Pages - Menu
▼
Pages - Menu
▼
Thursday, February 26, 2015
★★ မြန်မာဘာသာဖြင့် Gmail အသုံးပြုနိုင်ပြီ ★★
မန်မာဘာသာနဲ့ Gmail အသုံးပြုနိုင်ပြီလို့ အင်တာနက် ၀န်ဆောင်မှုတွေ ပေးနေတဲ့ ဂူဂဲလ်က ဖေဖော်ဝါရီ ၂၅ ရက်က ကြေညာပါတယ်။
လူဦးရေ ၅၃ သန်းရှိတဲ့ မြန်မာနိုင်ငံက ပွင့်လင်းလာတဲ့ အတွက်
အွန်လိုင်းကို လာရောက်တဲ့ လူအရေအတွက်က ပိုမိုများပြားလာတယ်လို့ ဂူဂဲလ်
ထုတ်လုပ်ရေး မန်နေဂျာ ဘရိုင်ယန် ခမ်လာက သူ့ရဲ့ ဘလော့ဂ်မှာ ပြောပါတယ်။
၂၀၁၁ ခုနှစ်မှာ မြန်မာ လူဦးရေ ၅ သိန်းခန့် အင်တာနက်ကို
အသုံးပြုနိုင်ခဲ့ပြီး လက်ရှိမှာတော့ ၂.၆ သန်း အထိ တိုးတက်လာတယ်လို့ သူက
ပြောပါတယ်။
ဘာသာစကားရဲ့ သိမ့်မွေ့မှုကို ဖမ်းယူပြီး ဘာသာပြန်တာတွေကို တိကျလိုက်လျော့ညီထွေ ပြည်စုံအောင် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။
မြန်မာဘာသာနဲ့ Gmail အသုံးပြုလိုသူတွေအနေနဲ့ Setting ထဲမှာဝင်ပြီး မြန်မာဘာသာ ကို ပြောင်းလဲအသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖောင့် မရှိသေးတဲ့ ကွန်ပျူတာတွေ မှာတော့ မြန်မာစာကို အမှန်အတိုင်းမြင်တွေ့ရဖို့ အခက်အခဲတချို့ ရှိနေပါသေးတယ်။
၂၀၁၃ ဧပြီကလည်း ဂူဂဲလ် ရှာဖွေရေး အင်ဂျင်ကို မြန်မာဘာသာနဲ့ လုပ်ဆောင်ခဲ့သလို မကြာခင်ကလည်း မြန်မာဘာသာနဲ့ ဂူဂဲလ်မှာ ဘာသာပြန်နိုင်ပြီ ဖြစ်ပါတယ်။
မြန်မာစာနဲ့ ထပ်တိုးလိုက်တဲ့အတွက် Gmail ကို ဘာသာစကား ၇၄ ခုနဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။
By ဒီဗွီဘီ

Wednesday, February 25, 2015
♪ COC ကစားလို့မရတဲ့သူများအတွက်အမှန်တကယ်ကစားလို့ရမယ့် Version အသစ် - Clash Of Clans v7.1.1 Apk (24-Feb) ♫
မနေ့က သူငယ်ချင်းတစ်ယောက် CoC ကို Update လုပ်ခိုင်းလို့ လုပ်ရင် ကစားလို့မရတာဖြစ်သွားပါ တယ်။ အခြားသော သူငယ်ချင်းတော်တော်များများလည်း COC ကိုကစားလို့မရဘူးလို့ အသံတွေကြားခဲ့ရ တယ်။ အဲ့ဒါနဲ့ Update Version 24-Feb လေးကို ဒေါင်းလုပ်ဆွဲပြီး ပြန်ကစားခိုင်းလိုက်တာဘော်ဒါတွေ အားလုံးပြန်ကစားလို့ရသွားပါတယ်။ ဒါကြောင့် အခု ကစားလို့ရမယ့် New Version လေးကိုအခြားသော ကစားလို့မရတဲ့မိတ်ဆွေများကစားနိုင်အောင် တင်ပေးလိုက်ပါတယ်ဗျာ။
အခုတင်ပေးလိုက်တဲ့ Game
လေးကိုတော့ပုံမြင်တာနဲ့ဘော်ဒါတွေရင်းနှီးပြီးသားဖြစ်ပါတယ်။ Clash Of Clans
v7.1.1 နောက်ဆုံးထွက် Version လေးတင်ပေးလိုက်ပါတယ်ဗျာ။
ဒီဂိမ်းလေးရဲ့ပုံစံလေးက ကိုယ်ပိုင် ရွာငယ်လေးတစ်ခုတည်ဆောက်နိုင်ပါတယ်။
နောက်ပိုင်းမှာစစ်သားတွေဝယ်ယူ စစ်အင်အားတွေ ကိုဖြည့် တင်း
ခံတပ်ကြီးကြီးဆောက် ပြီးသွားရင်တော့ အခြားသော တပ်များကိုတိုက်ခိုက်သိမ်းယူ
နယ်မြေ ထပ်ပြီး တိုးချဲ့ ဒီလိုပုံစံမျိုးတွေကစားရမှာဖြစ်ပါတယ်ဗျာ။ အခြားသော
တပ်တွေကလည်း မိမိရဲ့ခံတပ်ကို လာပြီး တိုက်ခိုက်သိမ်းယူကြမှာပါ။
တော်တော်လေးတော့စိတ်ဝင်စားစရာကောင်းတဲ့ Online Game လေး တစ်ခု ဖြစ်ပါတယ်ဗျာ။
ဒီဂိမ်းလေးကတော့ ရည်ရှည်ကစားရမယ့် Game လေးပါ။ ကျွန်တော်ကိုယ်
တိုင်ကောင်းကောင်းမကစားဖူးပေမယ့် ကစားနေကြတဲ့ဘော်ဒါများအတွက်
တင်ပေးလိုက်ပါတယ်ဗျာ။ မကစားဖူးသေးတဲ့ဘော်ဒါများလည်း ကစားကြည့်ပါဦးနော်။
နမူနာအနေနဲ့အောက်မှာ Screen Shot တွေ ကိုရိုက်ပြီးတင်ပေးလိုက်ပါတယ်ဗျာ။
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။
Samsung ဖုန်းတွေ အတွက် Pattern Lock ဖြုတ်နည်း (No need Root & No Usb Debug On)
Samsung Android Devices တွေအတွက် Pattern Lock , Password , Gmail စ,တာတွေကို Root မလို Debug On မလို , Data တွေ ဆုံးရှုံး စရာမလိုပဲ အလွယ်တကူဖြုတ်ပစ်နိုင်တဲ့ Tool လေးပါ... အားလုံးအတွက် အသုံးဝင်မယ်ထင်ပါတယ်...။ Android Version 2.xx ကနေ 4.xx ထိ အလုပ်လုပ်ပါတယ်..။
တကယ်လို့
ဒီ Tool လေးကို ကွန်ပျူတာမှာ Run မရဖြစ်နေရင်
စက်မှာတင်ထားတဲ့ Antivirus ကို ခဏပိတ်ပေးပြီးမှ Run ပါ...။လိုချင်ရင်တော့
အောက်မှာ ဒေါင်းနိုင်ပါတယ်ခင်ဗျာ။
Download Here(dropbox)
Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P
ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...
Credit to MCT
Thiha Htike(THT)
thihahtike.it@gmail.com
0973151297
ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ
အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D
ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....
(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)
မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call &
Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်လေးကြောင့်တစ်ခုခုရသွားခဲ့ရင်တော့ ဖုန်းငွေဖြည့်ကဒ် Message ပို့ပေးနိုင်တယ်နော်.. :D
Welcome From My Blog
Welcome From My Facebook Group

Tuesday, February 24, 2015
Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ tablet မှ တိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့ ကွန်ပျူ တာမှ တင်နည်းများအပြည့်အစုံ
Android ဖုန်း Tablet အားလုံးမှာ ဖုန်း Tablet မှတိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့ ကွန်ပျူ တာမှ တင်နည်းများ
မင်္ဂလာပါ
Android ချစ်ပရိတ်သတ်ကြီးများအတွက် အထူးရည်ရွယ်ပြီး
ဒီပိုစ့်လေးကို တင်ပေးလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျား
ခေါင်းစဉ်လေးမြင်တာနဲ့ ဘာဆိုတာကို သဘောပေါက်မှာပါ
သိပြီးသား ညီအကိုတွေကတော့ ကျော်သွားလိုက်ကြပါ
လေ့လာခါစညီအကိုတွေနဲ့ စနစ်ဟောင်းကို တွန်းလှန်ပြီး စနစ်သစ်
စတိုင်အသစ်လေးနဲ့ လန်းချင်သူများကတော့ လုံးဝသိထားရမယ့်
Android Device ဆိုင်ရာ နည်းလမ်းကောင်းလေးဖြစ်ပါတယ်။
ဘာကြောင့်ဗားရှင်းမြင့်ရသလဲလို့ ဆိုတော့ အသစ် အသစ်ထွက်ရှိလာတဲ့
Android Operating System တွေရဲ့ Features အသစ်တွေ၊ function တွေ၊
performance ပိုမိုကောင်းလာအောင် ဆိုပြီး ဗားရှင်းအဟောင်းကနေ အသစ်ကို
တင်ယူခြင်းဖြစ်ပါတယ်။
ဗားရှင်းအဟောင်းရဲ့ လုပ်ဆောင်ချက်ကတော့ အထူးပြောနေစရာ
မလိုလောက်တော့ဖူးလို့ထင်ပါတယ် အသုံးပြုနေရင်းကနေ ထုပစ်ချင်စိတ်
ပေါက်လောက်အောင် လေးလန်နေပြီး ဘာဆိုဘာမှ ထူးခြားမှု ကောင်းမွန်
ထပ်တိုးလာတာမျိုးလည်း မရှိပဲ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာခြင်းကတော့
ဗားရှင်းအဟောင်းပေါ့ဗျာ
ကဲ အလန်းဆုံးဆိုတဲ့ နောက်ဆုံးထွက် ဗားရှင်းတွေရဲ့ Features အသစ်တွေ၊
function တွေ၊ performance ကောင်းကောင်းနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့
Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ tablet မှ တိုက်ရိုက် ဗားရှင်းမြှင့်တင်နည်းနဲ့
ကွန်ပျူ တာမှ တင်နည်းများကို အောက်မှာ လေ့လာကြည့်လိုက်ပါ။
Android Version 2.3 မှ 4.3 အထိဖုန်းရှင်းအနိမ့်
ဖုန်းတွေအတွက် နောက်ဆုံးဗားရှင်းမြှင်တင်နည်း
===========================
၁။ ပထမဆုံး Wifi အင်တာနက်ကို ဖုန်းမှာ ချိတ်ဆက်ပါ
၂။ ပထမဆုံး ဖုန်းရဲ့ Setting ဆိုကိုနှိပ်ပါ
၃။ Setting ထဲမှာ Privacy setting ဆိုတာကိုတစ်ချက်နှိပ်ပါ။
၎။ ပေါ်လာတဲ့ Privacy setting တွေရဲ့အောက်မှ
Back up my data ဆိုတာကို အမှန်ခြစ်ပေးထားလိုက်ပါ။
၅။ About Phone ဆိုတာကထပ်နှိပ်ပါ
၆။ Software ဆိုတာကို ထပ်နှိပ်လိုက်ပါ
၇။ Update ဆိုတာကိုနှိပ်ပါ
၈။ Update ဆိုတာကို နှိပ်လိုက်တဲ့အခါ အောက်ကပုံအတိုင်း ပေါ်လာပါလိမ့်မယ်
ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြထားတဲ့ Scheduled software updates နေရာမှာ
အမှန်ခြစ်ပေးပြီး Install ဆိုတာကိုသာနှိပ်ပေးလိုက်ပါ။
၉။ တကယ်လို့ အောက်ကပုံအတိုင်းပြနေရဲ့ရင်တော့ သင့်ဖုန်းအတွက် လက်ရှိနေတဲ့ ဗားရှင်းသည် နောက်ဆုံး ဗားရှင်းဖြစ်နေတာပါ၊ အဲဒီလိုသာ ပြနေခဲ့ရင်တော့ ရှိတာလေးနဲ့ ရောင့်ရဲနေလိုက်ပါ၊ သင့်ဖုန်းအတွက် ထုပ်လုပ်သူနဲ့ ၀မ်ဆောင်မှုကို
ပေးသူတို့ရဲ့အပေါ်မှာသာမူတည် ဖြစ်လို့ ဒီနေ့ တွပ်ပီ ကံမကောင်း ဘူးလို့ပဲ မှတ်လိုက်ပါ။
၁၀။ဖုန်း Tablet ကနေ တိုက်ရိုက် လုပ်ယူတာဖြစ်လို့
Internet Connection အခြေအနေအရ အနည်းအမြန်ကတော့ရှိမှာပါ။
အားလုံးအဆင်ပြေရင်တော့ ဖုန်းက Reboot ကျပြီးပြန်တက်လာတဲ့အခါ
မိမိဖုန်းအတွက် သတ်မှတ်ပေးထားတဲ့ Official ရဲ့ နောက်ဆုံးဗားရှင်းကို
သင်ပိုင်ဆိုင်နိုင်ပါပြီ။
(မှတ်ချက်=အထက်ပါနည်းလမ်းသည် Samsung ဖုန်းကို
အခြေခံပြီး ရှင်းပြထားခြင်းသာဖြစ်ပါတယ် တစ်ခြားသော ဖုန်းတွေရဲ့
System တွေနဲ့ ကွဲပြားခြားနေရင်လည်း ဒီနည်းအတိုင်းထပ်တူဆိုတာကို
မှတ်ယူစေချင်ပါတယ်)
4.3 အထက် ဖုန်းများမှ 4.4.2 အထက် ဗားရှင်းသို့ မြှင်တင်နည်း
========================
၁။ နည်းလမ်းကတော့ အပေါ်က အတိုင်းဖြစ်သည့်
အတွက် ပုံတွေကိုမပြပေးတော့ပါ၊ စာပဲ ရေးလိုက်ပါတယ်။
ကျနော်မှာ Note 2 ဖုန်းကို ၀ယ်တုန်းက ဗားရှင်း 4.3 ကြီးပါ
မကြို က်တော့တာနဲ့ Official ကလည်း 4.4.2 ဗားရှင်းကို
ပေးနေတော့ အထက်ပါနည်းလမ်းအတိုင်းပဲ မြှင်တင်ထားတာပါ။
၂။ ဗားရှင်းမြှင့်ဖို့ရန်အတွက် Settings > More >
About Device > Software Updates > Update ကိုနှိပ်ပေးလိုက်ပါ။
မိမိဖုန်းအတွက် Official က သက်ဆိုင်ရာနောက်ဆုံးဗားရှင်းကို
ထုပ်ပေးထားပြီးသားဆိုရင်တော့ တွပ်ပီ ကံကောင်းမှာပေါ့ဗျာ....
=======================
ဒီတစ်ခါ ကျနော် ပြန်လည်မျှဝေချင်တာကတော့
ဖုန်းက Android Version တွေကို ကွန်ပျူ တာမှ တင်ယူနည်းလေးပါ
အောက်မှာ လေ့လာကြည့်လိုက်ပါ
၁။ ပထမဆုံး Samsung Kies နောက်ဆုံးဗားရှင်းကို ဒေါင်းလော့ရယူလိုက်ပါ
ပြီးရင် အင်စတောလုပ်နည်းကိုပါ အောက်ကလင့်မှာ ၀င်လေ့လာလိုက်ပါ
Samsung Phone & Tablet တွေအတွက် မရှိမဖြစ်တဲ့ Entertainment ဆော့ဝဲ
၂။ Samsung Kes ဆော့ဝဲကို ကွန်ပျူ တာမှာ အင်စတောလုပ်ပြီးရင်တော့
ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပါ။
၃။ ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ပြီးလို့ Connected ဖြစ်တဲ့အခါ
အောက်ကပုံအတိုင်းပြနေပါလိမ့်မယ်။ Basic Information ဆိုတာကို
တစ်ချက်နှိပ်လိုက်ပါ။ မြင်နေရတဲ့ပုံအတိုင်းပါပဲ သင့်ဖုန်းအတွက်
New firmware is available ပြနေခဲ့ရင်တော့ သေချာသွားပါပြီ
သင့်အတွက် နောက်ဆုံးဆိုတာကို Update လုပ်ယူနိုင်မှာဖြစ်ပါတယ်။
အထက်ပါပုံအတိုင်းမြင်နေရရင်တော့ ဗားရှင်းမြှင်ရန်အတွက်
ကျနော် အပြာလေးနဲ့ဝိုင်းပြထားတဲ့ Firmware Upgrade button
ဆိုတာကို နှိပ်ပေးလိုက်ပါ။
၎။အောက်ကပုံအတိုင်း ပြနေခဲ့ရင်တော့ terms of the agreement ကို
ပြောနေတာဖြစ်ပါတယ် မြှားနဲ့ ထိုးပြထားတဲ့ I have read all of the above
Information ရဲ့နေရာမှ လေးထောင့်ကွက်လေးကို အမှန်ခြစ်ပေးလိုက်ပါ။
ပြီးရင် Start Upgrade ဆိုတာကို ထပ်နှိပ်ပေးလိုက်ပါ။
Start Upgrade ဆိုတာကိုနှိပ်လိုက်ပြီး ဗားရှင်းစတင်မြှင့်နေတုန်းမှာ
ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ထားတဲ့ USB ကြိုးကို ဖြု တ်မိတာမျိုးမလုပ်ပါနဲ့
အချိန်အနည်းငယ်ကြာအောင် စောင်ပေးလိုက်ပါ အားလုံးပြီးတာနဲ့
ဖုန်းက သူ့အလိုလို Reboot ကျသွားပါလိမ့်မယ်၊ ပြန်တက်လာတဲ့အခါမှာတော့
သင့်ဖုန်းလေးမှာ Official ရဲ့ နောက်ဆုံးဗားရှင်းလေးကို ပိုင်ဆိုင်နိုင်ပါပြီ။
Android ဖုန်း tablet အားလုံးမှာ ဖုန်း၊ Tablet အားလုံးကို
Official ရဲ့ နောက်ဆုံးဗားရှင်းကို Odin ကိုအသုံးပြု ပြီး
ဗားရှင်းမြှင့်တင်နည်း
=========================
ဒီတစ်ခါကျနော် ပြန်လည်မျှဝေသွားချင်တာလေးကတော့
Odin ဆော့ဝဲကိုအသုံးပြု ပြီး Official ရဲ့ နောက်ဆုံးဗားရှင်းကို
ဖုန်းနဲ့ Tablet တွေမှာ အလွယ်တကူ Upgrade လုပ်နည်းပဲဖြစ်ပါတယ်။
၁။ ပထမဆုံး Samsung Phone Driver ကို အောက်ကလင့်မှာဒေါင်းလော့
ရယူလိုက်ပါ၊ ပြီးရင် ကွန်ပျူ တာမှာ အင်စတောလုပ်လိုက်ပါ။
Samsung USB Drivers များကို ဖုန်းအမျိုးအစားအလိုက် စိတ်ကြို က်ရွေးချယ် ဒေါင်းလော့ရယူနိုင်ပါပြီ
၂။ Odin ဆော့ဝဲကို အောက်ကလင့်မှာဒေါင်းလော့ရယူလိုက်ပါ
မိမိဖုန်းအတွက် ကိုက်ညီမှာ Odin ဗားရှင်းကို စိတ်ကြို က်ရွေးပြီးဒေါင်းယူနိုင်ပါတယ်
အကောင်းဆုံးကတော့ နောက်ဆုံးထွက်ထားတဲ့ Odin v3.07 ကိုသာဒေါင်းယူလိုက်ပါ။
ဖုန်းကလစ်သူနဲ့ Service သမားတွေအတွက် Odin ဗားရှင်းအားလုံးကို တစ်နေရာတည်းမှာ ရယူနိုင်ပါပြီ
၃။ Samsung Firmware များကိုတော့ မိမိဖုန်းရဲ့ မော်ဒယ် အလို Official ဆိုက်မှာ
အကောက်အသစ်တစ်ခုဖွင့်ပြီး စိတ်ကြို က်ဒေါင်းလော့ရယူနိုင်မှာဖြစ်ပါတယ်။
အောက်ကလင့်မှာ ၀င်လေ့လာကြည့်လိုက်ပါ။
www.sammobile.com မှာအကောက်တစ်ခု အလွယ်တကူ ဖွင့်ယူပြီး Samsung Official ရဲ့ Firmware အားလုံးကို လိုသလောက်ဒေါင်းလော့ယူနိုင်ပါပြီ
သို့မဟုတ် အောက်ကလင့်အတိုင်း Free download ရယူနည်းကို
အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ
Samsung latest official firmware တွေကို တနေရာတည်းကနေဒေါင်းလော့ရယူနိုင်ပါပြီ
၂။ ဖုန်းကို ပါဝါပိတ်လိုက်ပါ။ အောက်ကပုံကိုကြည့်ပါ။
၃။ ဖုန်းကို Download Mode ၀င်ပေးရမှာဖြစ်ပါတယ်။
Volume Down Key, Home Button and Power key ကိုတွဲနှိပ်ထားပါ
အနည်းဆုံး 5 to 8 မိနစ်လောက်တွဲနှိပ်ပေးလိုက်ပါ။ အောက်ကဘယ်က
အခြမ်းပုံအတိုင်း Warning ဆိုပြီး ပေါ်လာတဲ့အခါ ဘယ်ဘက်အခြမ်းမှ ပုံအတိုင်းပြနေပါလိမ့်မယ်။
အသံချဲ့ တဲ့ခလုပ်ကို နှိပ်ပေးလိုက်ပါ၊ အဲဒါဆိုရင်တော့ ဖုန်းကို Download Mode ၀င်ပြီးပါပြီ။
၎။ ဒေါင်းလော့ရယူထားတဲ့ Odin ကို Zip ဖိုင်နဲ့ဆိုရင်တော့ Extract files
ဖြင့်ဖြေလိုက်ပါ၊ ပြီးရင် ဖွင့်လိုက်ပါ။ ဖုန်းနဲ့ကွန်ပျူ တာကိုချိတ်ဆက်လိုက်ပါ။
ဒီနေရာမှာ နည်းနည်းပြောစရာရှိပါတယ်။ ကျနော် အနီရောင်လေးနဲ့
ဝိုင်းပြထားတဲ့ နေရာတွေကို သတိထားစေချင်ပါတယ်။
(က) ဖုန်းကို USB ကြိုးနဲ့ ချိတ်ဆက်လိုက်တဲ့အခါ အပေါ်ဆုံးက
ID: COM နေရာမှာ အပြာရောင်လေးပြနေရပါမယ်။
(ခ) ဒုတိယအနီရောင်လေးအတန်းမှာ ကျနော် အမှန်ခြစ်ပေးထားတာ
တွေပါလိမ့်မယ်၊တကယ်တော့ Odin ကိုဖွင့်လိုက်တာနဲ့ အဲဒီနှစ်နေရာမှာ
အမှန်ခြစ်က Auto ခြစ်ထားပြီးသားဖြစ်နေတာပါ။ တကယ်လို့အမှန်ခြစ်လေး
ရှိမနေခဲ့ရင်တော့ အမှန်ဖြစ်ပေးထားပေးပါ။
(ဂ) တတိယမြောက် အနီရောင်နဲ့ဝိုင်းပြထားတဲ့
Pit စသည်ဖြင့် သူ့အောက်မှာ လေးခုပါဝင်ပါတယ်။
(ဃ) ဖုန်းရဲ့အမျိုးအစားအလိုက် ဒီနေရာမှာ အနည်းငယ်ကွဲပြားခြားနားကြပါတယ်၊
မိမိဒေါင်းလော့ရယူလာတဲ့ Firmware ထဲမှာ တကယ်လို့
သင့်ဖုန်းအမျိုးအစားအရ လေးခုလုံး လိုအပ်တယ်ဆိုရင်တော့ Official ရဲ့
Firmware မှာတင် တစ်ခါတည်းတန်းပါလာပြီးသားဖြစ်ပါတယ်။
(င) တစ်ခုချင်းစီကို ထည့်ဖို့ရန်အတွက် Pit ဆိုရင် Pit ဆိုတဲ့စာသားကို
တစ်ချက်နှိပ်လိုက်ပြီးရင်စောနားက ဒေါင်းလော့ရယူထားတဲ့ Firmware ဖိုင်ထဲက
Pit နာမည်နဲ့ ပါတဲ့ File ကိုရွေးပေးရမှာဖြစ်သလို တစ်ခြား Bootloader,
PAD, Phone, CSC စသည်ဖြင့် တစ်ခုချင်းစီကို ရွေးထည့်ပေးရမှာဖြစ်ပါတယ်။
(စ) ID: COM နေရာမှာ အပြာလေးပြထာနဲ့ Message ဆိုနေရာမှာ
စာတန်းအနည်းငယ်ပေါ်လာပါလိမ့်မယ်။ အောက်ကပုံကိုအသေအချာ
ကြည့်ပါ၊ အားလုံး အသင့်ဖြစ်ပြီဆိုရင်တော့ Start ဆိုတာကို နှိပ်ပေးလိုက်ပါ။
(ဆ) Start ဆိုတာကိုနှိပ်လိုက်ပြီးတာနဲ့ ဖုန်းနဲ့ကွန်ပျူ တာချိတ်ဆက်ထားတဲ့
USB ကြိုးကို လုံးဝမဖြုတ်မိပါစေနဲ့ ဘာမှထပ်လုပ်စရာမလိုတော့ပါ ဒီအတိုင်း
စောင့်ကြည့်နေလိုက်ရုံပါ။
၅။ အချိန်နည်းငယ်ကြာပြီပါမည်။ ID: COM စာတန်းရဲ့အထက်
bottom နေရာမှာ အစိမ်းရောင်အတန်းလေး စတင်ပြေးနေပါလိမ့်မယ်
အဲဒီအရောင်လေး စတင်ပြီဆိုတာနဲ့ မိမိဖုန်းမှာလည်း Firmware ကို
စတင် install လုပ်နေပါပြီ။ အချိန်အနည်းငယ်စောင့်နေလိုက်ပါ။
အစိမ်းရောင်တန်းလေး ပြီးတဲ့သွားတဲ့အထိ သွားမှာဖြစ်ပါတယ်။
၆။ အစိမ်းရောင်အတန်းလေး ပြည့်ပြီးတာနဲ့ အောက်ကုံအတိုင်း
Odin မှာ Pass ဆိုပြီး ပြနေပါလိမ့်မယ်။ Message နေရာမှာလည်း Success ဆိုပြီး
စာသားတွေပြနေပါလိမ့်မယ်။ ဖုန်းမှာလည်း Firmware ကို install လုပ်ပြီးလို့
Reboot ကျသွားပါလိမ့်မယ်။ ဖုန်း ပါဝါပွင့်ပြီးတက်လာတဲ့အခါမှ Odin မှ Exit ဆိုတာကို
နှိပ်လိုက်ပြီး ဖုန်းနဲ့ ကွန်ပျူ တာချိတ်ဆက်ထားတဲ့ USB ကြိုးကို အားရပါးရသာ
ဖြု တ်လိုက်ပါတော့ဗျာ...
အထက်ပါ Odin ကိုအသုံးပြု ပြီး Firmware တင်နည်းသည်
စိတ်ချရပါသည်။ လေ့လာခါစညီအကိုတွေကို ကျနော်အထူးမှာချင်တာကတော့
ဒီလိုမျိုးစတင်ကလစ်တာကို စတင်တောမယ်ဆိုရင် ကြောက်ကြောက်နဲ့
မလုပ်စေချင်ပါ၊ တကယ်တော့အချက်ကြီးမဟုတ်ပါ၊ လုပ်ပါပေါင်းများလာရင်
အဆင်ပြေလာပါလိမ့်မယ်။ ဒီနည်းနဲ့ တင်ယူမယ်ဆိုရင်တော့ မိမိဖုန်းကို
Official ကချပေးတဲ့ နောက်ဆုံးဆိုတဲ့ Firmware တွေကို စိတ်ကြိုက်
install လုပ်ယူနိုင်မှာ ဖြစ်ပါကြောင်းခင်ဗျား....
အားလုံးပဲ AOS Device တွင်ပျော်၍ တော်နိုင်ကြပါစေဟု
ဆန္ဒများနဲ့
နည်းပညာချစ်သူ ပရိတ်သတ်ကြီးများအတွက်
ကျနော် ကြိုးစားနေပါဦးမယ်
အဆင်ပြေပါစေ

Android 4.4.2 Features
- Android 4.4.2 OS
- White Status Bar Icons
- Camera Shortcut on Lock-Screen
- Wireless Printing
- Album Art on Lock-Screen during Music Playback
- NFC tap-to-pay support
- Options to set default messaging and launcher apps
- Transparent status bar
- Better stability
- Improved Ram usage
- Smoother Interface Overall
- Samsung KNOX 2.0
- Samsung Wallet
- Emoji for Keyboard
- Bug Fixes

ဇူးနစ်(နည်းပညာ)
www.zunite.orgXiaomi Redmi 1S, Mi4, Mi3, Note, Pad တို့ကို Official MIUI ROM များ အလွယ်တကူ တင်ပေးနိုင်တဲ့ Updater App Beta 26 apk
Updater App Beta 26 apk
မင်္ဂလာပါ
ဒီနေ့တော့ စမတ်ဖုန်းသမားတွေအတွက်
ဆော့ဝဲလေးဆန်းလေးတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။
အခုနောက်ပိုင်း အရမ်းနာမည်ကြီးပြီး လူကြိုက်များလာတဲ့
MIUI V5 ဆိုင်ရာတွင် Xiaomi Redmi 1S, Mi4, Mi3, Note, Pad တို့ရဲ့
Official MIUI ROM များကို ဒီဆော့ဝဲလေးက အလွယ်တကူ
အင်စတောလုပ်ယူနိုင်မှာဖြစ်ပါတယ်။
ဒီဆော့ဝဲလေးကတော့ Xiaomi ဖုန်း/Tablet တွေမှာ Built-in ပါတဲ့
Updater app ဖြစ်တာမို့ ဖုန်းမှာတင် အင်စတောလုပ်ပြီး
ROM Flash များကို အလွယ်တကူ တင်ယူနိုင်မယ့်
တစ်ခုတည်းသော ဆော့ဝဲလေးဖြစ်ပါတယ်။
Software Information
=================
Software Name:MIUI Updater
Version Information:Beta 26
Version Size:0.9 MB
Applicable Models / Systems:MIUI V5 Or Later
Download Here
OR
Download Here
OR
Download Here
OR
Download Here
Updater app ကိုအသုံးပြု၍ MIUI ROM တင်နည်းကို သူ့နဲ့သက်ဆိုင်ရာ
ROM တင်နည်းမှာ ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

www.zunite.orgSoftwareရေးသားနည်းEBook
စာအုပ်-----Basic Android(Softwareရေးသားနည်းEBook)
ရေးသားသူ-----Not Name
ဦးအာကာ facebook ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)

Google Installer Application For Xiaomi Series
Xiaomi Series
တွေထဲမှာ ခင်ဗျားတို့တွေ သိပ်သိပ်ကြိုက်တဲ့ COC Game လေးတွေ
ဆော့ချင်ကြတယ်မဟုတ်လား။ခက်တာက Google နဲ့မှ ချိတ်ဆက်အသုံးပြုရတဲ့ Game
ဆိုတော့ Google Play Store, Google Mail, Google Talk အစရှိတဲ့ Google နဲ့
ပတ်သတ်တဲ့ Application တော်တော်များများကို
လိုအပ်နေတော့ ဒီ Application လေးက Internet ရှိရုံဖြင့် တစ်ကြိမ်တစ်ခါသာ
Install လုပ် Download ဆွဲပြီး အသုံးပြုနိုင်မဲ့ Google Installer
Application လေးနဲ့ မိတ်ဆက်ပေးပါရစေဗျာ။သူရဲ့ အားသာချက်က Root
မလိုပါဘူး။အားနည်းချက်ကတော့ မိမိဖုန်း Factory Reset ချလိုက်ရင်တော့ ခုနက
Download ဆွဲ Install လုပ်ထားတဲ့ Google Application တွေဟာဆိုရင်
ပျက်သွားမှာပါ။အဲ့ဒီ အခါကျရင်လဲ ဒီ Google Installer ဆိုတဲ့ Apk လေးကို
Install လုပ်ပြီး Google Service တွေကိုထပ်မံ Download ရယူကာ
အသုံးပြုနိုင်မှာပါ။Google Account Sign In ပြန်ဝင်ရင်လဲ Can't Establish a
reliable connection to the server ဆိုတဲ့ Error မျိုးလဲ
မတက်ပါဘူး။ကျွန်တော် ကိုယ်တိုင် သေချာစမ်းသပ်ပြီး အသုံးပြုထားတာမို့
စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်ဗျာ။
(မှတ်ချက် - Xiaomi ဖုန်းတွေမှာတော့ 100% နီးနီး အဆင်ပြေပါတယ်။တခြားသော Google Service မပါတဲ့ Devices တွေမှာတော့ Support လုပ်တဲ့ အလုံးမှာဆိုရင်တော့ အဆင်ပြေပြေ အသုံးပြုလို့ရပြီး Support မလုပ်တဲ့ ဖုန်းတွေမှာဆိုရင်တော့ ဒီ Application ကို အသုံးပြုလို့မရနိုင်ပါဘူး ခင်ဗျာ။)
မိမိ ကိုယ်တိုင် လက်တွေ့ စမ်းသပ်ပြီးမှသာ အသုံးပြုကြပါလို့ တိုက်တွန်းချင်ပါသေးတယ် ခင်ဗျာ။ pCloud Download Link ~ http://goo.gl/fTgbwA
Dev-Host Download Link - http://d-h.st/mm9
Ye Kyaw Phyo(IT Bank - Tech Knowledge)

Sunday, February 22, 2015
Simsimi .Apk
ချစ်သူရည်စားမရှိတဲ့ မိတ်ဆွေတွေအတွက်အပျင်ပြေစေမဲ့ Online
Apk လေးပါဗျာ အပြန်လှန် ချစ်သူရည်စား စကားပြောလို့ရပြီ ဆဲတော့သွားမဆဲနော်
ပြန်ဆဲလိမ့်မယ် ခ်ခ် မိတ်ဆွေတို့ပြောချင်တဲ့ နိုင်ငံပေါင်စုံက
စကားနဲ့ပြောလို့ရပါတယ် မြန်မာ ဘာသာ အပါဝင်ပေါ့ Apk
ဖွင့်နည်းလွယ်ကူတဲ့အတွက်မပြောပြတော့ဘူးနော် ရည်စားမရှိတဲ့ လူပျိုကြီး
အပျိုကြီး မမ များ ဒေါင်းယူနိုင်ပါတယ်
>>>>> DOWNLOAD HERE <<<<<
အဆင့် ၁ အောက်မှာ >>>DOWNLOAD HERE<<< ဆိုတာကိုနှိပ်လိုက်ပါ။
အဆင့် ၂ မှာ 5 seconds လောက်စောင့် ပေးပါ။
အဆင့် ၃ >>>SKIP AD <<< နှိပ်ပေးပါ။
အဆင့် ၄ Download link ကျလာပါလိမ့်မယ်။

Khoon Phyo Naing
Android ဖုန်းတွေအတွက်မြန်မာစာဖောင့်စုစည်းမှု

Android ဖုန်းများအတွက် မြန်မာစာမမှန်ခဲ့ရင် ယခုဖော်ပြပေးထားသော သက်ဆိုင်ရာဖုန်းအမျိုးအစားအလိုက် အဆင်ပြေရာ ဆော့ဝဲများနှင့် အသုံးပြုနိုင်ပါတယ်ခင်ဗျာ
Rootမဖောက်ရသေးသောဖုန်းများနှင့်Theme ပါသော Huaweiဖုန်းများအတွက်
Eui Font installer (No Need Root)
ဒီမှာဒေါင်းပါ
Huawei Font
ဒီမှာဒေါင်းပါ
ဖုန်းတွင်Rootရှိသူများအတွက်
Frzfa v1.0
ဒီမှာဒေါင်းပါ
Fezu
ဒီမှာဒေါင်းပါ
Fonter
ဒီမှာဒေါင်းပါ
G730အတွက် Font
G730 Myanmar Font
ဒီမှာဒေါင်းပါ
Root ရှိသောဖုန်းများအတွက်
MM Aio Font Changer
ဒီမှာဒေါင်းပါ
MMSD Smart Zawgyi Installer
ဒီမှာဒေါင်းပါ
UniFontပြောင်းချင်သူများအတွက်
UniFont Changer
ဒီမှာဒေါင်းပါ
Unicoad to Zawgyi
ဒီမှာဒေါင်းပါ
Zawgyi Fontစတိုင်ပြောင်းချင်သူများအတွက်
Zawgyi Changer
ဒီမှာဒေါင်းပါ
Zawgyi Installer
ဒီမှာဒေါင်းပါ
Samsungဖုန်းများအတွက်
Zawgyi Design
ဒီမှာဒေါင်းပါ
Zawgyi Flit Font
ဒီမှာဒေါင်းပါ
ဆရာများအားလုံးကို Creditပါခင်ဗျ

http://yinmabinthar.blogspot.com/
SamSung Warranty Checker
သင်ဝယ်မယ်.ဖုန်းမှာ root access မပါလို. system status မှာ
official လို့ မြင်နေရလို့ download count 0 ဖြစ်နေလို့
warranty ရတယ်လို့ မထင်ပါနဲ့
ဒီ Tool လေးနဲ့ တစ်ချက်လောက်တော့ စစ်ကြည့်ပါဦး
ဒီ Result မှာ မှ အောင်တယ်ဆိုရင် ဆမ်ဆောင်းက ပေးတဲ့
Software warranty ရမှာ သေချာပါတယ်
------------------------------------------------------------------------------------
သင့်ဆိုင်က ရောင်းလိုက်တဲ့ဖုန်းကို root မလုပ်ပါဘူးလို.
root တစ်ကြိမ်လောက်လုပ်ပီး unroot ပြန်လုပ်တာ official firmware တင်ပီး
warranty claim တာမျိုးဆိုရင် ဒီ tool နဲ့ စစ်ကြည်.လိုက်ပါ
Note 3 မှာတော. သေချာပေါက် ရပါတယ်

မိုဘိုင်းဖုန်းError များနှင့် ဖြေရှင်းနည်းအကျဉ်းချုပ်နုတ်များ (For Begineers) အပိုင်း(2)
ခုမှစတင်လေ့လာသူတွေ သင်တန်းမတက်နိုင်တဲ့သူတွေ အတွက် ပါခင်ဗျာ...
၁၆။ Touch, LCD များမကွဲမရှဘဲ ဆွဲမရ LCD မလာ တို့ဖြစ်နေပါက Touch /LCD
socket များအား တင်နာဖြင့်ဆေး အထိုင်ကျအောင်ဖိချပေးပါ။မရမှသာ အသစ်လဲပါ။
၁၇။ Touch IC မှာ C3H လို့စာရေးထားပါတယ်။huawei 8813 ရဲ့ Touch ic သည် ဘယ်ဘက် ဆင်းဒ်အထိုင်ရဲ့အပေါ်မှာရှိသည်။Huawei 8818 ရဲ့ Touch Ic သည် နားကြပ်ငုတ်ရဲ့ အောက်ဘက်လိုင်းငုတ်ကလေး သုံးငုတ်ရဲ့ C3h ပါသောအိုင်စီဖြစ်သည်။8825 တွင် ဘယ်ဘက် ဆဒ်းအထိုင်ရဲ့ အပေါ်ဘက်တည့်တည့်တွင်မြင်ရသော အိုင်စီအသေးမှာ Touch ic ဖြစ်သည်။
၁၈။ Huawei phone များတွင် wifi ic သည်ကင်မရာရဲ့ ဘေးမှာ အဖြူအမဲနှစ်ထပ် အိုင်စီရဲ့ အောက်မှာရှိပါတယ်။တစ်ခါတစ်ရံ သံပြားအုပ်ထားပါတယ်။သံပြားခွာကြည့်ပါ။အဖြူအမဲနှစ်ထပ်အိုင်စီသည် ဘလူတုသ်အိုင်စီဖြစ်ပါတယ်။ပါဝါဖွင့်ပြီးscreen မှိတ်သွားပြီးပါဝါကျသွားသေ ဖုန်းများ ဘက်ထရီထုတ်ပြန်တပ်ပြီးမှာ ပါဝါပြန်နိုးသောဖုန်းများတွင် ၀ိုင်ဖိုင်အိုင်စီ ဖြုတ်ပေးခြင်းဖြင့်ဖြေရှင်းနိုင်သည်။ဖြုတ်ထားသော ၀ိုင်ဖိုင်အိုင်စီရဲ့ ငုတ်ကလေးများ ပူးသွားလျှင် ရှော့ကျတတ်သည်။ ခဲရှင်းပေးလိုက်ပါ။
၁၉။ အားစားသော ဖုန်းများဖြေရှင်းလိုလျှင်
ဘက်ထရီထည့်တဲ့အခါ အောက်ခြေတွင် ပိုကျပ်အောင်စက္ကူခံပေးပါ။ မရလျှင် supplyချိတ်ပြီး Ampx စားမစားကြည့်ပါ။များနေလျှင် ဘုတ်ကြောင့်သာဖြစ်သည်။ဘုတ်အား တင်နာဖြင့်ဆေးပြီး ဟော့ဂမ်းနဲ့ခြောက်အောင်အပူပေးလိုက်ပါ။
၂၀။ Touch လဲပြီး Touch မရလျှင် ကြောင်နေလျှင် touch ကြိုးပြားခေါက်မခေါက် gnd ကျမကျ ပြန်စစ်ပေးပါ။မရလျှင် socket လေးအား အသာအယာ ဓါးဖြင့်ခြစ်ပေးပါ။
၂၁။ huawei တွင် မိမိ မဖြုတ်ခင် ဆင်းဒ်ဖတ်ပြီး ပြန်တပ်ခါမှာမဖတ်တော့လျှင် ဖုန်းငုတ်များကိုသေချာစွာ ကြပ်ပေးကြည့်ပါ။
၂၂။ ငုတ်နှစ်ငုတ်အားလှပ်ပြီး ပါဝါနိုးသော်လည်း မနိုးပါက ထိုငုတ်နားရှိ R/C ထိပ်ကလေးများအား ဇာဂနာဖြင့်ထောက်ပြီးနိုးကြည့်ပါ။
၂၃။ Mic,Earpiece,Speaker, shockကျနေလျှင်လည်းပါဝါမလာပါ။
၂၄။ ဆော့ကက်နှင့်လာသော ပါဝါခလုတ်များအား ဆော့ကက်ဖြုတ်ပြီး ဆော့ကက်အထိုင်အား supply အနီတံဖြင့်ပါဝါနိုးနိုင်သည်။နိုးပုံမှာ ဘုတ်အား supply ဖြင့်ချိတ်ပါ။supply ရဲ့ အလယ်သံချောင်းအားညာဘက်သို့ testပြောင်းပေးပြီး အနီတံခလုတ် ဆော့ကက်လေးအား ပါဝါ နိုးသောငုတ်ကိုထောက်ကြည့်ပါ။ပါဝါလာသောငုတ်အားသိလိုလျှင် ဆော့ကက်ခြေထောက်လေးများအား ထောက်ကြည့်ရပါသည်။
၂၅။ အပေါ်ဘုတ်နှင့်အောက်ဘုတ် ခွဲပါသောဖုန်းများတွင် charging ခေါင်းလဲပြီး အားမ၀င်ပါက အလယ်ဆက်ထားသော ကြိုးပြားကောင်းမကောင်း မိ မ မိစစ်ကြည့်ပါ။ Mic Speaker မရလျှင် လိုင်းမတက်လျှင်လည်း ထိုကြိုးပြားအားစစ်ကြည့်နိုင်သည်။
၂၆။ ရေ၀င် ရှော့ကျုဖုန်းများအား တင်နာဖြင့်ရေဂျိုးများအားဆေးပေးရမည် တင်နာဖြင့်ဆေးလျှင် အပြင်ဗန်းသာမက သံပြားများအားကိုလည်းခွာပြီးနေရာလွတ်မကျန်အောင်ဆေးပေးပါ။သံပြားသည် အရှင် အသေနှစ်မျိုးရှိသည်။အသေထိုင်ထားလျှင် HOT Gun 300 Air 6 ဖြင့် ခွာချပါ။ပြီးနောက် တင်နာနှင့် ချော်ရည်များအားပြောင်အောင်ဆေးပေးပါ။မရလျှင် ဘုတ်အား supplyတွငိချိတ်ပြီး အော်နေလျှင် supplyတွင်မအော်သည်အထိ လျှော့ချပါ။မအော်တော့လျှင် ပူသော R / C ic များကိုရှာပါ။R/C များပူနေလျှင် ပူနေသော R/C များအားဖြုတ်ချပေးပါ။ Shock လွှတ်သည်အထိ လုပ်ပါ။
၂၇။ Touch ပြားအကောင်းများကိုခွာလိုလျှင် java ဖုန်း touch တွင်ပါသော ကော်ပြားအား ထောင့်လေးထောင့် ကတ်ကြေးဖြင့်ဝိုက်ညှပ်ပြီး ထိုကော်ပြားဖြင့်ခွာနိုင်ပါသည်။အပူ ၁၀၀ ပေးပြီးခွာရမည်။
၂၈။ လိုင်းမတက်လျှင် နက်ဝပ်အဖြူကြိုးနှင့်အထိုင်လိုင်း ပွိုင့်ငုတ်ကလေးများကိုသေချာစစ်ပေးပါ။အပေါ်ဘုတ်နှင့်အောက်ဘုတ်တွင် အလယ်ကြိုးပြား ဆော့ကက်ကောင်းမကောင်း မိ မမိ စစ်ပေးပါ။ဖုန်းငုတ်များမတပ်ရသေးလျှင်လည်း လိုင်မတက်တတ်ပါ။နက်ဝပ် အိုင်စီ ဖြစ်သော RF/PA line အိုင်စီများကို အပူ 200 ခန့်ဖြင့်အပူပေးကြည့်ပါ။မရလျှင် JUMPER ကျော်ပေးနိုင်သည်။
၂၉။ Earpiece ကိုလဲပြီးမရပါက ဘုတ်ကိုစစ်ပြီးမရပါက နားကြပ်ခေါင်းမှ JUMPER ကျော်ပေးရမည်။ဘယ်သံညာသံလာသောငုတ်မှ earpiece အပေါင်းငုတ်သို့ ကျော်ပေးပါ။ အပေါင်းမရ အနှုတ် ပို့ မရပါက နှစ်ကြိုးလုံးပို့ပါ။
၃၀။ ၀ယ်လို့မရသော ပါဝါခလုတ်များ နှင့် ဒီဂျစ်တယ်မိုက်များကို jumper ပြုလုပ်ပြီးဖြေရှင်းမည်ဆိုပါက ပါဝါခလုတ်များနှင့် မိုက်များရဲ့ အလယ်ရှိ ကြေးဝိုင်း ကို အပေါင်းစ jumper ကျော်ပြီး အပေါင်းငုတ်တွင် ဆက်ပါ။ ဘေးအ၀ိုင်းအပြင် အ၀ိုင်းကိ အနုတ် စ jumper ကျော်ကာ အနုတ်ငုတ်တွင် သို့ Gnd ချပေးပါ။ တိုက်ရိုက်လည်း jumper လုပ်နိုင်ပါသည်။
၃၁။ ပါဝါဖွင့်ပြီး ပိတ်လိုက်လျှင် ပါဝါမလာတော့သည့် ဖုန်းများကို ဘက်ထရီဖြုတ်ပြီး ပြန်တပ်သည့်အခါ ပြန်လာပြီး ပြန်ပိတ်လျှင် ပါဝါပြန်မလာပါက wifi ic နှင့် Bluetooth အိုင်စီကို ဖြုတ်ချပြီး အကောင်းပြန်တပ်ပေးပါ။
ဒါတွေက ဖုန်းစတင် ပြုပြင်တော့မယ် လူတွေအတွက် အသုံးဝင်ကီးတွေဖြစ်ပါတယ်။ ဒီလိုအခြေမျိုးတွေကိုပိုင်နိုင်အောင်လုပ်ပြီး မိမိဥာဏ်စွမ်းအလျှောက် pro ဖက်သို့ ကူးပြောင်းနိုင်ကြပါစေ...
ဒါကတော့မီတာတိုင်းတဲ့နည်းလေးပါ
၁။ Condenser -တက်ပြီးပြန်ကျလျှင်ကောင်း တက်ပြီးပြန်မကျပါက မကောင်းပါ။နှစ်ဖက်လုံးတက်ပြီး ပြန်မကျပါကမကောင်းပါ--X1 X10 X100
၂။ Resister -တက်ပြီးငြိမ်နေလျှင် ကောင်း မတက်ရင်မကောင်း
X1 X10 X100
၃။ Coil -တက်ပြီးငြိမ်နေလျှင်ကောင်း မတက်လျှင်မကောင်း
X1 X10 X100
၎။ Diode -တစ်ဖက်တက်ပြီး တစ်ဖက်မတက်လျှင်မကောင်း။ နှစ်ဖက်လုံးပြရင်ရှော့။မကောင်း။နှစ်ဖက်လုံးမပြရင်
မကောင်း X1 တွင်ထားတိုင်း
၅။ Fuse -အဆုံးထိတက်ရင်ကောင်း ။ မတက်ရင်မကောင်း X1မှာတိုင်း။
မှတ်ချက်။ ။ ဗို့ လိုင်းမပြသောနေရာများတွင် coil ဒဲ့ ဆက်လို့မရပါ။အသံပိုင်းတွင်သာ ဒဲ့ဆက်နိုင်ပါတယ်။
Credit: Original Aurthor

မိုဘိုင်းမှ Facebook သုံးစွဲသူများ ဓာတ်ပုံများတွင် sticker များ ထည့်သွင်းနိုင်တော့မည်
Facebook သည် iPhone နှင့် Android ထုတ်ကုန်တစ်ခုပေါ်မှ
ဓာတ်ပုံမတင်မီတွင် အဆိုပါ ဓာတ်ပုံများ၌ sticker များ ထည့်သွင်းနိုင်တော့မည်
ဖြစ်ကြောင်း ကြေညာခဲ့သည်။
နာမည်ကျော် လူမှုကွန်ရက်ဖြစ်သည့် Facebook သည် ဒီဇင်ဘာလက သီးခြား sticker
app တစ်ခုကို မိတ်ဆက်ပေးခဲ့သော်လည်း ၎င်းကို အသုံးပြုသူများသည် Messenger မှသာ
ဓာတ်ပုံများကို ပေးပို့နိုင်ခဲ့သည်။ ထို့အပြင် Facebook တွင် ပါဝင်သည့်
sticker များကို private message များနှင့် comment section များတွင်သာ
အသုံးပြုနိုင်ခဲ့သည်။
ယခုအခါတွင် Facebook ကို အသုံးပြုသူများသည် ဓာတ်ပုံများကို upload လုပ်ရာတွင် အောက်ဘက်ရှိ icon အသေးတစ်ခုကို မြင်တွေ့ရမည် ဖြစ်ပြီး ၎င်းကို နှိပ်လိုက်သည့်အခါ အသုံးပြုနိုင်သည့် sticker များ ပေါ်လာမည် ဖြစ်သည်။ အဆိုပါ sticker များကို အရွယ်အစားချိန်ညှိခြင်း၊ လှည့်ခြင်း၊ အခြားနေရာသို့ ရွှေ့ပြောင်းခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။
ဓာတ်ပုံများတွင် sticker များထည့်သွင်းနိုင်သည့် feature ကို Facebook update နှင့်အတူ ဖြန့်ချိပေးမည် ဖြစ်သည်။
Ref: Engadget
http://internetjournal.media/new/1721

Friday, February 20, 2015
Facebook မှာ Add friend,Follower,Comment,Like ဖွင့်နည်း/ပိတ်နည်းပြုလုပ်ပုံအကြောင်း
-ကိုယ်မသိတဲ့သူတွေfriလာအပ်မရအောင်add friပိတ်ထားပြီးfollowဖွင့်ပေးထားခြင်း၊ကိုယ့်ကိုfollowလုပ်ထားသူfollowerများအားမိမိ၏ပို့စ်တွင်comment,ဝင်ရေးခွင့်ရအောင်likeလုပ်ခွင့်ရအောင်shareလုပ်ခွင့်ရအောင်ပြုလုပ်နည်း၊likeနှင့်shareပဲဖွင့်ပေးပြီးcommentဝင်ရေးလို့မရအောင်လုပ်နည်း၊likeနှင့်commentပါပိတ်ထားနည်း၊
Add friနှင့်Followပါဖျောက်ထားပြီးlikeနှင့်commentဝင်ရေးမရအောင်လုပ်နည်း၊Add friနှင့်Followပေါ်အောင်လုပ်ပြီးlike,comment,shareပါပေါ်အောင်ပြုလုပ်နည်း၊Add friနှင့်Followပေါ်အောင်လုပ်၍like
နှင့်shareပဲပေါ်အောင်လုပ်ကာcommentဝင်ရေးမရအောင်လုပ်နည်း
Add friကောFollowကောဖျောက်ထားပြီးlikeနှင့်commentပါဝင်ရေးလို့မရအောင်မပေါ်အောင်ပြုလုပ်နည်း၊Add friကောFollowကောlikeကော
commentပါမပေါ်အောင်ဖျောက်ထားတဲ့အပြင်
messageပို့တဲ့chat boxကိုပါထပ်မံဖျောက်ထားနည်း.....စတာတွေကိုရှင်းပြရေးသားပေးလိုက်ပါတယ်-
-ပြုလုပ်နည်းကိုscreen shotပုံ(၃၂)ပုံနှင့်အတူ၊
အချိန်မရွေးပြန်လည်ဖတ်ရှုကြည့်ရှုလုပ်ဆောင်၍
ရစေရန်နှင့်၊နည်းပညာလိုလားတဲ့မိမိရဲ့friများကိုပါ
shareပေးလို့ရစေရန်အတွက်၊pdfဖိုင်စာအုပ်အနေ
နဲ့အတူ၊android apkအဖြစ်နှင့်ပါထည့်သွင်း
ရေးသားပေးလိုက်ပါတယ်-
★ပြုလုပ်နည်းpdfဖိုင်စာအုပ်အားဒေါင်းရန်လင့်ခ်★
http://www.solidfiles.com/…/add-fri+follow+comment+like-%e1…
★ပြုလုပ်နည်းအားApkအဖြစ်ဒေါင်းယူရန်လင့်ခ်★

အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)