Pages - Menu

Pages - Menu

Wednesday, August 6, 2014

Android OS ကို Memory Stick ပေါ်မှာ Insatall လုပ်မယ်



Google က Developed လုပ်တယ့် Android OS ကို ဖုန်းမှာပဲသုံးလို့ရတယ်လို့ ထင်ထားခဲ့တာ အခုတော့ Android OS ကို Personal Computer တွေပေါ်မှာ OS တစ်ခုအနေနဲ့ အသုံးပြုလို့ရပြီဆိုတာကို သိလိုက်ရလို့ ပြန်လည်ဝေမျှလိုက်ပါတယ်။ အခုရေးပေးမှာကတော့ Android OS ကို Computer ရဲ့ Harddisk ပေါ်မှာ မ Run ပဲနဲ့ USB Flash Drive ပေါ်မှာ Run တယ့်နည်းကိုရေးသားဖော်ပြမှာဖြစ်ပါတယ်။

USB Flash Drive Space အနေနဲ့အနည်းဆုံး 256MB လိုအပ်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး Android OS x86 V.1.6 r2 Boot-able CD Image နဲ့ UNetbootin ကို Download လုပ်ယူပါ။

၁။ Download လုပ်ယူပြီးရင်တော့ UNetbootin ကို Run လိုက်ပါ။
၂။ UNetbootin Windows ထဲက Diskimage ကိုရွေးပြီး ညာဘက်က "..." ကိုနှိပ်ပြီးတော့ Android OS ISO ရှိတယ့် လမ်းကြောင်းကိုရွေးပေးပါ။
၃။ အောက်ဆုံးက Type မှာ ကိုယ်အသုံးပြုမယ့် USB Flash Drive အမျိုးအစားနဲ့ Flash Drive ရဲ့ Drive Letter ကိုရွေးပြီး OK ကိုနှိပ်ပါ။



၎။ UNetbootin ကနေပြီးတော့ Android ကို Flash Drive ပေါ် Copy ကူးယူသွားမှာ ဖြစ်ပါတယ်။ Computer ရဲ့ Speed နဲ့ Flash Drive ရဲ့ Speed ပေါ်မူတည်ပြီး Copy ကူးချိန် ကြာမြင့်မှာဖြစ်ပါတယ်။



၅။ Copy ကူးယူလို့ပြီးသွားရင်တော့ Computer ကို Restart လုပ်မလား ဒါမှမဟုတ် UNetbootin ကိုပိတ်မလားဆိုတာ ကိုယ်ကြိုက်သလို ရွေးချယ်လို့ရပါတယ်။



၆။ Computer ကို Restart ချပြီးရင်တော့ BIOS Setting ၀င်ပြီး Removable Device ကို First boot device အနေနဲ့ ပြောင်းပေးရမှာဖြစ်ပါတယ်။



၇။ USB Device ကနေ Boot တက်လာပြီဆိုရင်တော့ Live CD – Run Android-x86 without installation ကိုရွေးပြီး Enter နှိပ်လိုက်ပါ။



၈။ Android Load လုပ်နေတာကို အချိန် အနည်းငယ်စောင့်ရပါမယ်။





၉။ Android OS အပြည့်အ၀ တက်လာပြီဆိုရင်တော့ အောက်ပါအတိုင်းမြင်ရမှာဖြစ်ပါတယ်။



http://mandalarnet.mandalaybloggers.org/ မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။