Pages - Menu

Pages - Menu

Wednesday, July 29, 2015

Samsung Phone များတွင် Fastory Mode OFF ဖြစ်ပြီး Screen ပေါ်တွင်စာသားများပေါ် နေသော Error ရှင်းနည်း။












Error ကိုရှင်းနိုင်ရန် မိမိ Device တွင် Root Access ရှိရမည်။တနည်းအားဖြင့် Root ဖောက်ထားရမည်။

၁။ အရင်ဆုံးဖုန်းအတွင်းသို့ Root Explorer App ကို Install ပြုလုပ်ပါ။

၂။ Root Explorer ကို ဖွင့်ပါ။

၃။ SuperUser Request တောင်းလာလျှင် Grant ကို နှိပ်ပေးပါ။

၎။ ROOT အောက်ရှိ efs folder ထဲကို ၀င်ပါ။

၅။ efs folder ထဲရှိ FactoryApp folder ထဲကိုဝင်ပါ။

၆။ FactoryApp folder ထဲမှ Factorymode ပေါ်ကို ကြာကြာလေးဖိထားပါ။

၇။ Option box ပေါ်လာရင် Open in Text Editor ကို နှိပ်ပါ။

၈။ ပေါ်လာသော စာရွက်ပုံပေါ်တွင် OFF စာသားကို ON ပြောင်းပေးပါ။

ပြီးရင် Save and Exit ကို နှိပ်ပါ။

၉။ ပြီးလျှင်ဖုန်းကို restart ချလိုက်ပါ။

ဖုန်း Reboot ပြန်တက်လာလျှင် Error ရှင်းသွားပါလိမ့်မည်။

လိုအပ်သော Root Explorer App ကို အောက်ပါ link မှ တဆင့် Download ချနိုင်ပါတယ်။

အားလုံးပဲအဆင်ပြေကြပါစေ.......

Credit to Myanmarprotech







Friday, July 24, 2015

ANDROID OS ဖုန်းမာမိုရီကနေ SD ကဒ်သို့ ONE CLICK နဲ့ ပြောင်းပေးနိုင်တဲ့ ဆော့ဝဲ- LINK2SD 4.0.12 APK FOR ANDROID

Android ဖုန်းထဲမှ  မာမိုရီ OR SD ကဒ်ထဲသို့ ပြောင်းရန်အခက်ခဲ့ဖြစ်နေသူများအတွက်ဆောင်ထားသင့်တဲ့Link2SD Plus v4.0.12  Updatedတာကိုတင်ပေးလိုက်ပါတယ်။ဒီဆော့ဝဲလေးကတော့ဖုန်းမာမိုရီကဒ်ထဲကဆော့ဝဲများ၊ဖိုင်များ၊သီချင်းများ၊ ဗွီဒီယိုများကို Move to SD cardဆိုရင်ခေါင်စားနေရတဲ့ ပြသနာအားလုံးရှင်းသွားမှာပါ။ဘာမှ မထည့်ရသေးဘူးမာမိုရီက ပြည့်နေပြီ ဘာမှ လုပ်မရဘူး စိတ်ညစ်ထာဆိုမာမိုရီထဲကဖိုင်အားလုံးကို SD ကဒ်သို့ ဘယ်လို့ရွှေ့ရထာလဲတတ်လားသိရင်ကူညီပေးပါဦး...ဒီဆော့ဝဲလေးကို ဆောင်ထားတော့။ အသုံးပြုနည်းမသိပါ ဒီနေရာ ဖိုင်းဆိုဒ်ကတော့ Size 4.7 MB ရှိပါတယ်၊ Android OS 2.1 အထက်ဖုန်းအားလုံးမှာအသုံးပြုနိုင်ပါတယ်။ 




Download Here




♪ YOUTUBE မှ VIDEO များကိုကြည့်ရှုနိုင်/ဒေါင်းယူနိုင်တဲ့ - YOUTUBE V10.28.59 (ALL VERSION) APK ♫

Cover art

အခုတင်ပေးလိုက်တာကတော့ YouTube Version အသစ်လေးထွက်လာလို့တင်ပေးလိုက်ပါတယ်ဗျာ။ YouTube ဆိုတာကတော့ သူငယ်ချင်းတွေကို အထူးတလည်မိတ်ဆက်ပေးနေစရာမလိုပါဘူး။ မိမိကြည့်ချင် တဲ့ Video တွေ သီချင်းတွေ အားလုံးကို အခု Application လေးထဲကနေပြီး ရှာဖွေနိုင် / ကြည့်ရှုနိုင် / ဒေါင်းယူပေးနိုင်တဲ့ Application လေးတစ်ခုဖြစ်ပါတယ်ဗျာ။ မြန်မာလိုရော အင်္ဂလိပ်လိုပါရိုက်ပြီးရှာဖွေနိုင် မှာဖြစ်တဲ့အတွက် လွယ်ကူအဆင်ပြေစေပါတယ်ဗျာ။


YouTube - screenshot     YouTube - screenshot

YouTube - screenshot     YouTube - screenshot

**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download




HUAWEI MOBILE ဖုန်းမျိုးစုံ ပြုပြင်နည်း



 Huawei Handset (၇၀) ကျော်ကို Root ဖေါက်ပြခြင်း

Root Guide For Huawei (Huawei Mobile ဖုန်းမျိုးစုံ ပြုပြင်နည်း)

စာရေးသူ.........ရဲမင်းအောင် (RAY-Electronic)

Size...............13.0MB

ဒေါင်းရန်...


လေးစားစွာဖြင့်
IT-Guide...(N..L..H)




LENOVO A880 ကို MIUI V5 ROM တင်ခြင်း + မြန်မာစာ ထည့်သွင်းခြင်း (WITHOUT PC)

ဒီ Lenovo A880  ဆိုတဲ့ Model ကတော့ ဆိုင်မှာ အများဆုံးလာပြတဲ့ Model တမျိုးပါ..

(AP) ပါ ... (Ori မဟုတ်ပါဘူး)


ဖုန်းက Screen အရွယ်အစား ကြီးကြီး နဲ့ ဈေးနှုန်းကလည်း အသင့်အတင့်မို့ ထင်ပါတယ်...  မြန်မာလူမျိုးတော်တော်များများ ဝယ်ကိုင်နေကြတာ တွေ့ရပါတယ်..


မြန်မာလူမျိုးကိုင်တာဆိုတော့ မြန်မာစာလေး ရှိမှ အဆင်ပြေမှာ ဖြစ်လို့
Myanmar Font ထည့်ဖို့ ဆိုင်ကို ရောက်ရောက်လာကြပါတယ်..


Lenovo A880 Android 4.4.2  မူရင်း Firmware (ROM) မှာ မြန်မာစာကို ဘယ်လိုမှ အဆင်မပြေဖြစ်နေတာနဲ့ ...

တခြား ROM ကို တင်ကြည့်မယ်လို့ အတွေးဝင်လာတာနဲ့  www.needrom.com  မှာ A880 အတွက်  MIUI v5 ROM ဒေါင်းယူပြီး စမ်းသပ်လိုက်ပါတယ်..


ကံအားလျှော်စွာပဲ အဆင်ပြေသွားခဲ့ပါတယ်.. :)


အဆင်ပြေသွားစေတဲ့ နည်းလမ်းကတော့.....
(ကွန်ပျူတာ မလိုပါ)



ဖုန်းကို Root ဖေါက်ထားရပါမယ်..


အောက်မှာ လိုအပ်တာတွေ ဒေါင်းယူပါ..





ROM.zip ဖိုင်လ်ကို Memory Card ထဲသို့ ကူးထည့်ထားပါ..

Recovery.img ဖိုင်လ်ကိုလည်း Memory Card ထဲသို့ ကူးထည့်ထားပါ..

Rashr FFlash Tool ကို ဖုန်းမှာ Install လုပ်ပြီး ဖွင့်လိုက်ပါ...

SD Card ထဲမှ Recovery.img  ဖိုင်လ်ကိုရွေးပေးပြီး
Recovery Mode ကို ဝင်လိုက်ပါ..




FACTORY RESET / WIPE CACHE PARTITION နဲ့ Reset ချပေးပါ..


ပြီးရင် Install Zip မှ MiUi v5 ROM ကို ရွေးပေးပြီး Flash ပေးလိုက်ပါ..



ပြီးပြီဆိုရင် အောက်ပါအတိုင်း MiUi v5 ROM လေးနဲ့ ဖုန်းပြန်တတ်လာပါလိမ့်မယ်...







မြန်မာစာအတွက်ကတော့ ကိုရဲလင်းအောင် (MPX Team) မှရေးသားဖန်တီးပေးထားတဲ့ G730 MM Font Installerနဲ့ ထည့်ပေးလိုက်ပါ...



အဆင်ပြေပါစေလို့


ဆန္ဒပြုရင်း



ဝင်းကမ္ဘာကျော်
www.winkabarkyaw.net


HONOR 3C HOL-U10 များအတွက် မြန်မာစာမှန်စေမဲ့ BAT TOOL



 
Honor 3C Hol-U10 တို့မှာ မြန်မာစာ အဆင်မပြေသူများအတွက် မြန်မာစာ မှန်စေမဲ့ Font Tool လေးကို Ko Saing Maung မှ New Year လက်ဆောင်အဖြစ်ရေးပေးလိုက်ပါတယ်...
 လိုအပ်သူတွေ ဒေါင်းယူနိုင်ပါပြီ။ ဒီ Tool လေးကိုအသုံးပြုဖို့ ဖုန်းမှာ Root ရှိဖို့ လိုပါမယ် ဖုန်းကို Pc နဲ့ချိတ်ဆက်ပြီး ကီးဘုတ်မှ 1 ကိုနိပ်၍ Enter ခေါက်ပေးပါ ဖုန်း reboot ကျပြီး ပြန်တက်လာရင်တော့ မြန်မာစာ အဆင်ပြေပါပြီ။ 






  Credit = Saing Maung




SIM CARD ရဲ့ PIN OR PUK LOCK အကြောင်းနဲ့ LOCK ကျရင်ဖြေရှင်းနည်း

SIM card ရဲ့ PIN or PUK lock အကြောင်းလေးနဲ့ lock ဖြစ်သွားရင် ဖြေရှင်းနည်းကိုလည်း အနော်သိသလောက်လေး ပြောချင်ပါတယ်ဗျ....
ပို့စ်ထပ်သွားရင်လည်း ခွင့်လွှတ်ပါခင်ဗျာ....ဆာ့...ဆာကြီးတွေကတော့သိမှာပါ....

အနော်လို beginner တွေအတွက် ဗဟုသုတအနေနဲ့ ဒီပို့စ်လေးရေးလိုက်ပါတယ်ခင်ဗျာ......

PIN lock နဲ့ PUK lock ဆိုပြီး Sim lock (2)နှစ်မျိုးရှိပါတယ်...
အနော်တို့နိုင်ငံမှာ ၁၅သိန်းတန် ၅သိန်းတန်  ၂သိန်းတန် အားလုံးမှာ မူလ PIN code က 12345 ပုံမှန်နံပါတ်ပါ....သိသူများလည်းသိမှာပါ....

မသိသူများကလည်း PIN lock - 12345 ကိုမှတ်ထားလိုက်ပါ...

တစ်ချို့ တစ်ချို့တွေဟာ Sim Card ကို ကဒ်ချိုးပီတာနဲ့ အမှုမဲ့ အမှတ်မဲ့ ထားတတ်ကြပါ... တစ်ချို့ကလည်း လွှင့်ပစ်တတ်ပါတယ်.....သိမ်းထားရမှန်းမသိကြပါဘူး...တကယ်တော့ Sim Card ချိုးထားပီတဲ့ ကဒ်အခွံဟာသိမ်းထားရပါမယ်ဗျ..ဒါဟာတကယ်ကိုအရေးကြီးပါတယ်ဗျ.....ဒီကဒ်အခွံမှာ PUK code တစ်ခါထဲပါပီသားပါ.....

Sim lock လည်းကျရော ဘာလုပ်ရမှန်းမသိပဲ ဆိုင်ကိုပြေးရပါတော့တယ်....
ဆိုင်သမားတွေကလည်း sim lock ကျတာဖြစ်တဲ့အတွက် ကဒ်ချိုးထားတဲ့ကဒ်ရှိမှ unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်...
အဲ့မှာမသိမ်းထားတဲ့သူများကတော့ ဘာမှန်းမသိတာနဲ့တင် MPT ရုံးဆီကိုပြေးရပါတော့တယ်.....

အခုထွက်တဲ့ ၁၅၀၀ တန် MEC TEl မှာတော့   PUK ရော PIN ရော ခဲခြစ်အဖြစ်ထည့်ပေးထားပါတယ်...
သဘောကတော့ Sim lock ကျရင်အဆင်ပြေနိုင်အောင်လို့ပါ....

SIM lock ကျသွားရင် မလုပ်တတ် လုပ်တတ်နဲ့ လျှောက်ပြီးလည်းရိုက်မထည့်ပါနဲ့... ဆိုင်ပြေးတာထက်စာရင် ဆက်သွယ်ရေးရုံးကိုတိုက်ရိုက်သွားတာပိုကောင်းပါတယ်ခင်ဗျာ...

အနော်လိုကလိတာ ၀ါသနာပါတဲ့ beginner တွေအတွက်ကတော့ အောက်မှာရေးထားတဲ့အတိုင်း စမ်းကြည့်ကြပေါ့ဗျ....မိမိဆန္ဒရှိမှ စမ်းသပ်ပါ....အနော်မတိုက်တွန်းပါဗျ...

အကြောင်းအမျိုးမျိုးကြောင့် ကိုယ့် Sim Card က lock ကျပီဆိုရင် ဖုန်းလိုင်းပျောက်သွားပါမယ်..unlock ပြန်လုပ်ဖို့ ဖုန်းက PUK Code တောင်းပါလိမ့်မယ်...PUK Code က ခုနကအနော်သိမ်းထားပါလို့ပြောတဲ့ ကဒ်ချိုးပီတဲ့ကဒ်ထဲမှာ ပါပီသားပါ...

- unlock ပြန်လုပ်ပုံကတော့ အဲ့ဒီဆင်းကဒ်ချိုးလိုက်တဲ့ ကဒ်မှာပါတဲ့ PUK code ၈ လုံးကို ရိုက်ထည့်ပေးပီ ok နှိပ်ပါ....
- PIN number အသစ်ပြန်လုပ်ခိုင်းပါလိမ့်မယ်... 12345 လို့သာ ရိုက်ပြီး ok နှိပ်ပါ.....
- နောက်တစ်ခေါက် PIN number ကို confirm လုပ်ခိုင်းပါလိမ့်မယ်....12345 လို့ထပ်ရိုက်ပေးပြီး ok နှိပ်လိုက်ပါ...
ဒါဆိုရင် Sim Lock, ပြုတ်ပြီး ဖုန်းလိုင်းပြန်တက်လာပါလိမ့်မယ်ဗျ.....

ဒီအောက်ကနည်းလေးကတော့ မိမိတို့ရဲ့ ဆင်းကဒ်ကို lock ချထားချင်သူများအတွက် ပြုလုပ်နည်းလေးပါတင်ပေးလိုက်ပါတယ်ဗျ...အနော်ကတော့မတိုက်တွန်းပါဘူး....

sim card lock ချချင်တယ်ဆိုရင်လဲ အခုနောက်ပိုင်းထွက်တဲ့ antivirus ဆော့ဝဲလ်တွေမှာ sim card lock function ပါတာတွေ အသုံးပြုထားရင်လဲ မိမိတို့ရဲ့ ကဒ်ကို lock ချထားနိုင်ပါတယ်ဗျ....မိမိတို့ဆန္ဒရှိလို့ အသုံးပြုချင်တယ်ဆိုသူများ အဆင်ပြေစေရန်နှင့် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်...

ဘာလို့  SIM lock ချထားရပါသလဲ ဆိုရင် SIM card ကို အခြားသူတစ်ဦးဦးက အသုံးမပြုနိုင်အောင်ချရခြင်းဖြစ်ပါတယ်...
SIM lock ချထားပါက မိမိဆင်းဒ်ကဒ်ကို ဘယ်ဖုန်းမှာထည့်ထည့် ကုဒ်တောင်းနေမှာပါ ကုဒ်မသိရင် သုံးလို့မရတော့ပါဘူး ဘယ်ဖုန်းကိုပဲ ထည့်ထည့်ပါ  ဆင်းဒ်ကဒ်မှာ effect ဖြစ်နေတာပါ ....အဲဒါကြောင့်ချရတာပါ...

မလိုအပ်ရင်တော့ SIM lock ကို ဖွင့်မထားပါနဲ့...
PIN code ကို မလိုအပ်လျှင် မပြင်ပါနဲ့  မကလိပါနဲ့...

ပြင်ချင် lock ချချင်သူများကတော့ မူလ PIN code က 12345 သာဖြစ်ပါတယ် အဲတာကို ၀င်ချင်ရင်  အဲကောင်ရိုက်ပေးမှပွင့်ပါတယ် ...
အဲဒီကုဒ်မရိုက်ဘဲ ကျန်တာတွေ လျှောက်ရိုက်မိရင်တော့ သုံးခါထက်ပိုရိုက်မိရင် လော့ချလိုက်မှာဖြစ်ပါတယ်..

ဒါဆိုအဓိကပြောချင်တာက -

SIM lock ပြောင်းခြင်ရင်   ပထမဆုံး  12345 ကိုရိုက်ပါ ကျန်တာရိုက်လို့မရပါ ပြီးမှ ကိုယ် ကြို့က်တဲ့ကုဒ်ကိုပြောင်းပါ မေ့လို့မရပါ...ဒါအရေးကြီးပါတယ်ဗျ...
**********************************

Ref;mm-mpxteam
Credit to ZawMyoOo
 
 Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)

Welcome From My Blog

Welcome From My Facebook Group

Welcome From My Facebook Page

Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P

ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...




Thursday, July 23, 2015

PHONE CALL, MOBILE DATA ကို LOCK ဖို့ APK နှစ်ခု


မင်္ဂလာပါဗျ ...
ဖုန်းတစ်လုံးမှာ အရေးကြီးတဲ့ Function နှစ်ခုကို Lock လုပ်နိုင်မယ့် apk လေးနှစ်ခု ရှယ်ပါမယ် ...
Call Confirm PRO နဲ့  Internet Lock ဆိုတဲ့ apk လေးနှစ်ခုပါ ...
ဖုန်းကို Security > Gesture (or) Pattern (or) Pin (or) Password နဲ့ Screen Lock ချပီး
မသုံးတဲ့သူတွေ အတွက်ရော
သုံးတဲ့သူတွေအတွက်ရော
လိုအပ်လို့သုံးချင်ရင်အောက်မှာယူနိုင်ပါတယ်ဗျ ...
====================
Call Confirm PRO
Android 2.1+
File size : (261 KB)
====================
မိမိတို့ရဲ့ဖုန်းကို အလုပ်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ်ထားရင် အခြားတစ်ယောက်ယောက်က ဖုန်းယူဆက်မှာ
စိုးရိမ်နေတဲ့သူများအတွက် call ကို lock လုပ်နိုင်တဲ့ apk လေးပါ ... market တွေမှာ app lock တွေအများ ကြီးရှိပါတယ် ... ဒီကောင်လေးက Call တစ်ခုထဲအတွက်သီးသန့်ပါ ... Pro ဗားရှင်းလေးမို့ စိတ်ကြိုက် အသုံးပြုနိုင်မှာပါ ...

ဆော့ဝဲလ်ကို အင်စတောလုပ် ပီရင် password ထည့်ပီ save လုပ်ပေးလိုက်ရင်
မိမိရဲ့ contact ထဲကပဲဖြစ်ဖြစ် unknown no ပဲဖြစ်ဖြစ် မည်သည့်ဖုန်းနံပါတ်ကိုမဆို call လုပ်ရန် password တောင်းနေပါပီဗျ ...





password မှားတဲ့ အကြိမ်အရေအတွက်လည်းမရှိပါဘူး ...
မိမိပေးထားတဲ့ password ထည့်ပေးမှ ဖုန်းခေါ်နိုင်မှာဖြစ်ပါတယ် ...


==================
Internet Lock
Android 1.6+
File size : (99 KB)
==================
ဒီကောင်လေးက မိမိဖုန်းမှာ ကိုယ်ကလွဲပီး အခြားသူတစ်ဦးဦးက Mobile Data ကို On လို့မရအောင် Lock ချပေးမဲ့ Internet Lock လေးပါ ... ဆော့ဝဲလ်ကို အင်စတောလုပ် ပီရင် ပုံထဲကအတိုင်း password နှစ်ခါဖြည့်ပေးပီး မိမိပိတ်ချင်တဲ့ (Wifi or Data)ဟာကိုရွေးပေးကာ Ok လုပ်လိုက်ရင်ရပါပီခင်ဗျာ ...
Mobile Data ကို On လိုက်တာနဲ့ Password တောင်းတဲ့ Box လေးတက်လာပါလိမ့်မယ်ဗျ ...
မိမိဖြည့်ထားတဲ့ Password ထည့်ပေးမှ အင်တာနက်တက်လာမှာဖြစ်ပါတယ် ...



 
 
 
 
Ref:mm-mpxteam
 
Credit to ZawMyoOo
 
 
 
internet lock0.JP


Thiha Htike(THT)

thihahtike.it@gmail.com

ဆွေသဟာ Mobiel Sales & Service(မြောက်ဒဂုံ-35 မှတ်တိုင်အနီး)
++++++++++++++++++++++++++++++++++++++++++++

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊Facebook တွင် ပေးပို့ခြင်းခြင်းဖြစ်စေ Mobile နည်းပညာများကိုပေးပို့မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ချက်ခြင်းတော့ပြန်ပို့ပေးနိုင်မှာဟုတ်သလို ချက်ခြင်းလည်းပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး 24hour online မသုံးလို့ပါ)


Welcome From My Blog

Welcome From My Facebook Group






ANDROID ဖုန်းမှ အသုံးဝင် APPLICATION တွေကို BACKUP & RESTORE လုပ်နည်း


ဒီ Application လေးကတော့  မိမိတို့အတွက် အသုံးဝင် Application တွေကို
မပျောက်ပျက်အောင် Backup လုပ်ယူပြီး သိမ်းဆည်းထားနိုင်ပါတယ်...

Android ဖုန်း ကိုင်ဆောင်သူတိုင်း ဆောင်ထားသင့်ပါတယ်..

အသုံးပြုနည်းကတော့ အရမ်းရိုးရှင်းပါတယ်...


အောက်မှာ ပေးထားတဲ့ Download Link မှတဆင့်  Application ကို ဒေါင်းယူပါ...
App Backup & Restore App ကို  Install လုပ်ပါ..
App Backup & Restore  App ကို ဖွင့်လိုက်ပါ...
 
မိမိအသုံးပြုလိုတဲ့ App တွေကို Select မှတ်ပြီး Backup လုပ်ပါ..
100% Done ဆိုရင် Backup လုပ်တာ ပြီးဆုံးသွားပါပြီ...

ပို သေချာသွားအောင် My File ကို ဖွင့်ပြီး App_Backup_Restore ဆိုတဲ့ Folder ကို Copy or Move လုပ်ပြီး SD Card ထဲမှာ သိမ်းဆည်းထားလိုက်ပါ...
System Update လုပ်လိုက်လို့ပဲဖြစ်ဖြစ် ၊ Firmware ပြန်တင်လိုက်ရလို့ပဲ ဖြစ်ဖြစ် ၊ ဖုန်းလေးနေလို့ Factory Reset ချလိုက်လို့ပဲ ဖြစ်ဖြစ်
အကြောင်းတစုံတရာကြောင့် ဖုန်းက မူလအတိုင်း ဖြစ်သွားခဲ့ရင် Application တွေကို အချိန်ကုန်ခံပြီး ပြန်လည်ဒေါင်းယူစရာမလိုတော့ပဲ My File > SD Card မှ App_Backup_Restore Folder ကို ဖွင့်ပြီး အလွယ်တကူ Install ပေးလိုက်တာနဲ့ အချိန်ကုန် သက်သာပြီး အဆင်ပြေသွားစေမှာ ဖြစ်ပါတယ်..။






ဝင်းကမ္ဘာကျော်
www.winkabarkyaw.net 


Apple Touch ID



Apple Touch ID ဆိုသည်မှာ iPhone 5S တွင် စတင်ပါဝင်လာပြီး passcode တစ်ခုကို လက်ဗွေတစ်ခုအနေဖြင့် 
သိမှတ်နိုင်သော ဇီဝနည်းပညာ ဖြစ်သည်။

၎င်းသည် လက်ဗွေဖတ်နိုင်သော အာရုံခံကိရိယာတစ်ခု ဖြစ်ပြီး ဖုန်း၏ home ခလုတ် ဘေးပတ်ပတ်လည်တွင် 
စတီးလ်ကွင်းတစ်ခုအနေဖြင့် ထည့်သွင်းထားသည်။ သုံးစွဲသူများသည် Touch ID အထောက်အပံ့ပါဝင်သော 
ထုတ်ကုန်တစ်ခုတွင် လက်ဗွေ ငါးခုအထိ သိုလှောင်သိမ်းဆည်းထားနိုင်သည်။ အတည်ပြုခံထားရသော သုံးစွဲသူများသည် 
ထုတ်ကုန်ကို unlock လုပ်နိုင်သလို Apple ၏ iTunes Sotre, App Store, iBooks Store တို့ မှ ဝယ်ယူမှုများကိုလည်း 
home ခလုတ်ကို ဖိထားရုံဖြင့် ပြုလုပ်နိုင်သည်။ လက်ဗွေအချက်အလက်များကို ထုတ်ကုန်၏ ပရိုဆက်ဆာတွင် encrypt 
လုပ်ကာ သိမ်းဆည်းထားသော အခြားသော app များက ၎င်းလက်ဗွေအချက်အလက်များကို ရယူနိုင်မည် မဟုတ်ပေ။

Apple Touch ID ကို ဖြန့်ချိချိန်တွင် အခြားမျက်နှာပြင်များပေါ်တွင် ကျန်ရစ်ခဲ့သော လက်ဗွေများကို အသုံးပြုကာ 
ထုတ်ကုန်တစ်ခုကို အလွယ်တကူ အသုံးပြုနိုင်ခဲ့သောကြောင့် ၎င်း၏ လုံခြုံမှုအပေါ် ဝေဖန်ခဲ့ကြသည်။ ၎င်းနည်းပညာကို 
အားပေးထောက်ခံသူများကမူ လက်ဗွေများသည် အလွယ်တူခန့်မှန်းနိုင်သော password များထက်
 ပိုမိုလုံခြုံမှုရှိသောကြောင့် Apple Touch ID အနေဖြင့် အသုံးဝင်သော နည်းပညာတစ်ခု အနေဖြင့် ဆက်ရှိနေလိမ့်မည်ဟု 
ဆိုခဲ့ကြသည်။

Touch ID ကို ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် iPhone 5S နှင့်အတူ ပွဲထုတ်မိတ်ဆက်ပေးခဲ့သည်။ ၎င်းနည်းပညာကို 
၂၀၁၂ ခုနှစ် ဇူလိုင်လတွင် Apple မှ ဝယ်ယူခဲ့သော ဇီဝလုံခြုံရေးကုမ္ပဏီ AuthenTec က စတင်ဖန်တီးခဲ့ခြင်း ဖြစ်သည်။


Internet Journal



P8029 ရဲ့ input power ပိုင်းလေးပါ



P8029 ရဲ့ input power ပိုင်းလေးပါ

usb လမ်းကြောင်းကဝင်လာတဲ့ vcharge လမ်းကြောင်းလေးတွေ

vph pwr လမ်းကြောင်းလေးတွေ

bsi ပိုင်းလာတဲ့ v temp အပိုင်းလေးတွေပါ

ps နဲ့ဖွင့်ရင်ပါဝါလာပြီး battery နဲ့ ဖွင့်မရတဲ့ပြစ်ချက်မျိုး


မှာbsi လမ်းကြောင်းပေါ်က thermistor RV904

ကိုအသစ်လဲပေးရင်ပြန်ကောင်းသွားပါတယ်။




ဖိုး စပ် စု



Y511-U30 first logo မှာတက်လိုက်ကျလိုက်ဖြစ်နေရင်



Y511-U30 first logo မှာတက်လိုက်ကျလိုက်ဖြစ်နေတာကိုဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ် 

ပထမဦးဆုံးဖန်လုံးတင်

ဖန်လုံးတင်တာကိုမှတက်လိုက်ကျလိုက်ဖြစ်နေရင် 

ရှေ့နောက် Camera ဖြုတ်ပြီးစမ်းကြည့်ပါ တခါတလေအဆင်ပြေပါတယ်

ဒီကနေ့ကြုံရတဲ့511ကတော့ Camera error မဟုတ်ပါ Touch error ဖြစ်နေပါတယ် Touch တပ်ထားလျှင် 

logoတင်လည်နေပြီး Touch ဖြုတ်ထားလိုက်ရင် အဆင်ပြေပါတယ် ဒီတော့Touchအသစ်လဲရတာပေါ့ 

ဘုတ်မကောင်းဘူးထင်ပြီးပင်ပန်းခံhardwareလိုက်နေတဲ့သူငယ်ချင်းဖုန်းပါ စမ်းကြည့်ပေးမယ်ဆိုပြီးယူလာတာ 

ဒီerrorကိုတွေ့တာပါ touch error နဲ့ camera error ကြောင့်logo တင်လည်နေတက်တယ်ဆိုတာ 

ဗဟုသုတအဖြစ်သိရှိထားရအောင်လို့ပါ ဘဝတူfriendတွေအားလုံးအဆင်ပြေကြပါစေ




Wednesday, July 22, 2015

Facebook Login Mail ပြောင်းနည်းစာအုပ်

         ကိုဒီမွန်းရေးသားထားတဲ့
    မိမိ Facebook Account မှာ အသုံးပြုနေတဲ့
    Login Mail ကို ပြောင်းလဲနည်းစာအုပ်လေးပါ
                     DOWNLOAD



Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့ အရေးကြီးတဲ့ Data များကို ပြန်လည်ရယူနည်း



မင်္ဂလာပါ...

ကျန်းမာရေးသိပ်မကောင်းတာနဲ့ ပိုစ့်ကောင်းကောင်း
မရေးနိုင်သေးပါ၊ တောင်းဆိုထားကြတဲ့ ညီအကိုများကိုလည်း
ဒီနေရာမှ မတ္တောရပ်ခံပါတယ် ခင်ဗျား
တောင်းဆိုမှုတိုင်းကို တစ်ဖြေးဖြေးရှင်းတင်ပေးသွားမှာပါ
တောင်းဆိုလာကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်


အခုကျနော်ပြန်လည်မျှဝေချင်တာလေးကတော့
Factory Reset ချပြီးတဲ့ ဖုန်းတစ်လုံးမှ ဓာတ်ပုံများနဲ့
အရေးကြီးတဲ့ Data များကို ပြန်လည်ရယူနည်းလေးဖြစ်ပါတယ်။


ခေါင်းစဉ်လေးမြင်တာနဲ့ သင့်အတွက် အရေးကြီးမယ်
သိသင့်တယ်ဆိုတာကို သဘောပေါက်မှာပါ။
ဖုန်းတစ်လုံးကို Factory Reset ချ ပြီးတဲ့ ဖုန်းတစ်လုံးဟာ
စက်ရုံကထုတ်ထားတဲ့အတိုင်း အသစ်လိုဖြစ်နေပါပြီ
အရင် အသုံးပြု ခဲ့တဲ့ Data အားလုံးဟာ အကုန်ပျက်စီးသွားပါတယ်


အဲလိုပျ က်စီးသွားတဲ့ ဖုန်းတစ်လုံးက အရေးကြီးတဲ့ Data များကို
အကုန်ပြန်လည်ရယူနိုင်မယ့် နည်းလမ်းကို ကျနော် ရှင်းပြသွားမှာပါ

၁။ ပထမဦးဆုံး Recovery Software ကိုအောက်ကလင့်မှာ ရယူလိုက်ပါ။
 ပြီးရင် ကွန်ပျူ တာမှာအင်စတောပြု လုပ်လိုက်ပါ။
 
၂။ ဆော့ဝဲကို ဖွင့်လိုက်ပါ၊ ဖုန်းနဲ့ ကွန်ပျူ တာကိုချိ တ်ဆက်လိုက်ပါ
အောက်ကပုံလေးကို ကြည့်လိုက်ပါ ကွန်ပျူ တာက ဖုန်းကို Device ကို
သိပြီးလို့ အသင့်ဖြစ်နေပလေ့စေ။
 

 
 
၃။ အောက်ပုံအတိုင်းပေါ်လာခဲ့ရင်တော့ အနီရောင်လေးနဲ့
ဝိုင်းပြထားတဲ့ “Recover Lost Files ဆိုတာကိုနှိပ်လိုက်ပါ
“Recover Deleted Files” ကိုနှိပ်ရင်လည်း ရပါတယ်။


 
 
၎။ အောက်ကမြင်နေရတဲ့ ပုံလေကတော့ မိမိဖုန်းမှာ
Recovery လုပ်နိုင်တဲ့ Android storage နဲ့ External Storage ဆိုပြီး
နှစ်ခုပါ၊ အခုက  Factory Reset ချပြီး ပျက်စီး နေတာမို့
Android storage ဖုန်းမာမိုမရီထဲမှ ပြန်လည်ရယူရာမိုဖြစ်လို့
Android storage ကိုတစ်ချက်ထောက်ပြီး Next နှိပ်ပေးလိုက်ပါ။
ပြီးရင် သူ့အလိုလို  scanning process မိမိဖုန်းမှ ပျောက်ဆုံး
သွားသော Data ဖိုင်များအားလုံးကို ရှာနေပါလိမ့်မယ်။ 
 

 
 
၅။ Data ဖိုင်များအားလုံးကို ပြန်လည်ရှာဖွေပြီးလို့ အောက်ကပုံလို
မြင်နေရရင်တော့ Recovery ကိစ္စပြီးဆုံးသွားပါပြီ မိမိဖုန်းမှာ
Factory Reset ချပြီးလို့ ပျောက်ဆုံးသွားတဲ့ အရင်အရေးကြီးတဲ့
Data အားလုံးကို မြင်နေရပါပြီ။ ပြန်လည်ရှဖွေအောင်မြင်ပြီးတဲ့
Data ဖိုင်များကိုတော့ views နှစ်မျိုးနဲ့ ကြည့်လို့ပါတယ်။
File Type View” and “Data View” ဆိုပြီး မြင်နေရပါလိမ့်မယ်
ကြိုက်တဲ့ Views နဲ့ စမ်းကြည့်ရှုနိုင်ပါတယ်။
 


 
၆။ မိမိဖုန်းမှာ ပျောက်ဆုံးပျက်စီးသွားတဲ့ Data ဖိုင်များနဲ့
ဓာတ်ပုံများ၏ အရေအတွက်ဘယ်လောက်ဆိုပြီး အတိအကျ
ဖေါ်ပြထားတဲ့အပြင်၊ အဲဒီဖိုင်များကို ကွန်ပျူ တာရဲ့
မိမိသိမ်းဆည်းထားလိုသောနေရာမှာ တစ်ချက်ထောက်ပြီး
 Save လုပ်ယူနိုင်ပါတယ်။

 
 
အားလုံး အဆင်ပြေကြလိမ့်မယ်လို့မျှောလင့်ပါတယ်
ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org