Pages - Menu

Pages - Menu

Thursday, January 8, 2015

MECTEL က သုံးထောင်ကျပ် တန် ငွေဖြည့်ကတ် စတင် ထုတ်လုပ်

http://www.myawady.net.mm/media/k2/items/cache/68efaaae5564b623732a23dde398fdc3_XL.jpg
MECTEL က သုံးထောင်ကျပ်တန် ငွေဖြည့်ကတ် စတင်ထုတ်လုပ်လိုက်ပြီး ယခုအပတ်ထဲတွင် စတင် ၍ ဈေးကွက်ထဲ ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

"ဈေးကွက်ထဲကို စတင်ဖြန့်နေပါပြီ။ အခြေခံလူတန်းစားတွေအတွက် အဆင်ပြေအောင် ဈေးကွက် ထဲ ရောင်းချပေးတာပါ။ MEC အနေနဲ့ ကိုကိုးကျွန်းတို့၊ မတူပီတို့မှာ BTS စခန်းတွေဖွင့်လှစ်ခဲ့တယ်။ အဝေးကြီးမှာနေတဲ့သူတွေကို အားပေးတဲ့သ ဘော၊ အဆက်အသွယ်မပြတ်အောင် ဆောင်ရွက်ပေးတဲ့ သဘောအနေနဲ့ ဖွင့်လှစ်ခဲ့သလိုပဲ သုံးထောင်တန် ငွေဖြည့်ကတ်တွေကိုလည်း အသုံးပြုနိုင်အောင် ဆောင် ရွက်လိုက်တာဖြစ်ပါတယ်" ဟု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) မှ တာဝန်ရှိသူက ပြောသည်။

MEC အနေဖြင့် ပထမဆုံး တန်ဖိုးနည်းငွေဖြည့်ကတ်အဖြစ် စတင်ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

Internet Journal