်းပန်ပါတယ်
ဘာဘီမှာ ဖုန်းပဲရှိတဲ့အတွက် ဖုန်းနဲ့ လုပ်တဲ့ နည်းကိုပဲ ပြောပြပါမယ် ကွန်ပျူတာတွေနဲ့ လုပ်နိုင်ရင်တော့ပိုကောင်းပါတယ်
ဖုန်းအတွက်လိုအပ်တဲ့ app တွေ အရင်ဒေါင်းလိုက်ပါ
Root Explorer
https://www.dropbox.com/s/xjccjfj88j6fbpl/Root%20Explorer.apk
ZipSigner
https://www.dropbox.com/s/iz9gfm7djs7oj20/ZipSigner.apk
Frozen Keyboard (အရင် အဟောင်း ဗားရှင်းပါ)
https://www.dropbox.com/s/7s8kin17fmlq245/frozenkb.apk
ဒေါင်းပြီးရင် install လုပ်လိုက်ပါ ပြိးရင်စကြရအောင်
၁ . Root explorer မှ မိမိ frozenkb ရှိတဲ့နေရာကို သွားလိုက်ပါ
၂ . အဲ apk ကို rename ကိုနှိပ်ပြီး နောက်က .zip ဟုအပိုပေါင်းထည့်ပေးလိုက်ပါ
၃ . zip folder ဖြစ်သွားပါမည် အမှန်ခြစ်ပြီး extract all လုပ်လိုက်ပါ
၎ . ပြီးသွားရင် ဒီလိုပေါ်လာပါမယ် Go To Extract ကိုနှိပ်လိုက်ပါ
၅ . frozenkb.apk ဆိုတဲ့ folder တစ်ခုတွေ့ပါမယ် အဲဒီ folder ထဲဝင်လိုက်ပါ
၆ . ပြီးရင် res >>> drawable-mdpi
ထိဝင်လိုက်ပါ
၇ . btn_keyboard_key_normal.9.png
ဆိုတဲ့ ပုံကိုရှာလိုက်ပါ
၈ . ပြီးရင် အဲဒီ ပုံ size အတိုင်း photo eidit တစ်ခုခု နဲ့ မိမိလိုချင်တဲ့ပုံတစ်ခု လုပ်လိုက်ပါ
၉ . drawable-mdpi ထဲကို သွားပြီး
btn_keyboard_key_normal.9.png
ဆိုတဲ့ မူရင်းပုံကိုဖျက်ပြီး မိမိ လုပ်ထားတဲ့ ပုံနဲ့ အစားထိုးလိုက်ပါ အစားထိုးတဲ့ ပုံကို ဖျက်လိုက်တဲ့ပုံရဲနာမည်ပဲပေးရပါမယ်
၁၀ . frozenkb.apk ဆိုတဲ့ folder ကို အမှန်ခြစ်ပြီး zip this folder နှိပ်လိုက်ပါ
၁၁ . ပြီးရင် Go to zip ကိုနှိပ်လိုက်ပါ frozenkb.apk.zip ဆိုပြီး zip ဖိုင်တစ်ခုတွေ့ပါမယ် root explorer မှ home ကိုနှိပ်ပြီးထွက်လိုက်ပါ
၁၂ . ZipSigner ထဲဝင်ပြီး choose in/out ဆိုတာနှိပ်လိုက်ပါ Speedsoftware>>>Archives ထိသွားလိုက်ပါ ခုနက လုပ်ခဲ့တဲ့ zip ဖိုင်တွေ့ပါမယ် နှိပ်လိုက်ပါ
၁၃ . ပြီးရင် sign the file ကိုထပ်နှိပ်ပြီးခဏစောင့်ပါ ပြီးရင်ထွက်လိုက်ပါ
၁၄ . ပြီးရင် Root Explorer ထဲပြန်ဝင်ပါ ခုနက နေရာမှာ signed ပါတဲ့ zip ဖိုင်တစ်ခု ထပ်တွေ့ ပါမယ်
၁၅ . rename ကိုနှိပ်ပြီး frozen.apk ဟုပေးလိုက်ပါ
၁၆ . ဒါဆို frozen icon နဲ့ apk တစ်ခုဖြစ်သွာပါပြီး install လုပ်လိုက်ပါ
ပြိးရင် စာရိုက်မယ့်နေရာတစ်ခုဖွင့်လိုက်ပါ ခုနက လုပ်လိုက်တဲ့ theme ပြောင်းသွားပါပြီ

B4rb3 (Darli Myat Shuu)