Pages - Menu

Pages - Menu

Wednesday, July 23, 2014

Battery Saver eXtreme Lite



                                       

ကိုယ်အသုံးပြုတဲ့ Android OS သုံး မိုဘိုင်းဖုန်းဖြစ်ဖြစ် ၊ Tablet တွင်ဖြစ်ဖြစ် Battery သက်တမ်းကို ပိုမိုကြာရှည်ခံနိုင်အောင် ထိန်းသိမ်းပေးနိုင်မယ့် Battery Saver eXtreme Lite ဆိုတဲ့ App ဖြစ်ပါတယ်။ ဒီ App ဟာ Battery အားနည်းနေတဲ့အချိန်တွေမှာ Data Connection, WiFi, Bluetooth အစရှိတာတွေကို အသုံးပြု တာတွေကို တစ်ခါတည်း ပိတ်ပေးထားမှာ ဖြစ်ပါတယ်။
Battery Saver eXtreme Lite ဟာ ကိုယ့်ရဲ့ Device မှာအသုံးပြုတဲ့ Battery သက်တမ်းကို ပိုမိုကြာရှည်စွာ အသုံးပြုနိုင်ဖို့အတွက် Screen Brightness တွေကိုအလိုအလျောက် ထိန်းညှိပေးမှာဖြစ်ပါတယ်။ ဒီ App မှာ Pro Version ဆိုရင် Battery ပြည့်သွားပြီဆိုရင် အချက်ပေးတဲ့စနစ်၊ Battery အားနည်းနေတဲ့အချိန် မှာအချက်ပေးတဲ့ စနစ်တွေပါဝင်မှာဖြစ်ပါတယ်။ Battery အားနည်းတဲ့အချိန်မှာ အချက်ပေးနိုင်ဖို့အတွက် Battery လက်ကျန်ရာခိုင်နှုန်း ဘယ်လောက်ကျန်ရှိတဲ့ အချိန်ဆိုတာကို သတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။
Playstore>>> https://play.google.com/store/apps/details?id=com.atejapps.batsaverlite&hl=en
Direct Download >>>http://www.apkcraft.com/download/battery-saver-extreme-lite/

Laminmaung