Pages - Menu

Pages - Menu

Tuesday, August 12, 2014

APK အတွင်းမှ ADS (ကြော်ငြာ) တွေကို ကိုယ်တိုင် ဖယ်ရှားနည်း




Android အတွက် Apk တွေ ကို ဖောဖောသီိသီိ သုံးနိုင်တာ ads တွေရဲ့ ကျေးဇူးကြောင့်ပါ တစ်ချို့ apk တွေမှာ paid version နဲ့ free version ဆိုပြီး ၂ မျိုး ရှိပါတယ် free version ကတော့ ကြော်ငြာပါတဲ့ version ဖြစ်ပြီး
paid version ကတော့ ကြော်ငြာတွေကို ဖယ်ရှားထားတာဖြစ်ပါတယ် (တစ်ချို့ paid version) တွေမှာတော့ feacture အနည်းငယ် ပိုပါတယ် ) ပြီးတော့
Lucky patcher တို့ Ads block တို့ လို software မျိုးတွေဟာလဲ
ads တွေကို သိပ်မတားဆီးနိုင်ပါဘူး

ဟုတ်ကဲ့ အခု ကြော်ငြာတွေ ကို ဘာကြောင့်ဖယ်ရှားဖို့ ပြောနေရတာလဲဆိုတော့ တချို့ operator တွေကချပေးတဲ့ ဖုန်းကတ် တွေမှာ အင်တာနက်ကို data သုံးစွဲနူန်းတွေနဲ့ ကောက်ခံလာပါတယ် ကြားသိရသလောက် 1Mb ကို 25ks ထိကောက်ခံတဲ့ထိရှိတယ် လို့သိရပါတယ် 1Mb နဲ့ 1MB မတူသေးပါဘူး 8Mb=1MB ပါ ဒါဆို 1MB သုံးလိုက်တာနဲ့ ၂၀၀ ပြောင်သွားရော ဟုတ်ပြီ အခုပြောနေတာ Ads တွေနဲ့ ဘာဆိုင်လဲပေါ့ ဟုတ်ကဲ့ အဲ Ads တွေဟာ အင်တာနက် ရဲ့ data တွေကိုယူသုံးပါတယ် ဒါကြောင့် မလိုအပ်ပဲ ပိုက်ဆံကုန်ရပါမယ် MPT နဲ့ ဆိုရင်လဲ ဒီလောက် ကွန်နက်ရှင်နှေးရတဲ့ ကြားထဲ သူတို့ယူသုံးနေတော့ပိုဆိုးတာပေါ့ ပြီးတော့ဖုန်းကိုလဲ လေးလံစေပါတယ်
Apktool ဆိုတဲ့ software နဲ့ လုပ်ရမှာဖြစ်တဲ့ အတွက် အောက်ကလင့်မှာ အရင်ဒေါင်းလိုက်ပါ
ပြီးတော့ Root လိုပါတယ်
Apktool ဒေါင်းရန်
https://code.google.com/p/apktool/downloads/detail?name=apktool4.4_armel.zip&can=2&q
File Size ကတော့ 40MB ရှိပါတယ် Size ကြီးတယ် ဆိုပေမယ့် သူရဲ့ အသုံးပြုနိုင်မှုကမသေးလှပါဘူး ကိုယ်နိုင်ရင် နိုင်သလို apk တစ်ခုလုံးကို ဗြောင်းဆန်အောင် လုပ်နိုင်ပါတယ်
ဒီ Apktool နဲ့ပဲ Apk တွေ မြန်မာမှုပြုနည်းကို ဒီလင့်မှာသွားကြည့်နိုင်ပါသေးတယ်
https://m.facebook.com/b4rb3#!/story.php?story_fbid=763495803703124&id=760533443999360
စကြစို့နော်
၁ ။ Apktool App ထဲဝင်ပြီး apktool folder ရှိရာ ထိ အဆင့်ဆင့်သွားလိုက်ပါ apktool ဆိုတဲ့ folder ကို ခဏဖိထားပြီး set as apktool data folder ကိုနှိပ်လိုက်ပါ
၂ ။ မိမိ Edit လုပ်မယ့် apk ရှိတဲ့ နေရာသို့ အဆင့်ဆင့်သွားပြီ apk ကို တစ်ချက်နှိပ်လိုက်ပါ ပြိးရင် decomplie all လုပ်လိုက်ပါ
၃ ။ decomplie ပြိးပါက ok နှိပ်လိုက်ပါ folder တစ်ခုပေါ်လာပါမည် တစ်ချက်နှိပ်ပြီး browse နဲ့ ၀င်လိုက်ပါ
၎ ။ AndroidMainfest.xml ကိုရှာပြီး Text Editor တစ်ခုနဲ့ဖွင့်လိုက်ပါ ပြီးရင် com.google.ads.AdActivity စာသားပါတဲ့ အုပ်စုကိုရှာပြီး ကွင်းစမှ < နေ၍ ကွင်းပိတ် /> ထိ ဖျက်လိုက်ပါ ပြိးရင် save လုပ်ပြိး ပြန်ထွက် လိုက်ပါ
မှတ်ချက်။ ။တခြား ads များကိုလဲ ဖြုတ်၍ရပါတယ် ကြော်ငြာ အများစုရဲ tap တွေမှာ ads နဲ့ AdActivity ဆိုပြိးပါတတ်ပါတယ်
၅ ။ ပြိးရင် Back နဲ့ပြန်ထွက်ပြိး အဲဒီ folder ကို တစ်ချက်နိပ်လိုက်ပါ recomplie ဆိုပြိးပါပါမယ် တစ်ချက်နှိပ်လိုက်ပြိး ခဏစောင့်ပါ
၆ ။ src ပါတဲ့ APK တစ်ခုပိုလာပါမယ် တစ်ချက်နှိပ်ပြီ sign ကိုနှိပ်ပေးပါ ခဏ စောင့်ပါ
၇ ။ sign ဆိုပြီး ပါတဲ့ Apk တစ်ခု ထပ်တိုးလာပါမယ် အရင် install လုပ်ပြိးသား apk ကို ပြန် uninstall လုပ်ပြီး ယခု sign ပါတဲ့ apk ကို install လုပ်လိုက်ပါ ဒါဆို Ads တွေရဲ့ ရန်က ကင်းဝေးပါပြီး
လုပ်နည်းကို video နဲ့ ကွန်နက်ရှင်ကောင်းရင် တင်ပေးပါမယ်
B4rb3 (Darli Myat Shuu)