ကိုယ့် iPhone မှာ storage သိပ်မလွတ်တော့လို့
စိတ်ညစ်နေရပါသလား။ iPhone အပါအ၀င် ဖုန်းတွေရဲ့ အဓိကပြဿနာက storage
မလောက်တာလို့ ဆိုနိုင်ပါတယ်။ အထူးသဖြင့် 16 GB မော်ဒယ် iPhone
ကိုင်သူတွေအတွက် storage မလောက်တဲ့ ပြဿနာက အဆိုးရွားဆုံးပါပဲ။
ဖုန်း storage က 16 GB ဆိုပေမယ့် iOS က 5GB လောက် ယူထားတာကြောင့်
ဖုန်းပိုင်ရှင်အနေနဲ့ 11 GB လောက်သာ သုံးနိုင်ပါတယ်။ 11 GB ဆိုတာကလည်း
အက်ပလီကေးရှင်းလေးတွေ၊ သီချင်းတွေ၊ ဗီဒီယိုတွေ ထည့်လိုက်ရင် ဘာမှ
သိပ်ကျန်တော့မှာမဟုတ်ပါဘူး။
ဒါဆို အရေးကြီးတဲ့ ဖိုင်ကြီးကြီးတစ်ခု ဖုန်းထဲထည့်သိမ်းဖို့ လိုတဲ့အခါမျိုးမှာ ဘယ်လိုလုပ်မလဲ။
မကြာသေးမီကမှ Reddit ကနေ စတင်ကာ၊ တစ်ကမ္ဘာလုံးမှာ ရေပန်းစားလာတဲ့ iPhone storage ချက်ချင်းလွတ်သွားအောင် လုပ်နည်းကို ဝေမျှပေးလိုက်ပါတယ်။ ဒီနည်းလမ်းက ဖုန်းထဲက သီချင်းတွေ၊ ဗီဒီယိုတွေကိုလည်း ဖျက်စရာမလိုပါဘူး။
(၁) iTunes Store ကို သွားပါ။
(၂) ကိုယ့်ဖုန်းမှာ လွတ်နေတဲ့ storage space ထက် ဖိုင်ဆိုက်ပိုကြီးတဲ့ဇာတ်ကားတစ်ကားကို ရှာပါ။ ဥပမာ ဖုန်းမှာ 4GB လွတ်နေတယ်ဆိုရင်၊ ဖိုင်ဆိုက် 4GB ထက် ပိုကြီးတဲ့ဇာတ်ကားတစ်ကားရှာပါ။ Lord of the Rings ဇာတ်ကားတွေဆို တော်တော်ရှည်တာကြောင့်၊ ဖိုင်ဆိုက်လည်း တော်တော်ကြီးပါတယ်။
(၃) ဇာတ်ကားရွေးပြီးသွားရင် ထိပ်မှာရှိတဲ့ Rent ဆိုတာကို နှိပ်လိုက်ပါ။ ကိုယ့်ဖုန်းမှာ storage မလောက်တဲ့အတွက် ဇာတ်ကားကို ဖုန်းက ဒေါင်းလုပ်မဆွဲနိုင်ဘဲ ‘Cannot Download’ ဆိုပြီး ပေါ်လာပါလိမ့်မယ်။ Settings ဆိုတာကို ရွေးလိုက်ပါ။

(၄) Settings ထဲ ပြန်ရောက်သွားလို့ ဖုန်း storage ကို ပြန်ကြည့်တဲ့အခါ၊ အရင်တုန်းကထက် storage ပို လွတ်သွားတာကို ထူးဆန်းစွာ တွေ့မြင်ရပါလိမ့်မယ်။ ဂီဂါဘိုက်နဲ့ချီ အများကြီး လွတ်သွားတာမျိုး မဟုတ်ဘဲ 400 MB လောက် လွတ်သွားတာကို မြင်ရမှာပါ။
ဒါဆို ဒီနည်းလမ်းက 400 MB လောက်ပဲ လွတ်သွားတယ်ပေါ့။ သိပ်မမိုက်ဘူး မထင်ပါနဲ့။ ဒီနည်းလမ်းအတိုင်း iTunes Store သွားလိုက်၊ အခွေဌားလိုက်၊ storage မလွတ်လို့ Settings ထဲ ပြန်ဝင်သွားလိုက်၊ အကြိမ်ကြိမ် လုပ်နေရင် နောက်ဆုံး 1 or 2 GB လောက် storage လွတ်သွားတာကို မြင်တွေ့ရမှာပါ။ Available storage မှာ နောက်ဆုံး GB ထပ်မတက်လာတော့တဲ့အချိန်အထိ ဆက်တိုက်လုပ်နိုင်ပါတယ်။
လက်ရှိအချိန်ထိ ဒီနည်းလမ်းက ဘယ်လိုအလုပ်လုပ်သွားတာလဲဆိုတာ သေချာမသိရသေးပေမယ့်၊ ဖြစ်နိုင်တာကတော့ ဖုန်းထဲက cache ဖိုင်တွေ၊ app က ယူထားတဲ့ storage ပမာဏတစ်ချို့ကို iOS က အလိုအလျောက်ဖျက်ပေးသွားတာမျိုး ဖြစ်ပါလိမ့်မယ်။ ဘာပဲပြောပြော တော်တော်မိုက်တဲ့ trick လေးမို့လို့ iPhone ပရိတ်သတ်တွေနဲ့အတူ မျှဝေလိုက်ပါတယ်။
Re: Gadgets 360
http://digitaltimes.com.mm/

လုပ်နည်းကတော့
ပထမဦးဆုံး ကိုယ့်ဖုန်းမှာ storage ဘယ်လောက်လွတ်သေးလဲဆိုတာ ကြည့်ထားပါ။(၁) iTunes Store ကို သွားပါ။

♦♦♦♦♦♦♦
http://www.butterflymobile.net/
Professional mobile __ Pro V7 __ Firmware
TeeMi_R200 Firmware
Speed Note Firmware
Vfone_Y2 _ Firmware
E Phone အတွက် Firmware များ