Pages - Menu

Pages - Menu

Sunday, February 22, 2015

မိုဘိုင်းမှ Facebook သုံးစွဲသူများ ဓာတ်ပုံများတွင် sticker များ ထည့်သွင်းနိုင်တော့မည်

Facebook သည် iPhone နှင့် Android ထုတ်ကုန်တစ်ခုပေါ်မှ ဓာတ်ပုံမတင်မီတွင် အဆိုပါ ဓာတ်ပုံများ၌ sticker များ ထည့်သွင်းနိုင်တော့မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
နာမည်ကျော် လူမှုကွန်ရက်ဖြစ်သည့် Facebook သည် ဒီဇင်ဘာလက သီးခြား sticker app တစ်ခုကို မိတ်ဆက်ပေးခဲ့သော်လည်း ၎င်းကို အသုံးပြုသူများသည် Messenger မှသာ ဓာတ်ပုံများကို ပေးပို့နိုင်ခဲ့သည်။ ထို့အပြင် Facebook တွင် ပါဝင်သည့် sticker များကို private message များနှင့် comment section များတွင်သာ အသုံးပြုနိုင်ခဲ့သည်။
ယခုအခါတွင် Facebook ကို အသုံးပြုသူများသည် ဓာတ်ပုံများကို upload လုပ်ရာတွင် အောက်ဘက်ရှိ icon အသေးတစ်ခုကို မြင်တွေ့ရမည် ဖြစ်ပြီး ၎င်းကို နှိပ်လိုက်သည့်အခါ အသုံးပြုနိုင်သည့် sticker များ ပေါ်လာမည် ဖြစ်သည်။ အဆိုပါ sticker များကို အရွယ်အစားချိန်ညှိခြင်း၊ လှည့်ခြင်း၊ အခြားနေရာသို့ ရွှေ့ပြောင်းခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။
ဓာတ်ပုံများတွင် sticker များထည့်သွင်းနိုင်သည့် feature ကို Facebook update နှင့်အတူ ဖြန့်ချိပေးမည် ဖြစ်သည်။
Ref: Engadget
http://internetjournal.media/new/1721