Pages - Menu

Pages - Menu

Monday, April 27, 2015

Google Maps ပေါ်က Android စက်ရုပ်လေးက Apple အား မဖွယ်မရာ လုပ်နေသည့်ပုံ

Google Android နဲ့ Apple iOS ဟာလည်း သူတစ်ပြန် ကိုယ်တစ်ပြန် အပြိုင်ကျဲနေကြတဲ့ စမတ်ဖုန်း OS များပဲ ဖြစ်ကြပါတယ်။ Android နဲ့ Apple တို့ရဲ့ ပြိုင်ဆိုင်မှုဟာ သုံးစွဲသူတွေထံပါ ကူးစက်ရောက်ရှိတတ်ပြီး ပြီးခဲ့တဲ့ သတင်းပတ် အတွင်းကပဲ Android ပရိသတ်တစ်ဦးနဲ့ Apple ပရိသတ်တစ်ဦး အငြင်းပွားပြီး ပုလင်းကွဲနဲ့ ထိုးကုန်တဲ့အထိ ဖြစ်ခဲ့ရပါသေးတယ်။
ယခု ဖြစ်ရပ်ကတော့ Android ပရိသတ်တစ်ဦးက Apple ကို ပီပီပြင်ပြင် ပိပိရိရိနဲ့ Troll လုပ် နောက်ပြောင်ခဲ့တဲ့ ဖြစ်ရပ်ပါပဲ။ ပုံမှာ မြင်ရတဲ့အတိုင်း Android အရုပ်လေးက Apple ကို ရှူရှုးနဲ့ ပန်းနေတဲ့ပုံကို သေသပ်စွာ ပုံဖော်ပြီး Google Maps ပေါ် တင်ထားခဲ့ပါတယ်။
ဒီပုံကို Cult of Android အဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပြီး Google Maps ပေါ်မှာ ဤရုပ်ပုံ ရေးဆွဲထားတဲ့ နေရာကတော့ ပါကစ္စတန်နိုင်ငံ၊ ရဝါပင်ဒီမြို့အနီးမှာ ဖြစ်ပါတယ်။
Google Map Maker နဲ့ ပုံဖော်ထားတဲ့ ဒီရုပ်ပုံကို ကြံကြံဖန်ဖန် ဖန်တီးခဲ့တာကတော့ nitricboy လို့ အမည်ဝှက်နဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး ယင်းဟာ Google Map Maker ကို အသုံးပြု ဖန်တီးပြီး ပေးပို့လာတဲ့ နေရာများ၊ လမ်းကြောင်းများနဲ့ အချက်အလက်များကို စစ်ဆေးပေးတဲ့ Google ရဲ့ စံနှုန်းများကို စနစ်တကျ ကျော်ဖြတ်နိုင်ခဲ့တာပါ။ nitricboy ဟာ ဒီရုပ်ပုံရဖို့ သီးခြားရုပ်ပုံ ၁၀ ခု ရေးဆွဲပြီး ပေးပို့ခဲ့ပါတယ်။ ပုံ ၁၀ ခုကို သီးခြား စစ်ဆေးမိတဲ့ Google က ယင်းရဲ့ အကြံကို မရိပ်မိတော့ပဲ အားလုံးကို ပူးပေါင်းလိုက်တဲ့ အခါမှာတော့ အမြင်မတော်ဖွယ်ရာ ရုပ်ပုံကို ရရှိလာခဲ့တာ ဖြစ်ပါတယ်။
ဤရုပ်ပုံအကြောင်း သတင်းတွေ ပြန့်နှံ့လာပြီး နာရီပိုင်း အကြာမှာတော့ Google က ဖယ်ရှားပစ်ခဲ့ကာ ကြေငြာချက် ထုတ်ပြန်ပြီး အများပြည်သူကို တောင်းပန်ခဲ့ပါတယ်။


Credit:Myanmar Consumer Guide Journal