Sunday, August 21, 2016





ပထမဆုံးအဆင့်အနေနဲ့ မိမိတို့ကိုင်ဆောင်နေသော ဖုန်းကိုသေချာစစ်ဆေးပါ 

ဘယ်လိုစစ်ဆေးမလဲ?

မိမိကိုင်ဆောင်နေသော ဖုန်းမှာ Connection(လိုင်းသုံးနိုင်သော) နဲ့ ပတ်သတ်တဲ့ 
Application [ဆော့(ဖ်)ဝဲ(လ်)] ဘယ်နှစ်ခုပါလဲ ဥပမာ Facebook Line
Twitter Viber wechat အစရှိတဲ့ app မျိုးတွေပေါ့။ အဲဒီapp တွေမှာ login ဝင်ထားမယ်ဆိုရင်
အဲဒီapp တွေကိုမသုံးပဲ Facebook တစ်ခုထဲ သုံးနေမယ်ဆိုရင်တောင် အဲဒီapp တွေက
Auto Sync လုပ်နေမယ်ဆိုရင် ပိုက်ဆံဖြတ်ပါလိမ့်မယ်။ အသုံးပြုမှုအနည်းအများပေါ်မူတည်ပြီး
ဆက်သွယ်ရေးရုံးကတော့ဖြတ်မှာပါ ဒါကိုကျွန်တော်တို့က အမှတ်တမဲ့ နေပြီး facebook တစ်ခုထဲပဲ
သုံးတာတောင် ပိုက်ဆံတအားဖြတ်တာ ဘာညာသွားပြောရင် သေချာပါတယ်ဆက်သွယ်ရေးရုံးက
ကမ္ဘာမကျေ သီချင်းဆိုပြီးလိုက်လာလိမ့်မယ်။ နောက်တစ်ခုကတော့ ဆက်သွယ်ရေးရုံးက 
Facebook ကို ဖရီး ပေးတယ်ဆိုကြပါဆို့ သူကဖေ့ဘွတ် တစ်ခုထည်းပေးတာ ဖြစ်တဲ့ အတွက်
 ဖေ့ဘွတ်ကို သုံးမယ်ဆိုရင် တခြား Sync လုပ်နိုင်မဲ့ app မျိုးတွေကိုပိတ်ထားဖို့ လိုပါလိမ့်မယ်။ 
အထူးသဖြင့် browser တွေမှာ login ဝင်ထားတာက အဖြစ်များပါတယ် log out လုပ်ထားသင့်ပါတယ်။
ဒီလိုမှပိတ်မထားရင် သူငယ်ချင်းတို့ ပိုက်ဆံတွေ အဖျက်ခံရပါလိမ့်မယ်။ တကယ်လို့သူငယ်ချင်းတို့ ဘက်က 
အစ စအရာ ရာ စစ်ဆေးရဲ့သားနဲ့ ဆက်သွယ်ရေးရုံးက ပိုက်ဆံတွေ လိုတာထက်ပိုဖြတ်နေခဲ့မယ်ဆိုရင်
လက်တွေ့ငွေဖြည့်ကဒ်တစ်ကဒ်နဲ့ငွေ့ဖြည့်ပြလိုက်ပါ။ ငွေ့ဖြည့်ကဒ် ကိုငွေဖြည့်တဲ့ အချိန်ကစပြီး 
Video Recording apk တစ်ခုခုနဲ့ ဗွီဒီယို ရိုက်ယူထားပါ လိုင်းတစ်ခုခု သုံးကြည့်လိုက်ပါ။ 
ပြီးရင် ပိုက်ဆံ စစ်ကြည့်လိုက်ပါ လိုတာထက်ပိုပြီးဖြတ်သွားတယ်ဆိုရင်
စောနက ရိုက်ယူထားတဲ့ Video ဖိုင်ကိုယူပြီး ကမ္ဘာမကျေ သီချင်းဆိုပြီးသွားပါဆက်သွယ်ရေးရုံးဆီကို
MPT ဆက်သွယ်ရေးရုံး
Oredoo ဆက်သွယ်ရေးရုံး
Telenor ဆက်သွယ်ရေးရုံး
Dtac (Thai)ဆက်သွယ်ရေးရုံး
မလိုအပ်တဲ့ apk တွေပိတ်ဖို့အတွက် ice box apk ဒေါင်းရန်

pCloud link >>>  HERE
MEGA link >>> HERE
နောက်တမျိုး root မလို app freezer apk ဒေါင်းရန်
pCloud link >>> HERE
MEGA link >>> HERE



Credit :  ZayYar Tun


 www.thanbyuzayatmobile.blogspot.com

Mounting created Bloggif