Pages - Menu

Pages - Menu

Sunday, September 27, 2015

Android ဖုန်းတွေအတွက်ဗားရှင်းအလိုက် Font Changer များ


Clash Of Clan Myanmar Font (Coc မြန်မာစာ ထည့်သွင်းနိုင်သည်)

fepfz(v2.1) (Jelly Bean ဖုန်းများ စာရှေ့နောက်လွဲနေသူများ Patch လုပ်နိုင်သည်)

Zawgyi Fontchanger (2.3.6 မှ 4.1.2 ဖုန်းများအထိအဆင်ပြေသည်)

 ICS_MM_Font _Installer (4.0 မှ 4.04 ဖုန်းများအတွအဆင်ပြေသည်)

MM AIo Font Changer Pro (Beta2) (2.3 မှ 4.4.2 ဖုန်းများအထိအဆင်ပြေသည်)


 MMAIO font Changer (2.3 မှ 4.3 အထိအဆင်ပြေသည်)

HUAWEI G730 FONT INSTALLER V2


 MMSD Smart Zawgyi 1.5 (4.2.2 ဖုန်းများအတွက်အဆင်ပြေသည်)

MPPG Font Tool v1.3 (2.2 မှ 4.4.4 ဖုန်းများအတွက်အဆင်ပြေသည်)

LOLLIZWAPER (5.X ဖုန်းများအတွကက်အဆင်ပြေသည်)


http://itmotesoeway.blogspot.com/



FACEBOOK ကို လုံခြုံစွာနဲ့ ရှင်းလင်းစွာ အသုံးပြုနိုင်မယ့် နည်းလမ်းအချို့

Facebook လို Social Network တစ်ခုမှာ စွမ်းဆောင်ချက်များစွာ ပါရှိသလို လျှို့ဝှက်ထားတဲ့ Options များစွာလည်း ရှိတဲ့ အတွက် အားလုံးကို သိဖို့ဆိုတာ မလွယ်ကူပါဘူး။ အဲဒီ နည်းလမ်းများထဲက Facebook ကို လုံခြုံစွာနဲ့ ရှင်းလင်းစွာ အသုံးပြုနိုင်မယ့် နည်းလမ်းအချို့ကို တင်ပြပေးလိုက်ပါတယ်။
Group Notification နဲ့ Settings များကို ပြုပြင်ပါ။
Facebook မှာ Group များစွာ ရှိပြီး သင်ဟာ အဖွဲ့ဝင် ဒါမှမဟုတ် Admin အနေနဲ့ ပါဝင် ပတ်သက်နေမှာပါ။ သင်က အဖွဲ့ထဲ ကိုယ်တိုင်ဝင်ရောက်တာ မဟုတ်ဘဲ သူငယ်ချင်းများက အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားတာတွေလည်း ရှိနေပါတယ်။ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေရင် မလိုလားအပ်တဲ့ Notification များစွာကို သင်ရရှိနေမှာပါ။  အဲဒီအတွက် သင်ပါဝင်နေတဲ့ အဖွဲ့အားလုံးကို တစ်နေရာတည်းကနေ မြင်တွေ့နိုင်ဖို့နဲ့ နှုတ်ထွက်ချင်တဲ့ အဖွဲ့ထဲကနေ ထွက်ခွာဖို့အတွက် Group Notification နဲ့ Settings များကို ပြုပြင်ရမှာပါ။ ဒီလိုလုပ်ဖို့ Home Page ရဲ့ ဘယ်ဘက်မှ Group ရဲ့ ညာဘက်ဘေးမှ More ခလုတ်ကိုနှိပ်ပါ။ Browse Groups Page ကိုရောက်သွားမှာ ဖြစ်ပြီး Suggested, Friends , Local, Invites နဲ့ သင်အဖွဲ့ဝင်ဖြစ်နေတဲ့ Your Groups ဆိုတဲ့ ကဏ္ဍငါးခုနဲ့ ပြသပေးထားပါတယ်။ Your Groups မှ အဖွဲ့များရဲ့ ညာဘက်ဘေးမှ Add to Favorites ကို နှိပ်ပြီး Favorites ထဲထည့်သွင်းနိုင်ပါတယ်။ Settings Icon ကိုနှိပ်ပြီး Edit Notification Settings ထဲမှာ အဖွဲ့ဝင်တစ်ယောက် Post တင်ရင် အချက်ပြပေးဖို့၊ သူငယ်ချင်းတစ်ယောက် Post တင်ရင် အချက်ပြပေးဖို့နဲ့ အချက်ပြမှုကို ပိတ်ထားဖို့ စတာတွေ ပြုလုပ်နိုင်ပါတယ်။ နှုတ်ထွက်ဖို့အတွက် Leave Group ကိုနှိပ်ပါ။

4
Unfollow or Hide လုပ်ပါ။
စိတ်အနှောင့်အယှက် ဖြစ်စရာ Post များကို တင်နေသူများအတွက် ဖြေရှင်းစရာ နည်းလမ်းက Unfollow or Hide ပြုလုပ်တာပါ။ ပို့စ်ရဲ့ ညာဘက်ဘေးမှ အောက်စိုက်နေတဲ့ မျှားကိုနှိပ်ပါ။ Unfollow or Hide all from ကိုနှိပ်ရင် အဲဒီ သူငယ်ချင်းရဲ့ ပို့စ်အားလုံးကို မြင်တွေ့ရမှာ မဟုတ်တော့ပါဘူး။ I don’t want to see this ကိုနှိပ်ရင်တော့ အဲဒီပို့စ်ကို နောက်တစ်ကြိမ်မြင်တွေ့ရမှာ မဟုတ်တော့ပါဘူး။
5
Stop Notification ကို အသုံးပြုပါ။

တစ်ခါတစ်လေမှာ Facebook အသုံးပြုရတာ ရှုပ်ထွေးပါတယ်။ သင့်သူငယ်ချင်းတစ်ယောက်က သူ့ရဲ့ ပို့စ်တစ်ခုမှာ သင့်ကို Tag လုပ်လိုက်တယ်ဆိုရင် အဲဒီ ပို့စ်ကို အခြားသူတွေက Like or Comment လုပ်တိုင်း သင့်မှာ Notification ရရှိနေမှာပါ။ ဒါတွေဟာ သင့်ကို အလုပ်ပိုစေတယ်ဆိုရင် အဲဒီပို့စ်အောက်မှ Stop Notifications ကိုနှိပ်နိုင်ပါတယ်။
6
Chat အတွက် သူငယ်ချင်းများကို ရွေးချယ်ပါ။
သင့်ကို အခြားသူများ စကားလာပြောတာကို မနှစ်သက်ရင် သင့် Chat Box မှ Online Status ကို သူငယ်ချင်း အနည်းငယ်ကိုသာ မြင်နိုင်အောင် ပြုလုပ်ထားနိုင်ပါတယ်။ ညာဘက်အောက်ထောင့်မှ Settings Icon ကိုနှိပ်ပြီး Advanced Settings ထဲသွားပါ။ Turn on chat only some friends ကိုရွေးချယ်ပြီး သင့်ရဲ့ Online Status ကို မြင်စေချင်တဲ့ သူငယ်ချင်းများကို ရွေးချယ်ပေးပါ။
7
Timeline and Tagging Settings ကို ပြောင်းလဲပါ။
အချို့ Facebook အသုံးပြုသူများက သူတို့ရဲ့ အလုပ်ကိစ္စအတွက် Fan Page မထောင်ထားဘဲ Personal Account ကိုသာ အသုံးပြုကြပြီး အခြား သူများကို Tag လုပ်ခြင်းဖြင့် အနှောင့်အယှက် ဖြစ်စေကြပါတယ်။ သူတို့ Tag လုပ်တဲ့ ပို့စ်တိုင်းဟာ သင့်ရဲ့ Timeline မှာ ပြသပေးမှာပါ။ အဲဒီသူကို Unfriend ပြုလုပ်ခြင်း ဒါမှမဟုတ် Tag ပြုလုပ်တာကို လုပ်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ဒုတိယ တစ်ခုကို ရွေးချယ်မယ်ဆိုရင် Settings ထဲက Timeline and Tagging ကို သွားပါ။ posts friends tag you in before they apper on your timeline? မှာ On လုပ်ပေးရင် သင့် သူငယ်ချင်းများက သင့်ကို Tag လုပ်ထားတဲ့ ပို့စ်များကို သင့်ရဲ့ Timeline မှာ မပြသပေးခင်မှာ သင်က လုပ်နိုင်မှာပါ။ အဲဒီကနေ သင့်ကို Tag လုပ်ထားတဲ့ ပို့စ်များထဲကနေ သင့် Timeline မှာ ဖော်ပြစေချင်တဲ့ ပို့စ်များကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
8

Messenger App အစား မိုဘိုင်း ဘရောက်စာကို အသုံးပြုပါ။

Facebook Mobile App မှာ Chat ကို အသုံးပြုရင် Messenger App ကို အင်စတော လုပ်ခိုင်းတဲ့ ပြောင်းလဲမှုကို Facebook က ပြုလုပ်လိုက်ပါတယ်။ Messenger App ကို အင်စတော မလုပ်ချင်သူများအနေနဲ့ မိုဘိုင်း ဘရောက်စာကနေ m.facebook.com ကိုသွားပြီး Facebook ကို အသုံးပြုနိုင်သလို Chat ကိုလည်း အသုံးပြုနိုင်မှာပါ။
9
Hashtag ကို အသုံးပြုပါ။
Newsfeed မှာ ပို့စ်များစွာနဲ့ ရှုပ်နေရင် ဖတ်ချင်တဲ့ သတင်းတစ်ပုဒ်ကို ရှာဖွေရတာ မလွယ်ကူပါဘူး။ အဲဒီလို အခြေအနေမှာ Hashtag ကို အသုံးပြုပြီး လျှင်မြန်စွာ ရှာဖွေနိုင်ပါတယ်။ Search Box ကနေ #လို့ရိုက်ပြီး နောက်မှာ စကားလုံးကို ရိုက်ပြီး ရှာဖွေပါ။
10



ref;http://www.myanmardigitallife.com/



Root ကိုစူးစမ်းလေ့လာနိုင်မယ့် - Root Explorer v3.3.6 Apk

Download
     
                         

                                    www.patheinit.com
                                        
Payephyokyaw




ဖုန်းတွေမှာ ဒေါင်းခြင်တာဒေါင်းနိုင်မယ့် - ADVANCED DOWNLOAD MANAGER PRO V5.0.1 APK

Download
     
                         

                                    www.patheinit.com
                                        
Payephyokyaw




Samsung Glaxy A8 Fimrware (SM-A800F)

ခုမှ အသစ်ထွက်လာတဲ့ Samsung Glaxy A8
firmware လေးပါ.. ကိုစည်သူရေ ..
ကျနော် samsung official side
ကနေယူလာပေးပါ..
ဒီနိုင်ငံနဲ့ ကိုက်မယ်ထင်လို့တင်ပေးတာပါ.
အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်...
Country ကတော့ Thai ပါ..


Device Name : Samsung Galaxy A8 SM-A800F
Device Model : SM-A800F
Region Country : Thailand
Firmware Version : A800FXXU1AOH4
OS Name : Lollipop
OS Version : 5.1.1
Date Update : 2015-08-26
Region Code : THL
Change List : 5679326
Hits : 1


Download

  
လင့်သေသွားသည်ဖြစ်စေ.
pass ရှိနေလို့ ဖြစ်စေ..အကြံပေးချင်ပါက
My FB Acc >> Min Oke Kar chat box မှ
လာရောက်အကြံပေးနိုင်ပါတယ်ခင်ဗျာ.



Min Oke Kar (ဘီလူးကျွန်းသားလေး)
နည်းပညာ


မိမိ ပုံလေးတွေကို ကားတွန်းပုံ ပြောင်းပေးနိုင်မယ့် - Cartoon Photo PRO v1.0 Apk

Download
     
                         

                                    www.patheinit.com
                                        
Payephyokyaw




Facebook Apps များ

Facebook Apps များ
facebook account များများရှိတဲ့friတွေအတွက်
ဒီApkလေးဆောင်ထားရင်အဆင်ပြေမှာပါ.
rootမလိုသလို ဖုန်းထဲမှာရှိတဲ့facebookကိုလဲဖျက်စရာမလိုပါဘူး
ဒေါင်းပြီinstall လုပ်ပြီ အသုံးပြုနိုင်ပါပြီ...
1.facebook 1apk
2.facebook 2apk
3.facebook 3apk
4.facebook 4apk
5.facebook 5apk
6.facebook 6apk
7.facebook 7apk
8.facebook 8apk
9.facebook 9apk
Ref.BoySticker
အဆင်ပြေကြပါစေ..




Viber Hacker v2.0 Apk

viberဟက်တဲ့apkလေးပါ။
သုံးနည်းလေးကိုကြည့်ရအောင်..........

(၁)အင်တာနက်လိုင်းဖွင့်ထားပေးရပါမယ်။
apk ကိုဒေါင်းပြီးဖုန်းပေါ်ကိုinstallလုပ်၍
viber hacker apk ထဲကိုဖွင့်ဝင်ပါ။

(၂)please wait ပေါ်လာမယ်ခဏစောင့်ပါ။
ပြီးရင် Enter Mobile Number စာသား
အောက်က box အကွက်ထဲမှာမိမိviber hack
မယ့်သူရဲ့ဖုန်းနံပါတ်ကိုဖြည့်ပေးပါ။ရှေ့က 9 ခံ
ပေးရပါမယ်။ပြီးရင်အောက်က continue နေရာ
ကိုနှိပ်ပေးပါ။

(၃)နောက်တစ်မျက်နှာမှာတော့ call log တွေကို
ဟက်မလား၊chat ထားတာတွေကိုဟက်မလား၊
message တွေကိုဟက်မလားဆိုပြီးမေးလာပါ
လိမ့်မယ်။အဲ့ဒိအခါကိုယ်ဟက်ချင်တဲ့ function
လေးကိုရွေးနှိပ်ပေးလိုက်ပြီးအောက်က
Download Data နေရာကိုနှိပ်ပေးလိုက်ပါ။

-အဲ့ဒိအခါမှာကိုယ်ဟက်တဲ့သူရဲ့viber က
data တွေကို downloading လုပ်နေပါမယ်။

-Download limit 100% ပြည့်သွားခဲ့ရင်တော့
အချက်အလက်များကိုရရှိတွေ့မြင်ရမှာဖြစ်ပြီး၊
မအောင်မြင်ခဲ့ရင်တော့
"Downloading failed,please try again
later" ဆိုတဲ့စာတမ်းပေါ်လာမှာဖြစ်ပါတယ်။

ကဲ..viber hacker apkကိုတော့အောက်မှာ
ဝင်ဒေါင်းလိုက်ပေတော့ဗျာ။
Ref.sharingphone

Viber Hacker အားဒေါင်းယူရန်။






မိမိဖုန်းကိုခိုးသွားသူရဲ့ ဖုန်းနံပါတ်ကိုသိနိုင်မယ့် SIM Card Change Notifier Apk


ဖုန်းခိုးသူရဲ့ ဖုန်းနံပါတ်ကိုသိနိုင်မယ့် SIM Card Change Notifier Apk 
မိမိဖုန်းအခိုးခံရပီး ဖုန်းခိုးသွားသူရဲ့ ဖုန်းနံပါတ်ကို သူငယ်ချင်းတစ်ယောက်ရဲ့ဖုန်းထဲကနေ သိနိုင်မယ့် မိုဘိုင်း Android App တစ်ခုလည်းဖြစ်ပါတယ်။
အသုံးပြုနည်း SIM Card Change Notifier ထဲဝင်ပါ။ 
ပုံမှာပြထားသလို မိမိကြိုက်ရာအမည်နဲ သူငယ်ချင်းရဲ့ဖုန်းနံပါတ်ကိုထည့်ပါ ပြီးရင် Save နှိပ်ပြီး Yes နှိပ်ပါ။ ယခု Apk ကိုဖုန်းထဲမှာမတွေ့ ရတော့ပါဘူး။
အဘယ်ကြောင့် သူငယ်ချင်းဖုန်းနံပါတ်ထည့်ရလဲဆိုတော့ ဖုန်းခိုးသူက မိမိဖုန်းကို ခိုးသွားပြီးရင် သူ့ ရဲ့ SIM Card ကိုထည့်မှာအမှန်ပါဘဲ အဲ့ SIM Card ရဲ့ ဖုန်းနံပါတ်ကို အခုမိမိသူငယ်ချင်းရဲ့ ဖုန်းနံပါတ်ထဲကို အော်တို စာအိပ်ပို့ လာမှာဖြစ်ပါတယ်။
SIM Card နှစ်ကဒ်ပါတဲ့ဖုန်းတွေက SIM 1 တွက် အလုပ်လုပ်မှာပါ။
ဖုန်းခိုးသူရဲ့ ဖုန်းကဒ်ထဲမှာ ဖုန်းငွေရှိသေးရင်တော့ မိမိထည့်ခဲ့တဲ့ သူငယ်ချင်းရဲ့ ဖုန်းထဲကို SMS ပို့ လာမှာပါ။
Apk ကိုပြန်ဖျက်ချင်ရင်တော့ ဖုန်း Setting > Apps Manager ထဲမှာ Uninstall လုပ်နိုင်ပါတယ်။
ဒါကတော့ဖုန်းမပျောက်မိ ကြိုတင်ပြင်ဆင်နည်းဖုန်းဖြစ်ပါတယ်။
ဒီတော့ဖုန်းခိုးသူရဲ့ ဖုန်းနံပါတ်ကိုဆက်သွယ်လို့ ရပီပေါ့ ။ အရင်စမ်းသပ်ကြည့်ပါ လွယ်လွယ်လေး။ အသုံးပြုနည်းကို ScreenShot ပုံတွေမှာလည်း စမ်းသပ်ပြထားပါတယ်။ SIM Card Change Notifier ကိုတော့အောက်တွင် ဒေါင်းလုပ်ရယူနိုင်ပါတယ်။ File Size 55kb သာရှိပါတယ်။

SIM Card Change Notifier အားဒေါင်းယူရန်။


အာကာ
Software Guide