Pages - Menu

Pages - Menu

Saturday, December 12, 2015

HTC ဖုန်းများရဲ့ bootloader Unlock ကို One Click ဖြင့် ရယူနိုင်


HTC ဖုန်းများအတွက် Root လုပ်ချင်တာပဲဖြစ်ဖြစ် CWM သွင်းချင်တာပဲဖြစ်ဖြစ်
ပထမဆုံးဖြေရှင်းပေးရမယ့်ပြသနာက bootloader ပဲဖြစ်ပါတယ်။

ယခုကျနော် Message ပေးလိုက်တဲ့ HTC Super Tool သည် ဖုန်းအလုံးတိုင်းကို
အဆင်ပြေလိမ့်မည်မဟုတ်ပါ၊ 100% အာမမခံပါ စမ်းသပ်ကြည့်နိုင်အောင်
အတွက်သာ ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။



တကယ်တော့ HTC ဖုန်းများအတွက် bootloader လုပ်တော့မယ်ဆိုရင်တော့
Unlocking Official ဆိုက်ကိုသွားပြီး Code တောင်းရသေး
ပြီးတော့မှ Unlock ပြုလုပ်ပေးရတာမျိုးပါ။

ဒီတော့အခုက သွားတောင်းစရာမလိုတော့ပဲ တစ်ချက်တည်း
Run ပေးလိုက်ရုံဖြင့် Unlock ဖြစ်နိုင်တယ်ဆိုရင်တော့ စိတ်ဝင်စရာပဲဖြစ်ပါတယ်။

ဒီ Tool ဟာ Revolution ဆောဝဲတစ်ခုအဖြစ်ရေးဆွဲထားတာဖြစ်နိုင်ပါတယ်
ကွန်ပျူတာ Program တစ်ခုလိုပေါ့ စတင်အသုံးပြုကြည့်ချင်တယ်ဆိုရင်တော့ရယူထားလိုက်ပါ။

ဒီ Tool ဖြင့် အောက်ပါ Device များကို Support လုပ်ပေးနိုင်ပါတယ်
Evo Design 4G, Evo 4G, Evo 3D, Evo Shift, G2, MT3Gs, MT4G, MT4Gs, 
Inspire, Sensation, Incredible, Wildfire S, and the Amaze 4G.

အပေါ်မှ list ကိုပြန်ကြည့်ရင် ဒီ Tool ကဘယ်ဆိုးလို့တုန်း ဖုန်းကလစ်ချင်တဲ့
သူတွေအတွက် တကယ်လို့ 100% Work ဖြစ်ခဲ့ရင် ငြိမ်းပြီးပေါ့ဗျာ

(မှတ်ချက်=မိမိအနေဖြင့် ဒီ Tool ကိုအသုံးပြုပြီး 
ဖုန်းက တစ်ခုခုဖြစ်သွားခဲ့ရင်တောာ့အာမမခံပါ)



How to use to Unlock bootloader
=======================
၁။ HTC ဖုန်းရဲ့ USB Driver ကိုကွန်ပျူတာတွင်သေချာအောင်လုပ်ပါ
၂။ USB Debugging ကို enable ပြုလုပ်ထားပေးပါ။
၃။ ဒေါင်းလော့ရလာတဲ့ HTC Super Unlock Tool Zip ဖိုင်ကိုဖြေလိုက်ပါ။
၎။ ဖုန်းနဲ့ကွန်ပျူတာကိုချိတ်ဆက်ပြီး ကွန်ပျူတာကဖုန်းကိုသိပြီးတဲ့အခါ
SuperTool.exe ဖိုင် Run ပေးလိုက်ပါ။
၅။ Process တစ်ခုစတင်နေတဲ့အခါ စောင့်ပေးလိုက်ပါ အားလုံးပြီးသွားရင်တော့
သင့်ဖုန်းမှာ bootloader unlocked ဖြစ်နေပါပြီ။

အရင်တင်ပေးဖူးတဲ့ One Click Tool ကိုအောက်မှာရယူပါ

Click HTC Bootloader Unlock

Source forum.xda-developers.com

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)