Pages - Menu

Pages - Menu

Monday, January 26, 2015

MTK IMEI Backup

7295C.zip
ALCATEL-ONE-TOUCH-6032.zip
Attila Z3.zip 2
Coolpad 7232-S40.zip
Coolpad-7232.zip
G610 T11.zip
G610 U00.zip
G610 U20.zip
G610-U00.zip
G700 T00.zip
G700-U00.zip
G730-C00_IMEI_Fixer
G730-U00.zip
H30-U10.zip
HMNOTE 1W IMEI.zip
Honour 3C_IMEI_Fixer.rar
Kenxinda K3.zip
Mastel M560 U.zip
T8620.zip
T8951.zip
Y325-T00.zip
Y511-T00.zip
Y511-U00.zip
Y520-U22.zip
Y600-U00.zip
Y618-T00.zip


https://my.pcloud.com/publink/show?code=kZSYRkZhWrgHHp3MFftE579rfu49VeI1NB7#folder=18003697


ref : http://www.newclassmobile.com/

Internet Setting အမျိုးမျိုး နှင့် စမတ်ဖုန်းများ

Smart Phone ခေတ် တစ်ခေတ် ဖြစ်နေတဲ့ကာလမှာ မိမိ ကိုယ်ပိုင်စမတ်ဖုန်းတွေကို မြန်မာ စာ ကိုယ်တိုင်ထည့်သွင်းအသုံးပြု နိုင်ဖို့ စမတ်ဖုန်းတွေထဲကို မြန်မာ ဖောင့် ထည့်သွင်းခြင်းအကြောင်း ကို ပြီးခဲ့တဲ့ ဈေးကွက်ဂျာနယ်ထဲမှာ ရေးသားခဲ့ပါတယ်။
ခုတစ်ပတ်မှာလည်း စမတ်ဖုန်းများအတွက် အင်တာနက် Setting ချိန်ခြင်းကို ကိုယ်တိုင်ပြုလုပ်နိုင်အောင် ရေးသားလိုပါတယ်။ Internet Setting ချိန်နည်းကလည်း ဖုန်းထဲကို မြန်မာဖောင့်ထည့်သွင်းသလိုပဲ လွယ်ကူ ရိုးရှင်းစွာ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ လုပ်ငန်းစဉ် တစ်ခုသာ ဖြစ်ပါတယ်။
Internet Setting ချိန် ရတာ ဖုန်းတစ်ခုနဲ့တစ်ခုတော့ မတူ နိုင်ပါဘူး။ ဆင်းမ်ကတ်အမျိုး အစားအလိုက်လည်း မတူညီ ကွဲ ပြားနိုင် ပါတယ်။ တချို့စမတ်ဖုန်းတွေအတွက် ဆင်းမ်ကတ် ထည့်သွင်းလိုက်တာနဲ့ အင်တာနက် ဆက်တင်ကို အော်တိုမက်တစ် အလို အလျောက် ချိန်ပေးတတ်ပါတယ်။ တချို့ဖုန်းတွေကတော့ အင်တာနက်ဆက်တင်ကို သပ်သပ်သွားချိန်ပေးရပါတယ်။ တစ်ခါတလေ မှာ ဖုန်းအလုပ်လုပ်တဲ့စနစ် Error ဖြစ်ရင်လည်း အင်တာနက် ဆက်တင်တွေ ပြောင်းသွားတတ်လို့ ကိုယ်တိုင်ပြန်ချိန် ရပါတယ်။ အင်တာနက်ဆက်တင်ကို ဆိုင်ကို သွားပြင်စရာမလိုဘဲ ကိုယ်တိုင် အိမ်မှာ၊ လမ်းမှာ အလွယ်တကူ ပြင်ဆင်အသုံးပြုနိုင်အောင် ဒီ ဆက်တင်လေးတွေကို မှတ်ထား လိုက်ရုံပါပဲ။
အများဆုံးသုံးတာကတော့ GSM Network ဖြစ်တာကြောင့် GSM အတွက် အရင်ဆုံးရေးပါမယ်။ GSM က WCDMA နက် ဝေါ့ခ်နဲ့ လည်း တူညီတာကြောင့်  GSM နဲ့  WCDMA ဆက်တင်က ချိန်ရတာ အတူတူပါပဲ။
GSM Internet Setting အတွက် အရင်ဆုံး ဖုန်းရဲ့ Setting ထဲကို ဝင်ရပါမယ်။ မြန်မာစနစ်သုံး ဖုန်းတွေမှာတော့ Setting ကို 'ပြင်ဆင်မယ်' ဆိုပြီး အမည်ပေးထားတတ်ပါတယ်။ အဲဒီ Setting ထဲကို ဝင်ရောက်ပြီးပြီဆိုရင် Wireless and Network  ဆိုတဲ့ ခေါင်းစဉ်အောက်ကို ဆက်ဝင်ပါ။ Wireless and Network အောက်မှာက ဆက်သွယ်မှုကွန်ရက်ဆိုင်ရာ လုပ်ဆောင် ချက်တွေကို ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။ Wifi, Bluetooth အပါအဝင် ဆက်သွယ်မှုကွန်ရက် အားလုံးကို ပြသထားပါလိမ့်မယ်။ အဲဒီဆက်တင်အပိုင်းထဲမှာ ဖုန်းနဲ့ ပတ်သက်သမျှ ကွန်ရက်တွေကို တွေ့ရမှာပါ။ ဖုန်းထဲမှာ Bluetooth ပါရင်လည်း Bluetooth  ဆက်တင်ကို တွေ့နိုင်သလို Bluetooth  မပါဝင်တဲ့ ဖုန်းတွေမှာလည်း Bluetooth  ဆက်တင် မတွေ့ရပါ ဘူး။
အဲဒီ Wireless & Network ပိုင်းထဲမှာ More Settings ဆီကို ဆက်သွားပါမယ်။ More Setting ထဲမှာတော့ Airplane Mode, VPN, Tethering & Portable Hotspot , Mobile Networks နဲ့ USB Internet စတဲ့ အပိုင်းခွဲတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ခု GSM အတွက် အင်တာနက်ဆက်တင်ကို စတင်ချိန်ပါမယ်။ Mobile Network ထဲကို ဝင်လိုက်ပါမယ်။ အဲဒီထဲမှာမှ Edata Connection, 3G service, Preferred Networks, Access Point Names (APN) နဲ့ Network Operators စတဲ့ အပိုင်း ကဏ္ဍတွေကို မြင်တွေ့ရမှာ ဖြစ်ပါ တယ်။ အဆိုပါ ကဏ္ဍတွေထဲက Access Point Names ကို ထပ်မံ ဝင်ရောက်ပြီး APN မရှိသေး ပါက APN အသစ်ခေါ်လိုက်ပါ။ APN အသစ်ရလာပြီဆိုရင် Name မှာ MPT Net  ၊ APN မှာလည်း MPT net ဆိုပြီး ရိုက်ထည့်ပေး ကာ  Authentication Type  မှာက PAP or CHAP ကို ပြောင်းပေးလိုက်ပြီး APN Type ကိုတော့ Default ပဲ ထားပေးလိုက်ပါ။ အဲဒီလေးခု ပြောင်းပြီးရင်တော့ MPT အတွက် အင်တာနက် Setting ချိန်ခြင်း ပြီးဆုံးပါပြီ။ အဲဒီ APN အသစ်ကို Save ပြုလုပ်ဖို့လည်း အရေးကြီးပါတယ်။ Save ပြုလုပ်လိုက်မှ APN က ပေါ်လာမှာဖြစ်ပြီး အဲဒီပေါ်လာတဲ့ APN က MPTnet ဆိုတဲ့ အမည်နဲ့ဖြစ်ပြီး ဘေး မှာပါတဲ့ အစက်ဝိုင်းလေးမှာ အဖြူဝိုင်းလေး ပေါ်နေအောင် တို့ပေးလိုက်မယ်ဆိုရင် အဲဒီ APN ကို အလို အလျောက် ရွေးချယ်ပြီး သား ဖြစ်ကာ အင်တာနက်က အဲဒီဆက်တင်နဲ့ သုံးနိုင်မှာဖြစ်ပါတယ်။ အဲဒီလို ချိန်ပြီးရင်တော့ Data Connection ကို ဖွင့်ပြီး အင်တာနက် စတင်သုံးနိုင်ပါပြီ။
နောက်ထပ် GSM ကွန်ရက်တွေဖြစ်တဲ့ Telenor နဲ့ Ooredoo တို့အတွက် အင်တာနက် ဆက်တင်ချိန်နည်းတွေကိုလည်း ဆက်လက် တင်ပြပါမယ်။ Telenor  ဆင်းမ်ကတ်ကို စမတ်ဖုန်းထဲ ထည့် သွင်းပြီးနောက်မှာ ပထမဆုံး ဖုန်းခေါ်ဆိုမှုတစ်ခုကို စတင်ပြု လုပ်လိုက် ပြီးတာနဲ့ 500 ကို လိပ်မူ ပြီး Internet On လို့ မက်ဆေ့ခ်ျ ပို့ပေးရပါမယ်။ အဲဒီမက်ဆေ့ခ်ျ ထွက်သွားပြီဆိုရင် ခဏကြာတဲ့ အခါ Telenor က ပြန်လည်ပေးပို့တဲ့ မက်ဆေ့ခ်ျတစ်စောင် ရရှိပါမယ်။ အဲဒီမက်ဆေ့ခ်ျကတော့ Your Internet is now on  ဆိုတဲ့ စာဖြစ်ပြီး အဲဒီအခါမှာ ဖုန်းကို Restart ပြုလုပ်လိုက်ရမှာ ဖြစ်ပါတယ်။ Restart ပြုလုပ်ပြီးရင်တော့ အင်တာနက်ချိတ်ဆက်ပြီး ဖြစ်ပါ လိမ့်မယ်။ တချို့ဖုန်းတွေကတော့ Restart ပြုလုပ်ပြီးတဲ့အခါမှာ  Setting ထဲကနေ APN ကို အသစ် သွားလုပ်ပေးရပါသေးတယ်။ APN အသစ်အတွက် Name မှာ Telenor  ဆိုပြီး ရိုက်ထည့်ကာ APN မှာ Internet လို့ထည့်ပြီး Aauthentication Type မှာ PAP or CHAP လို့ ပြောင်းပြီး APN ကို ဆေ့ဗ်လိုက်ပါ။ အဲဒီ Save လိုက်တဲ့ APN ကို ခုနကလိုပဲ ရွေးချယ်လိုက်ပြီးရင် တော့ အင်တာနက် ကို Telenor   ဆင်းမ်ကတ်နဲ့ သုံးနိုင်ပြီ ဖြစ်ပါ တယ်။
Ooredoo အင်တာနက် အတွက်ကလည်း ဆက်တင်ချိန်ရတာ မခဲယဉ်းလှပါဘူး။ တချို့ဖုန်း တွေအတွက်က Ooredoo ဆင်းမ် ကတ် ထည့်လိုက်တာနဲ့ အင်တာနက်ကွန်ရက်ကို ရရှိပြီးဖြစ်သလို တချို့ဖုန်းတွေမှာလည်း သပ်သပ်သွားချိန်မှရပါတယ်။ အထက်မှာ တယ်လီနောအတွက် ချိန်ရသလိုပဲ Ooredoo အတွက်ကလည်း APN  အသစ်မှာ Name အတွက် Ooredoo ၊ APN အတွက် Internet လို့ ရိုက်ထည့်ပြီး Authentication Type ကလည်း ယခင် ဆင်းမ်ကတ် တွေလိုပဲ PAP or CHAP  ကို ပြောင်းလဲပေးကာ APN ဆက်တင် ကို Save ပြုလုပ်လိုက်ပြီး အမှတ် ကလေးမှာ ရွေးချယ်လိုက်တာနဲ့ Ooredoo Internet  ကို သုံးနိုင်ပြီ ဖြစ်ပါတယ်။
Ooredoo အတွက် အင်တာနက်ဆက်တင် တောင်းတဲ့ နောက်ထပ်နည်းလမ်းတစ်ခု ရှိပါ သေးတယ်။ ခုနက တယ်လီနောလိုပဲ မက်ဆေ့ခ်ျက တစ်ဆင့်တောင်းတဲ့ပုံစံ ဖြစ်ပါတယ်။ ဒါပေမယ့် ဖုန်းခေါ်ဆိုပြီး တောင်းတာ ဖြစ်ပါတယ်။ *133# ကို ဖုန်း ခေါ် ဆိုလိုက် ရင် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇ ဆိုတဲ့ နံပါတ်စဉ်တွေနဲ့ လိုအပ်တဲ့ ဝန်ဆောင်မှုကို မေးမြန်းသိရှိနိုင် မယ့် Box တစ်ခု ကျလာမှာ ဖြစ်ပါ တယ်။ အဲဒီထဲမှာ Internet Setting ကတော့ နံပါတ်စဉ် ၆ ဖြစ်တတ်ပါတယ်။ ကိုယ်က Dial Number  ၆ ကို နှိပ်လိုက်ရင် နံပါတ်စဉ်တွေ ထပ်ပေါ်လာမှာ ဖြစ်ပါတယ်။ နံပါတ်စဉ် ၁ က Send me Internet Setting ဆိုတာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် နံပါတ် ၁ ကို နှိပ် လိုက်တာနဲ့ Ooredoo အတွက် Internet Setting ကို မိမိ စမတ်ဖုန်းထဲကို ပို့ပေးမှာ ဖြစ်ပါတယ်။ Ooredoo က ပေးပို့တဲ့ မက်ဆေ့ခ်ျ ရပြီးရင်တော့ အင်တာ နက်သုံးလို့ ရပါပြီ။
 လာမယ့်အပတ်မှာ CDMA ဖုန်းတွေအတွက် ဆက် တင်ချိန်ခြင်းနဲ့ တခြားဆက်စပ် ကွန်ရက်တွေကို Setting ချိန်ခြင်း၊ အသုံးပြုခြင်း အကြောင်းကို ဆက် လက်ရေးသားသွားပါမယ်။
ကလျာအိအိလွင်  

http://www.zaygwet.com/


Ooredoo Simcard များကို USB Modem ဖြင့်သုံးရာတွင် Internet Setting ချိန်နည်း

၁။ မိမိ အသုံးပြုလိုသော Modem ကို USB Port မှသွင်းပါ။ 
    (Modem သည် UMTS 900/2100 လက်ခံသော Modem ဖြစ်ရန်)
၂။ Modem Driver ကို  Install လုပ်ပါ။
    (My Computer ကိုဖွင့်ပြီး အသစ်ဝင်လာသော Modem ကို Double Click နှိပ် Install)
၃။ အားလုံးပြီးသောအခါ Modem Setting ကို ရှာ
    Edit (or) New မှ Profile အသစ်ပြုလုပ်ပြီး
    အောက်တွင် ပေးထားသော Setting များကိုဖြည့်ပေးပါ။
Name = Ooredoo Internet
Number (Dial No.) = *133*7#
Username = (မထည့် )
Password = ( မထည့် )
APN = internet
 
ref : http://thawnpi.blogspot.com/
 
 

Ooredoo Simcard အတွက် Internet Setting ချိန်နည်း

Name - Ooredoo Internet
APN   - internet
Proxy - not set
Port    - not set
Username - not set
Password - not set
Server - not set
MMSC - not set
MMS Proxy - not set
MMS Port - not set
MCC - 414
MNC - 05
Authentication type - CHAP or PAP
APN type - Default
APN protocol - IPv4
APN roaming protocol - IPv4
APN enable/dissable - APN enabled
Bearer - Unspecified
Promtp password - not set

ပြီးလျှင် Menu Key ကိုနှိပ်၍ Save လိုက်ပြီး 
(Accesspoint Name Setting ထဲပြန်ရောက်သွားပါလိမ့်မည်) 
"Ooredoo Internet" ကို အမှန်ခြစ် (Tick) ရွေးပေးပါ 

ပြီးလျှင် Phone ကို Restart ချပြီး အင်တာနက် ဖွင့်ကြည့်လိုက်ပါ။
 
 

Saturday, January 24, 2015

Y600-U00 SIM Invalid IMEI Baseband Unknown Tool



ကျွန်တော်ကအခု Y600-U00 တွေအတွတ် SimInvalid ဖြစ်ပြီး IMEI ပျောက်တာ၊ BasebandUnknow ဖြစ်တာတွေကိုရှင်းဖို့ Tool တစ်ခုထုတ်ပေးလိုက်ပါတယ်။ ကျွန်တော် Build number B032 မှာအောင်မြင်စွာဆန်းသပ်ထားပါတယ်။ မိမိပြုလုပ်မည့်ဖုန်းဟာ Root access ရှိရမှာဖြစ်ပြီ SD ကဒ်ထည့်ထားရ ပါမယ်။ Down လို့ ရလာတဲ့ Floder ထဲမှ Y600-U00.exe ကို Run ပြီးအသုံးပြုပါ။

>>> Download <<<

https://userscloud.com/fn09mmplwpln

Credit : Mg Thu


File Managerမရှိသောဖုန်းများအတွက် OR အလန်းအသုံးပြုချင်းသူများအတွက် File Manage v1.4.4 Apk

ဒီနေ့ တော့ဦးလေးကြီးတင်ပေးမယ့် apkလေးကတော့ တောင်းဆိုထားတဲ့ 
မိတ်ဆေါများအတွက်ပါ  File Managerမပါတဲ့ ဖုန်းများအတွက်ရယ် File Managerပါပြီး
ဖုန်းကနိမ့်သောကြောင့် စိတ်ညစ်နေကြတဲ့ မိတ်ဆွေများ ဦးလေးင်္ကြီးရဲ့ မိတ်ဆွေများ
အလန်းအသုံးပြုနိုင်မယ့်အခွင့်အရေးလေးပါ ဘာလိုလဲဆိုတော့ Samsung Galaxy Note II and Samsung Galaxy S4 ပုံစံလေးပြုလုပ်ထားတာကြောင့် ဖလန်းဖလန်းထလိုရပါတယ် လျှင်မြန်ချက်ကတော့
ပြောမပြတတ်အောင် မြန်ဆန်လွန်းပါတယ် ပြီးတော့ Zip fileများ မဖြည်တတ်လျှင်
ဖြည်လိုရအောင် ပြုလုပ်ပေးထားပါတယ် ဖြည်နည်းကတော့လွယ်ပါတယ် ဇစ်ဖိုင်းပေါ်သို့ 
ဖိနှိပ်ပြီး extractနှိပ်လိုက်တာနဲ့ ဖိုင်းအဖြစ်ပြောင်းလဲသွားပါလိမ့်မယ် ပြီးတော့ ကိုယ်သွင်းထားတဲ့
apkများကို ပြန်လှန်စုစည်းမှုအနေဖြင့် ပြန်လှန်ကြည့်လိုရခြင်း  installedကိုနှိပ်ပြီးကြည့်ရမှာနော်
ပြီးတော့ Musicနားထောင်းမှာလား apkထဲမှာ မိမိထည့်သွင်းထားသမျှကို နားထောင်းလိုရပါတယ်
ပြီးတော့ ပုံကြည့်မှလားစုံနေတာပဲဗျာ မိတ်ဆွေတို့ ဒေါင်းယူပြီးမှ ကိုယ်တိုင်းစမ်းသပ်ကြည့်လိုက်ပါတော့
ဦးအာကာ  facebook ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)
 free Downloads link  File Manage  v1.4.4 Apk
 
 
 

Service သမားတွေ ဆိုင်သမားတွေအတွက် တစ်ခုတည်းနဲ့ ကိစ္စပြီးနိုင်တဲ့-UNI Android Tools

 Service သမားတွေ ဆိုင်သမားတွေအတွက် 
တစ်ခုတည်းနဲ့ ကိစ္စပြီးနိုင်တဲ့-UNI Android Tools
မင်္ဂလာပါ
ဒီတစ်ခါ service သမားတွေ ဆိုင်သမားတွေ အတွက်
အသုံးဝင်မဲ့ tools တစ်ခုလေတွေ့ လာလို့   ၇ှယ်ပေးလိုက်ပါတယ်
 လွယ်လွယ်ကူကူနဲ့ FlashBoot Mode , Recovery Mode, Download Mode,
 Reset Gmail,Bypass Pattern Lock,Wipe Data,Root,Unroot,Apk Install,
စသည့်တို့ အပြင် တစ်ခြာလုပ်ဆောင်ချက်တောတောများကို 
အလွယ်တစ်ကူ လုပ်ဆောင်နိုင်ပါတယ်...

လိုအပ်သူများအောက်ကလင့်မှာဒေါင်းယူလိုက်ပါ

Download Here 

OR

 Download Here

OR

Download Here

Post by SmartGhost

(ထိုင်းရောက် IT လူငယ်များ)

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

ဘောလုံးဝါသနာရှင်းများအတွက် Ronaldinho Super Dash Cracked APK

Desktop 12-28-2014 1-40-32 AM-847 
ဒီနေ့ တော့ဦးလေးကြီးတင်ပေးမှာကတော့ ဘောကိုကိုများအတွက်
ဘောလုံးကန်ရင်ပြေးလွှာဆော့ကစားရမယ့်ဂိမ်းလေးပါ ပြေးရင်နဲ့  ဘောလုံးကန်မယ် ပိုက်ဆံတွေကို
လိုက်စားမယ် ပြီးတော့ ပိုက်ဆံထက်ရတာနဲ့ ထက်ဝယ်မယ် ပြောပြရရင်တော့ ဘောလုံးဂိမ်းအကြီး
အစားဂိမ်းကြီးမဟုတ်ဘူးနော် ကြိုပြောပြပေးထားတာလိုအပ်ရင်တော့ အောက်မှာဒေါင်းယူသွားလိုက်ပါ
ဦးအာကာ  facebook ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)
 free Downloads link Ronaldinho Super Dash Cracked APK
 
 

အသက်ထက် အရှက်ကအရေးကြီးတယ်ဆိုရင် သင်ဒါလေးကိုတော့ ဆောင်ထားသင့်တယ်-Message Locker – SMS Lock v1.3.5

Message Locker – SMS Lock v1.3.5
မင်္ဂလာပါ
ဒီနေ့မှ အသစ်ထွက်လာတဲ့ ဆော့ဝဲလေးတစ်ခုကို
မိတ်ဆက်ပေးလိုက်ပါတယ်၊ နာမည်ကိုမြင်တာနဲ့
ဘာဆိုတာကို သဘောပေါက်မှာပါ။

သိတယ်မလား တစ်ခါတစ်လေ အသက်ထက် အရှက်တရားက
ပိုအရေးကြီးတယ်ဆိုတာပေါ့၊ ဟုတ်ပါတယ် မိမိမှာဖုန်းလေးတစ်လုံး
အဆင်ပြေအောင် ကိုင်ဆောင်ထားတယ်။ အထူးသဖြင့် ချစ်သူ
ကောင်လေး၊ ကောင်မလေးနဲ့ ပြောထားမိတဲ့ ထောင့်တစ်ညပုံပြင်ထဲက
ချစ်စရာစကားလုံး တီတီတာတာလေးတွေကိုပါ...

ကိုယ်ကရိုးသားတယ်ဆိုပေမယ့် တမင်အပေါက်လိုက်ရှာနေတဲ့
သူတွေနဲ့တိုးတဲ့နေ့ကတော့ အုံးစားခံရတဲ့နေပဲဖြစ်မှာပါ
မိမိရဲ့ ပေါ့လျှော့မှု တစ်ချက်ကြောင့် မလိုအပ်တဲ့ အမုန်းတရားတွေ
အချင်းချင်းကြား ရောက်လာတတ်ပါတယ်၊

ကဲဗျာ မိမိရဲ့ မအားပါဘူး အချိန်သိပ်မပေးအားနေဘူး
ဒါပေမယ့် ချစ်သူနှစ်ဦး ပြေားထားမိကြတဲ့ ထောင့်တစ်ညပုံပြင်ထဲက
Story ထဲက တီတီတာတာ စကားလုံးလေးတွေကို
အလုံခြုံ ဆုံး Lock ချထားချင်တယ်ဆိုရင်တော့ ဒီကောင်လေးကိုသာ
ဆောင်ထားလိုက်ပါလို့ အကြံပြုပါရစေ။
 2.5 MB ပဲရှိပါတယ်။
2.3 အထက် ဖုန်းအားလုံးမှာ အဆင်ပြေပါတယ်။

Download Here

OR

Download Here

အဆင်ပြေပါစေ
ဇူးနစ်(နည်းပညာ)
 www.zunite.org

2015မှာHotဖြစ်နေတဲ့  Boyများအထူးကြိုက်နှစ်သက်စေမယ့် Hide or Lock Files Apkများစုစည်းမှု


ဒီနေ့ တော့ဦးလေးကြီးတင်ပေးမှာကတော့ Boyများအတွက် ရည်ရွယ်ပါတယ်
မီန်းကလေးများလည်း ဆောင်ထားသင့်တယ်ထင်ပါတယ် ဘာလိုလဲဆိုတော့
မိမိ ဓာတ်ပုံ -Videos--ဖိုင်း --apk စသည်တို့ ကို Lockချထားသည်ပဲဖြစ်စေ-Hideလုပ်ထားသည်ဖြစ်စေ
အလွန်းအသုံးဝင်တဲ့  အစွမ်းထက်တဲ့ apkများ ဦးလေးကြီး စုစည်းပြီးတင်ပြပေးလိုက်ပါတယ်
google play မှာ တိုက်ရိုက် ဒေါင်းယူလိုက်ပါ ဘာလိုလဲဆိုတော့ မိမိကိုယ်တိုင်း
ရွေးချယ်လိုရအောင်ပါ ၆ခုစုစည်းပေးထားပါတယ်
ဦးအာကာ  facebook ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)
 
Free Downloads link   Hide or Lock Files Apk

1.Hide Files

 2.File Hide Pro


 3.File Locker


4.Vault-Hide SMS, Pics & Videos



5.Hide Pictures in Vaulty

 

6.KeepSafe(Hide pictures - KeepSafe Vault)


 
 
 

video messagesအဖြစ်အသုံးပြုလာနိုင်တဲ့  WhatsApp Messenger v2.11.505 Apk

 
ဒီနေ့ တော့ဦးလေးကြီးတင်ပေးမှာကတော့
WhatsApp Messenger apkလေးတင်ပေးမှာဖြစ်ပါတယ်
မိမိဖုန်းထဲမှာ  WhatsApp Messenger apkထည့်မသွင်းထားရင် SMSပို့ ရာတွင်း လျှင်မြန်မှု သိပ်မရှိပါဘူး
ပြီးတော့ ဒီapkလေးအသုံးပြုချင်းဖြင့် pictures ပန်းချီကားချပ်-သို့ မဟုတ် ဓာတ်ပုံပို့ ရာတွင်း ခဏအတွင်းပို့ နိုင်ပါတယ်
 notesမှတ်စုများ မှတ်သားထားနိုင်ပါတယ် ပြီးတော့ ပို့ ဆောင်ရေးကော လုပ်ဆောင်နိုင်ပါတယ်
ဒါအပြင်  video messagesလဲ ခုဗာရှင်းလေးထဲမှာ ထက်မံဖြည့် သွင်းပေးထားပါတယ်
မိမိ : Send Video အဖြင့် ပို့ လျှင် တခြားလူများ ဘက်သို့  Sizeပေါ်မှုတည်ပြီး အချိန်ကြာမြင့်တတ်ပါတယ်
ဒါပေမယ့် မြန်ဆန်မှုကတော့ ပြိုင်စံရှာပါးပဲ
Voice notesအနေဖြင့်လည်း အသုံးပြုလိုရပါသေးတယ် မိမိက တခြားလူတယောက်ကို 
အသံဖြင့် စကားပြောပြီး မက်ဆေ့လ်ချထားလိုရပါတယ် ဥပမာ-ဦးလေးကြီး နေကောင်းရဲ့ လားခင်ဗျာပေါ့ဗျာ
ဦးလေးကြီးဘက်ကဖွင့်လိုက်တာနဲ့ တန်ပေါ်နေပါပြီး-ဦးလေးကြီးက အစမ်းအနေဖြင့် နားထောင်းလိုရသလို
Downယူလိုလဲရပါတယ် ဒါပေမယ့် တခုပြောချင်တာကတော့ နိုင်ငံခြားရောက်နေတဲ့ 
မိတ်ဆွေများ မြန်မာကို ဒီapkလေးနဲ့ ဖုန်းမခေါ်ပါနဲ့  ပိုက်ဆံအရမ်းစားလိုပါ ၁မီနစ်ကို ၇၀၀ရာကျော်
၆၀၀လောက်ရှိမယ်ထင်တယ် ဦးလေးကြီး ဖုန်းခေါ်ဖူးလို ပြောပြပေးတာပါ မြန်မာက မိတ်ဆွေများကတော့
မြန်မာပြည်တွင်းထဲမှာခေါ်ပါ အင်တာနက်ဖိုးပဲ ကုန်ပါတယ် 
ကဲလိုအပ်တဲ့ မိတ်ဆွေများအောက်မှာ Free ရယူသွားလိုရပါတယ်
ဦးအာကာ  facebook ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)
 
Free Downloads link  WhatsApp Messenger v2.11.505 Apk
 
 
 

Samsungသမားများfontsအလန်းအသုံးပြု နိုင်မယ့် stylish fonts apk



ဒီနေ့ တော့ ဦးလေးကြီးတင်ပေးမှာကတော့  Samsungသမားများအတွက်
သီးသန့်  fonts လေးပါ အလန်းအသုံးပြုချင်းသူများအတွက်တော့
လုံးဝလန်းနိုင်ပါမည် ဘာလိုလဲဆိုတော့ fontsပေါင်း ၂၀ကျော်ပါဝင်ပါတယ်
ပြီးတော့ fontsထက်လိုချင်းရင်တောင်း ထက်ပြီး ဒေါင်းယူနိုင်ပါသေးတယ်
ဒေါင်းယူရန် apkထဲမှာထည့် သွင်းပေးထားပါတယ်
အောက်မှာ  ဦးလေးကြီး အစမ်းအနေဖြင့် ပုံလေးတွေပြပေးထားပါတယ်
Downယူရန် link 5ခုချပေးထားပါတယ် ကြိုက်တဲ့ linkကနေတခုပဲရယူပါ







ဦးအာကာ  facebook ဦးအာကာ-အမေး-အဖြေ groupထဲ
Join Groupလုပ်ပေးပါအုံး (အောက်ကစာသားပေါ်သို့ နှိပ်ပြီးသွားပါ)


 free Downloads link  stylish fonts apk


 
 
 

Huawei G6-C00 ကို Root, Network Unlock and Myanmar font Batch File



Huawei G6-C00 ကို  Root, Network Unlock and Myanmar font အတွက် bat file နဲ့ အလွယ်တကူလုပ်လို့ရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ အရင်ဆုံးတော့ Bootloader unlock ပြုလုပ်ရပါမယ်။ Bootloader Unlock ပြုလုပ်ပြီးရင်တော့  Phone ကို USBDebugging ကို on , Unknow Source ကို on ပြီး PC (Computer) နဲ့ Connect လုပ်လိုက်ပါ။

ပြီးရင်တော့ bat file မှာ ပါတဲ့နံပါတ်တွေအတိုင်း မိမိနှစ်သက်သလို အသုံးပြုနိုင်ပါပြီ။ ဒီ bat file ကို ပြုလုပ်ဖန်တီးသူကတော့ Developer ကိုရဲကြီး ပါ။

>>> Download <<<
https://userscloud.com/ynsqzggzxtfu

Credit : ကိုရဲကြီး

Huawei G610-C00 တွေ လိုင်းမမိတော့တဲ့အခါ အလွယ်တကူပြန်ဖြည် ကြရအောင်




Huawei G610-C00 တွေမှာ အဖြစ်များနေတဲ့ network lock ဖြစ်တက်တဲ့ error ကို ပြန်လည်ဖြေရှင်းဖို့ ကိုမျိုးကိုကိုဇော် မှ bat file လေးတစ်ခု

ထုတ်ပေးလိုက်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အသုံးပြုဖို့ကလည်း လွယ်ကူပါတယ်.......Device မှာ UsbDebugging on ထားဖို့နဲ့ Root လုပ်ပေးထားဖို့ပဲလိုအပ်ပါတယ်။

ပြီးရင် bat file လေးဖွင့်ပြီး PC မှာ Device ကိုသိပြီဆိုရင် enter လေးခေါက်ပေးလိုက်ရင် ရပါပြီ။

bat file လေးကို လိုအပ်မယ်ဆိုရင်တော့.......

>>> Download <<<
https://www.copy.com/s/6OGdyt6kOI9C/g610%20c00%20network%20unlock.rar

Credit : Myo Ko Ko Zaw

Samsung Galaxy တွေ Pattern lock , Pin lock ကျတာတွေကို Root Access မလိုပဲ ဖြည်မယ်



Samsung Galaxy တွေမှာ Pattern Lock , Pin Lock ကျနေတဲ့အခါမှာ မိမိဖုန်းမှာ Root ကလည်းမရှိ Debugging လည်း on

မထားမိတဲ့အချိန်မှာ ပြန်ဖြည်ရန်အတွက်ပါ။ သူက CWM.zip နဲ့ Pattern & pin lock ဖြည်ရန် zip file လေးပါ။ Recovery mode ၀င်ပြီး

CWM.zip လေးကို Flash ပေးလိုက်ရင် Custom CWM လေးသွားပါမယ်။ Custom CWM ထဲရောက်သွားပြီဆိုရင် Pattern & pin lock ဖြည်ရန်

zip file လေးကို Flash ပေးလိုက်ပြီး Reboot system now လုပ်ပေးလိုက်ပါ။ Phone မှာ Power ပြန်တက်လာပြီဆိုရင်

Lock လေးမရှိတော့တာကို တွေ့မြင်ရပါမယ်။

>>> Download <<<
https://copy.com/YVAHqMpkU7bL

Credit : Original Author


 

Sony တွေကို မြန်မာစာ အမှန်အကန်ပေါ်စေမဲ့ SONY Zawgyi Installer v1.0.4


Sony အတွက်အဓိကပြုလုပ်ထားတဲ့ .bat file လေးပါ။ ကျတော်လဲ Font ပြောင်းတာဘယ်လိုမှ အဆင်မပြေလို့ ရှာရင်းဒီကောင်လေးကိုတွေ့ခဲ့တာပါ။

ရေးသားထားတဲ့ Developer ကို အရမ်းကျေးဇူးတင်သလို လေးလည်းလေးစားမိပါတယ်။ ကျတော်နံမည်ကိုတော့ အတိအကျမသိတော့တဲ့အတွက်

သက်ဆိုင်တဲ့သူတွေအားလုံးကို Credit ပေးပါတယ်။ မြန်မာဖောင့်ထည့်မယ်ဆိုတော့ Root လုပ်ထားဖို့တော့လိုတယ်ဆိုတာ

ကျတော်ရှင်းပြစရာမလိုတော့ဘူးလို့ ထင်ပါတယ်။ ဒီကောင်လေးနဲ့ Sony Android version ICS <4.0.x > မှ JB <4.1.x to 4.3 > ထိ

ဖောင့်တွေကိုမှန်မှန်ကန်ကန်ထည့်နိုင်ပါတယ်။ ဖောင့်တွေကလဲအများကြီးပါလာပြီး Keyboard လဲပါ ပါတယ်။ ကြိုက်နှစ်သက်ရာ ဖောင့်တွေကိုရွေးပြီး

အသုံးပြုနိုင်ပါတယ်။


ဒီကောင်လေးမှာ ပါဝင်တာတွေကတော့
****************************

နံပါတ်စဉ် ၀  က ဖတ်ရန် မှတ်စု
နံပါတ်စဉ် ၁  Bagang Keyboard Install လုပ်ရန်
နံပါတ်စဉ် ၂  မြန်မာစာအလွဲများပြင်ရန်
နံပါတ်စဉ် ၃  SmarZawgyiPro font ကို Install လုပ်ရန်
နံပါတ်စဉ် ၄  SmartZawgyi v3.0 font ကို Install လုပ်ရန်
နံပါတ်စဉ် ၅  DanceZawgyi font ကို Install လုပ်ရန်
နံပါတ်စဉ် ၆  Flower Font ကို Install လုပ်ရန်
နံပါတ်စဉ် ၇  Sanpya Font ကို Install လုပ်ရန်
နံပါတ်စဉ် ၈  SONY font ကို Install လုပ်ရန် (Android 4.3 များအတွက် )
နံပါတ်စဉ် ၉ ZawgyiGhost Font ကို Install လုပ်ရန်
နံပါတ်စဉ် ၁၀ မြန်မာစာအလွဲများပြင်ရန် နံပါတ်စဉ် ၂ ကိုလုပ်ဆောင်ပြီးနောက် App error များဖြစ်လျှင်၊ Libharfbuzz.so ကို restore ပြန်လုပ်ရန်။
နံပါတ်စဉ် ၁၁ ဖုန်းကို Reboot ပြုလုပ်ရန်

နံပါတ်စဉ် ၁၂ FONT INSTALLER ကို Exit လုပ်ရန်။

ကျတော်ကတော့ အမှတ်စဉ် ၄ နဲ့ဖောင့်ထည့်ပြီး အမှတ်စဉ် ၁၁ နဲ့ ဖုန်းကို Reboot ချပေးလိုက်ပါတယ်။ မြန်မာစာကို မှန်မှန်ကန်ကန်မြင်ရပါတယ်။


>>> Download <<<
https://copy.com/ifdJqRKwZUSy

Credit : Original Owner


 

♪ USB နှင့် Window တင်ချင်သူများအတွက် - Novicorp WinToFlash 0.8.0059 + Portable ♫

Windows ISO Image ဖိုင်တွေကို USB ဖြင့်ဝင်းဒိုးတင်ချင်တဲ့သူတွေအတွက် WinToFlash
နောက်ဆုံးထွက် Portable လေးကိုတင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်လေးကို အရင်က
လည်းတင်ပေးထားတာတွေရှိပါတယ်။ အောက်မှာ USB နှင့်ဘယ်လိုအသုံးပြုရမယ်ဆိုတာ
ကို ပုံနှင့်တကွ သေခြာရှင်းပြပေးထားပါတယ်။ ဆော့ဝဲလ်ကိုအရင် အောက်မှာ သွားဒေါင်း
ယူလိုက်ပါ။


 ပုံမှာပြထားတဲ့အတိုင်းနှိပ်ပြီး ဒေါင်းလော့လုပ်ပါ ...
 ဒေါင်းလော့မှရလာသော WinToFlash RAR ဖိုင်လေးကိုဖွင့်ပြီး 
အထဲကဖိုင်အကုန်လုံးကို Folder တစ်ခုဆောက်ပြီးထည့်ပါ ...
(ပုံများကို ကလစ်နှိပ်ပြီး အကြီးကြည့်နိုင်ပါသည်)
 Folder ထဲမှ WinToFlash လေးကို run လိုက်ပါ ...
ပုံမှာပြထားသည့်အတိုင်းတဆင့်ခြင်းလုပ်ဆောင်ပါ ...
Next ကိုနှိပ်ပါ ...
ဒီအတိုင်းမြင်ရပါလိမ့်မယ် ... အပေါ်က window files path နေရာမှာ window CD ထည့်ပြီး 
အောက်က USB drive နေရာမှာ မိမိတပ်ဆင်ထားသော USB ကိုရွေးပေးရမှာပါ ...
 
 ဒီအဆင့်မှာ window files path နေရာမှာ window CD ဒါမှမဟုတ် စက်ထဲက ၀င်းဒိုးဖိုင်မှတ်ထားတဲ့နေရာကို Select လုပ်ပေးရပါမယ် ...
ကျွန်တော်ကတော့ window CD ထည့်ပြီးသုံးထားပါတယ် ...
ပုံမှာပြထားသည့်အတိုင်း USB drive နေရာမှာ မိမိတပ်ဆင်ထားသော USB ကိုရွေးပေးရမှာပါ ...
ပုံမှာပြထားသည့်အတိုင်း window CD နှင့် USB ကိုနေရာပေးပြီးသွားလျှင်...
Next ကိုနှိပ်ရပါမယ် ...
ဒီနေရာမှာ ပုံမှာပြထားသည့်အတိုင်း ရွေးပြီး Continue ကိုနှိပ်ပါ ...

ပုံမှာပြထားသည့်အတိုင်း WinToFlash ကပြောင်းလည်းပေးပါလိမ့်မယ်...

ပြီးလျှင် Next ပေါ့...


ပြီးလို့ USB Drive ကို ထုပ်ပြီး ပြန်တပ်ကြည့်တဲ့အခါမှာ ပုံမှာပြထားသည့်အတိုင်းအ
သွင်ပြောင်းသွားတာကို မြင်ရပါလိမ့်မယ်...ဒါဆိုရင်တော့ USB ကနေ Window 
တင်ဖို့အဆင်သင့်ဖြစ်ပါပြီ ...ကွန်ပျူတာကို Restart ချပြီး Keyboard မှ Delete Key 
ကိုနှိပ်ထားလိုက်ရင် BIOS ထဲကိုရောက်သွားပါလိမ့်မယ်.. Advanced BIOS Features 
ကို select လုပ်ပြီး Enter ခေါက်ပ..First Boot ကို USB HDD  လို့ပြောင်းပေးရပါမယ်
Second Boot Device ကို Hard Disk လို့ပြောင်းပေးပါ ..Keyboard မှ F10 ကိုနှိပ်ပြီး 
Save ပါ...ပြန်တက်တဲ့အခါ USB ကနေ၀င်းဒိုးတင်နိုင်ပါပြီ။
 
 

Samsung Keypad Phone များအတွက် Reset ချတဲ့ Code

Samsung Keypad Phone များတွင် Pass code ပေးထားပြီး မေ့သွားတဲ့အခါ ဒါမှမပာုတ် တခြား Error တစ်ခုခုဖြစ်နေလို့ Reset ချချင်တဲ့ အခါ
Reset ချရန် ခက်ခဲနေသူများအတွက် Reset ချတဲ့ Code လေး ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လိုအပ်နေတယ်ဆိုရင်တော့ အောက်ကပာာလေးကို ဒေါင်းပြီးကြည့်လိုက်ပါ။
>>> Download <<<
http://www.solidfiles.com/d/71daae6fb2/Code.rar
Credit : ရှမ်းလေးသွေး (MMUG)


Sony Xperia Z2 ကို UNLOCK BOOTLOADER လုပ်စရာမလိုတဲ့ Root Tool

Sony Xperia Z2 ကို UNLOCK BOOTLOADER လုပ်စရာမလိုတဲ့ Root Tool တစ်ခု ရလို့ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Tool ကတော့ XDA-Developer site မှ ရရှိလာပြီး ကို မောင်သူ မှ ပြန်လည်ပြင်ဆင်ထားတဲ့ Tool လေးပါ။ Buildnumber 17.1.A.2.55/.69 နှစ်မျိုးလုံးပေါ်မှာအလုပ် လုပ်ပါတယ်။ လိုအပ်မယ်ဆိုရင်တော့.......

>>> Download <<<

http://d-h.st/GXO

Credit : MgThu



Huawei G610-U00/C00 နဲ့ G730-U00/C00 အတွက် Google Service APK များ


Huawei G610-U00/C00 နဲ့ G730-U00/C00 တွေကို Root လုပ်စရာမလို CWM မလိုပဲ Google Service ရတဲ့
Apk များပြန်လည်မျှဝေပေးလိုက်ပါတယ်။ တခြား Model တွေလို Root စရာ မလိုတာကြောင့် တော်ရုံတန်ရုံ system ပိုင်းတွေနဲ့ မငြိတော့ပဲ လွယ်ကူစွာ အသုံးပြုနိုင်တာကြောင့် ဆိုင်သမားများရော User များပါ ဆောင်ထားသင့်တဲ့ Apk များဖြစ်ပါတယ်။ zip file နဲ့ ချုပ်ပြီးတင်ပေးထားပါတယ်။ Extract လုပ်ပြီး ရလာတဲ့ Apk များကို install လုပ်ပေးရုံပါပဲ။ လိုအပ်မယ်ဆိုရင်တော့.......
>>> Download <<<
https://userscloud.com/01rw5k75uawx
Credit : Dragonknight :::::== MPX Team==:::::


Huawei Phone များတွင် Google Service ထည့်ပြီး Google Play သုံးလို့မရတဲ့ Error

Huawei Phone များကို  Google sevice ထည့်သုံးပြီး နောက်ပိုင်း  Play Store သုံးလို့ အဆင်မပြေဖြစ်ပြီး စိတ်ညစ်နေသူများ အတွက် ပြန်လည်ဖြေရှင်းနိုင်မဲ့ နည်းလမ်းလေး ပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျာ။ ပြန်လည်ဖြေရှင်း ဖို့ အတွက်တော့  Root လုပ်ထားဖို့နဲ့ Root Exploere apk လေးတော့ လိုအပ်ပါမယ်။

>>> Download RootExplorer.apk <<<
http://goo.gl/gufGir

ဒေါင်းပြီးပြီဆိုရင် Root Exploere ကို  install လုပ်လိုက်ပါ။ root exploer ကိုဖွင့်ပါ search box ကနေ host ကို Search ကနေရှာလိုက်ပါ။
/etc/host ဆိုပြီးပေါ်လာပါလိမ့်မယ်။ /etc/host/ ကို ကြာကြာဖိ open with > Text Editor ကို နှိပ်ပြီး အောက်က စာသားအတိုင်းပြင်လိုက်ပါ။

127.0.0.1(just one space)localhost
#74.125.93.113(just one space)android.clients.google.com
ပြီးရင် ပြန်ဝင်လိုက် ရပါပြီ။

အပေါ်မှာပြောထားသလိုလုပ်လို့ မှ မရဘူးဆိုရင်တော့ host ကို ဖျက်ပေးလိုက်ပါ။

Credit : == MPX Team == နည်းပညာအဖွဲ့



ဂျပန်မှ ထူးထူးခြားခြား အသည်းပုံ ဖုန်း

ဂျပန်မှာ Feature Phone တွေကို အသုံးပြုနေကြတုန်းပါပဲ။ ထူးခြားဆန်းသစ်တဲ့ စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေ ဘယ်လိုပဲ ပေါ်လာပေါ်လာ စွမ်းဆောင်ရည်နိမ့်တဲ့ ဖုန်းတွေကိုလည်း တီထွင်ဆန်းသစ်ပြီး ထုတ်လုပ်နေကြပါတယ်။
အောက်ကပုံမှာ ပြထားတဲ့ အသည်းပုံ ပစ္စည်းလေးဟာ ဘယ်လိုကြည့်ကြည့် ဖုန်းလို့ ထင်စရာမရှိပါဘူး။ တကယ်တော့ အဲဒီ အသည်းပုံ ပစ္စည်းလေးဟာ ဖုန်း ဖြစ်ပါတယ်။ အသည်းပုံလေးကို ခေါက်ချိုးလိုက်ရင် စကားပြောဆက်သွယ်နိုင်တဲ့ ဖုန်းအဖြစ် အသွင်ပြောင်းသွားပါတယ်။
ဖုန်းနာမည်ကို Heart လို့ ပေးထားပြီး အနီရောင်နဲ့ အနက်ရောင်များ ထုတ်လုပ်ပေးထားပါတယ်။ ဖုန်းရဲ့ အလေးချိန်ဟာ ၅၄ ဂရမ်သာရှိပြီး ဂျပန်ရှိ Nihon မှ ရောင်းချမှာ ဖြစ်ပါတယ်။ မတ်လနှောင်းပိုင်းမှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။
ဖုန်း အားသွင်း ကိရိယာကလည်း ချစ်စရာကောင်းတဲ့ အသည်းပုံစံလေး ဖြစ်ပါတယ်။ Heart ကို ဖုန်းပြောဖို့သာ အသုံးပြုနိုင်မှာ ဖြစ်ပြီး အင်တာနက်နဲ့ SMS တို့ကို အသုံးပြုလို့မရပါဘူး။ 128×36 dot display ပါရှိပြီး Contact တစ်ရာကို မှတ်သားနိုင်တဲ့ Phonebook ပါရှိပါတယ်။
Credit:Myanmar Digital Life Journal



Huawei Y330-C00 အတွက် Network unlock.bat

Huawei Y330-C00 တွေမှာ Network Unlock ဖြစ်နေရင်တော့ ပူစရာမလိုတော့ပါဘူး။ Huawei ရဲ့ Network Lock တွေကို အမြဲတမ်းဖြေရှင်းပေးနေကြ ဖြစ်တဲ့ ကိုရဲကြီး မှ Y330-C00 အတွက် Network Unlock bat file လေးကို ဖန်တီးပေးလိုက်ပြန်ပါပြီ။ ဗူးခွံမှာ Code မပါတာတို့ ၊ Code ပါပြီး Lock ဖြည်မရတာတို့ ဖြစ်နေလို့ စိတ်ညစ်နေသူတွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။ :)
ကဲဗျာ ... အများကြီး မပြောတော့ပါဘူး။ လိုမယ်ဆိုရင်တော့ Download ရယူလိုက်ပါ။ :D

>>> Download Y330-C00_Network_unlock.rar <<<
https://userscloud.com/gnjfa1wrhfr5

Credit : Ko Ye Gyi

MPT သုံးစွဲသူမိဘပြည်သူများသို့ အသိပေးပန်ကြားချက်

မိဘပြည်သူများ အဆင်ပြေချောမွေ့စွာ ပြောဆိုဆက်သွယ်နိုင်ရန်အတွက် MPT ၏ မိုဘိုင်း ဆက်သွယ်ရေးကွန်ရက်နှင့် ဝန်ဆောင်မှုများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဆောင်ရွက်မည် ဖြစ်ပါသောကြောင့် GSM/ WCDMA သုံးစွဲသူများ အနေနှင့်
၂၅.၀၁.၂၀၁၅
မနက် ၀၀း၃၀ နာရီမှ မနက် ၁း၀၀ နာရီ
မနက် ၁း၃၀ နာရီမှ မနက် ၂း၀၀ နာရီ
မနက် ၂း၃၀ နာရီမှ မနက် ၃း၀၀ နာရီ
၂၆.၀၁.၂၀၁၅
မနက် ၀၀း၃၀ နာရီမှ မနက် ၁း၀၀ နာရီ
မနက် ၁း၃၀ နာရီမှ မနက် ၂း၀၀ နာရီ
မနက် ၂း၃၀ နာရီမှ မနက် ၃း၀၀ နာရီ
၂၈.၀၁.၂၀၁၅
မနက် ၀၀း၀၀ နာရီမှ မနက် ၁း၀၀ နာရီ စသည့်အချိန်တို့တွင်
၁) ဖုန်းငွေဖြည့်ကတ်ထည့်သွင်းခြင်း
၂) ပြည်တွင်းပြည်ပ ဖုန်းခေါ်ဆိုခြင်း၊ International Roaming
၃) ငွေလက်ကျန်စစ်ဆေးခြင်း စသည့် ဝန်ဆောင်မှုများအသုံးပြုရာတွင် အခက်အခဲအနည်းငယ်ရှိနိုင်ကြောင်းကို လေးစားစွာအသိပေးအပ်ပါတယ်ခင်ဗျာ။
ီCredit:MPT



✔Cartoon Maker v1.0.1 Apk✔


-မိမိတို့ရဲ့ဓါတ်ပုံလေးတွေကိုကာတွန်းပုံလေးတွေ
အဖြစ်ပြောင်းလည်းပေးနိုင်တဲ့Cartoon Maker
v1.0.1 ဆိုတဲ့applicationလေးတစ်ခုတင်ပေး
လိုက်ပါပြီ-

-Apk File Size 12.7MB ရှိပြီး
-Android OS Version 4.0 နှင့်အထက်ရှိထား
တဲ့ဖုန်းများပေါ်မှာထည့်သွင်းinstallလုပ်၍အသုံး
ပြုနိုင်ပါတယ်-
-Apkအားအောက်ကလင့်ခ်မှာဒေါင်းလုပ်ရယူပါ-
★DOWNLOAD ဆွဲရန်လင့်ခ်★
http://www.solidfiles.com/…/CartoonMaker-v1.0.1-Kozawthwin.…
အဆင်ပြေပါစေ။
ကိုဇော်သွင်(နည်းပညာ)

Sunday, January 18, 2015

✔Android app Book ပြုလုပ်‌နည်း စာအုပ်‌နှင့်‌‌ဆော့ဝဲ✔


-‌တောင်းဆိုထားတဲ့စာအုပ်‌‌လေးထွက်‌‌ပေါ်လာပါပြီ။
‌စောင်‌‌နေရတာကြာသွားရင်‌ခွင့်‌လွတ်‌‌ပေးကြပါ။ Android app Book ပြုလုပ်‌နည်းစာအုပ်‌‌လေးပါ ။ ‌ဆော့ဝဲကို ကွန်‌ပျူတာမှာ အရင်‌သွင်းလိုက်‌ပါ ။ပြီးမှ စာအုပ်‌ဖတ်‌ပြီး တစ်‌ဆင့်‌ချင်းစီလိုက်‌လုပ်‌ကြည့်‌ပါ။ အ‌ရေးအသားညံ့ရင်‌‌တော့ခွင့်‌လွတ်‌ကြပါ-

‌ဆော့ဝဲ‌ဒေါင်းရန်‌

DOWNLOAD

https://www.copy.com/s/JRsz4q0mrRLk9FO

            (OR)

http://www.solidfiles.com/d/38b04df211/Android_Book_App_Maker_by_itsuboo.blogspot.com.rar


အထက်ဆော့ဝဲကစက်နှင့်မကိုက်လို့သွင်းမရပါက ဒါကိုဒေါင်း။
http://appmk.com/android-book-app-maker/appmk-abam.exe

ပြုလုပ်​နည်းစာအုပ်​အား​ဒေါင်းရန်

https://www.copy.com/s/4xqdf3eaa4h6ApA

                      (OR)
https://www.copy.com/s/aHzKDgHZbpITGyf

http://www.solidfiles.com/d/3524ffb8f3/Android_App_Book_Making_By_ItSuBoo1.pdf

စာအုပ်‌ + ‌ဆော့ဝဲ တစ်‌‌ပေါင်းတည်း‌ဒေါင်းရန်‌

DOWNLOAD

https://www.copy.com/s/aHzKDgHZbpITGyf

                  (OR)

Download Here



Credit >> Nay Phyo Kyaw(ItSuBoo)
 
 

မသိသေးသောသူများအတွက် Facebook A/C လော့ကျရှင်းတမ်း.....

 
 
 ဒီဆိုဒ်မှာလည်းတင်ပေးပြီးသားဖြစ်သလို အခြားသောတဆိုဒ်များလည်းတင်ပေးထားပြီးသားပါ ကျွန်တော့်ဘလာ့ခ်လေးမှာလည်းတင်ပေးထားပါတယ် သွားကြည့်လိုက်ပါ ဒီမှာနှိပ်လိုက် ဒါပေမဲ့မေးသူများတော့လည်း ဖြေပေးရတော့တာပေါ့ဗျာ ဆရာကြီးများ မူပိုင်စာရေးသူများကို Credit ပေးပါတယ် ကျွန်တော်ဘာလို့မရေးတော့တာလည်းဆိုတော့ အခုအောက်က နည်းတွေနဲ့တင်ပြည့်စုံနေပါပြီ ဒါကြောင့်ပါ ကဲစလိုက်ကြစို့..
 
 ဘာလို့ Lock ချတာလဲ????????????

 အကောင့်အသစ်သမားတွေ နိုင်သလောက် လိုက်နာနိုင်ရင်တော့ ၉၀% Lock ကျခြင်း Block ရခြင်း မှ ကင်းဝေးနိုင်ပါတယ်။ အောက်မှာ အပြည့်စုံ ဖတ်နိုင်ပါပြီ။

Facebook က သင့်ကို Lock ချခြင်း Block ရခြင်း အကြောင်း များ.........
==============================================
- Friend အသားကုန် Add ခြင်း
------------------------------
Friend ဇွတ် Add ရင်လည်း Facebook က သူငယ်ချင်း Add ခွင့်ကို ရက်အတော်ကြာကြာ ပိတ်ပါတယ်။ နောက် မထင်ရင် မထင်ရင် သလို Message ပို့ခွင့်ပါ ရောယောင် ပိတ်ပါတယ်။

- Message ဇွတ်ပို့ခြင်း
-----------------------
အပေါ်က ပြောတဲ့အထဲကလိုပဲ ပိတ်တတ်သလို၊ Page တွေ၊ မသိတဲ့ သူတွေ ဆီကို စာဇွတ်ပို့ရင်လည်း Facebook က စာပို့ခွင့်ကိုပါ Block လုပ်ပါတယ်။ ဒါကြောင့် Friend ဖြစ်ပြီးသား Like ပြီးသား Page တွေမှသာ စာပို့ တာစိတ်ချရပါတယ်။

- Like ဇွတ်လုပ်ခြင်း
---------------------
ဒါက ဒီနောက်ပိုင်းက Facebook က ချမှတ်တဲ့ ပေါ်လစီထင်တယ်။ သူငယ်ချင်း တွေထဲမှာ တကယ်ပဲ Like လုပ်လို့ မရအောင် အပိတ်ခံရတာကို လက်တွေ့ မြင်လိုက်ရပါတယ်။ သူတို့က အသားကုန် Like လုပ်ကြတယ်လေ။ ဒါကြောင့် Like ကိုလည်း ပိတ်ပါတယ်တဲ့။ ဒါကြောင့် Like သင့်တာပဲ Like တာကောင်းပါတယ်။ ဒီအချက်ကတော့ အသစ်ဖွင့်ထားတဲ့ အကောင့်တွေမှပါ။ အကောင့်အဟောင်းက မဖြစ်ပါဘူး။

- Group အများအပြား ဝင်ခြင်း
-------------------------------
User တစ်ယောက်ကို Group အခု ၂၀၀ ပဲ ဝင်ခွင့်ပေးပါတယ်တဲ့။ အဲဒါ မိုင်ကုန်ပါ။ အချို့ က အဲ့ဒီ မိုင်ကုန်ကို ကုန်အောင် ဝင်ကြပါတယ်။ ဟိုထဲလည်းပါ၊ ဒီထဲလည်းပါ ဆိုတော့ အကောင့် Log in တောင် တစ်ခါတစ်လေ ကျ ကွိုင်တတ်ပါတယ်တဲ့။

- နာမည်ရင်း အသုံးမပြုခြင်း
----------------------------
ဒါက ဒီလိုရှိပါတယ်။ ကိုယ်ရဲ့  IP တစ်ခု၊ အီးမေးလ်တစ်ခု ကနေ သွားတဲ့ နေရာတိုင်းမှာ အသုံးပြုတဲ့ User name ကို Track လုပ်ပါတယ်တဲ့။ ဒီအီးမေးလ်နဲ့ပဲ အခြား social network အမျိုးအစား တစ်ခုမှာ နာမည်တစ်မျိုး Facebook မှာ နာမည်တစ်မျိုးနဲ့ ဝင်တာမျိုးကို လက်မခံ ပါဘူးတဲ့။ ပုံသေတော့ မဟုတ်ပါဘူး။ နောက်တော့ ဘယ်လိုလာမလဲ မသိပါဘူး။

- Friend များလွန်းခြင်း
------------------------
Friend များလွန်းအားကြီးရင်လည်း ဖြစ်တတ်ပါတယ်တဲ့။ လက်ရှိ အသစ်ဖွင့်ထားတဲ့ အကောင့်တွေဖြစ်များပါတယ်။ ဒါကြောင့် သူများ အက်လာတာပဲ လက်ခံပါ။ ကိုအက်သွားရင် တနေ့ကို ၃ယောက်ထက် ပိုအက်ခွင့်မရှိပါဘူး။ ၃နှစ် ၄ နှစ်လောက်သုံးထားပြီးတဲ့အကောင့်ကတော့ ဒီအချက်ကို စိတ်ပူစရာမလိုပါဘူး။ User အဟောင်းဖြစ်တဲ့အတွက် ပါ။

- နေရာ ပြောင်းသုံးလွန်းခြင်း
-----------------------------
ဒါကတော့ တကယ်လက်တွေ့ကို ကြုံနေရပါတယ်။ Facebook တင်မကပဲ G Talk တို့လို ဟာတွေလည်း ထိုနည်းတူစွာပါ။ မနေ့က ရန်ကုန် မှာ သုံးတယ်။ နောက်နေ့ စင်္ကာပူရောက်တော့ စင်္ကာပူမှာသုံးတယ်ဆိုရင် Facebook က အကောင့်ကို ကြိမ်းသေပိတ်ပါတယ်။ ပေးလာတဲ့ အကြောင်း ပြချက်က သင်ဟာ ဒီအကောင့် သုံးတဲ့သူ တကယ် ဟုတ်ရဲ့  လား တဲ့။ ပြီးတော့ Security Question တွေ ဇွတ်မေးတော့တာပဲ။ IP Address က ရန်ကုန်နဲ့ စင်္ကာပူ တူမှမတူတာကိုး။ fb အနေနဲ့ ဒီလို layer တစ်ခု ခံပေးထားတဲ့အပေါ် တော်တော်များများ ကွန်ပလိန့် မတက်ပါဘူး။

ဒီမှာ ကိုယ် အကြည့်များ၊အတွေ့များ၊ စကားအပြောများ၊ Like များ၊ comment များတဲ့ သူတွေရဲ့  ဓာတ်ပုံကိုရွေးခိုင်းတာမျိုးပါ။ ကိုယ့်အနေနဲ့ ဘယ်သူ့ကိုမှ ဂရုမစိုက်အားလို့ ဘယ်သူ့ကိုမှ မကြည့်ပါဘူးဆိုရင်တော့ အကောင့်ရဖို့က ခက်ခဲသွားပါမယ်။ အထူးသဖြင့် Friend များတဲ့ သူတွေ သတိပြုဖို့ပါ။

- Device ပြောင်းသုံးလွန်းခြင်း
------------------------------
ဒီနေ့ အင်တာနက်ဆိုင် တစ်ခုမှာ Windows XP စက်တစ်လုံးနဲ့ သုံးလိုက်တယ်။ ညနေလည်း ရောက်ရော အိမ်က Windows 7 နဲ့ ဖွင့်ပြီဆိုရင် သူကပြောပါပြီ။ သင့်အကောင့်ကို windows XP နဲ့ ရန်ကုန်မှာ ဘယ်သူသုံးသွားပါတယ်ဆိုတာမျိုးပေါ့။ ခဏခဏ အပြင်ထွက်သုံးဖြစ်တဲ့ သူတွေကိုတော့ မမေးပါဘူး။ အလေ့အထ မရှိတဲ့ အကောင့်တွေကိုဆိုရင် ဒီလိုပဲ ဖြဲခြောက်ပါတယ်။

- Poke လုပ်လွန်းခြင်း
-----------------------
မသိတဲ့ သူတွေ တစ်ယောက်နဲ့ တစ်ယောက် ခင်မင်မှုရအောင် အပျော်ဆော့လို့ရအောင် Poke ကို ထည့်ထားပေးတာလေ။ သို့သော် ဇွတ် Poke လွန်းရင် အကောင့်ကို ပိတ်ပါတယ်။ မြန်မာပြည်မှာတော့ လုပ်တဲ့သူ နည်းပါတယ်။

- Link များ ရှဲလွန်းခြင်း
------------------------
ဒါလည်း လက်တွေ့ကြုံရပါတယ်။ အကောင့်အသစ်မှာ အထူး သတိပြုရမှာဖြစ်ပါတယ်။ ညစ်ညမ်းတဲ့ ပိုစ်တွေ ပုံတွေ ကို လုပ်မိရင်တော့ ဖြစ်တတ်ပါတယ်။

- အသက် ၁၈ နှစ်မပြည့်သေးရင်
--------------------------------
ဒါလည်း ဖြစ်တတ်ပါတယ်တဲ့။ အမှန်တော့ Facebook က အသက် ၁၈ မပြည့်လည်း သုံးလို့ရပါတယ်။ Under 13 အပေါ်မှာသာ အတားအဆီးတွေ ထားတာပါ။ သို့ပေမယ့် ၁၈ နှစ်အောက်တဲ့သူတွေလည်း သတိထားတဲ့။

- Report အလုပ်ခံရများရင်
----------------------------
ဒါကတော့ တော်တော်များများသိပါတယ်။ Account report အလုပ်ခံရ တာတို့၊ ဓာတ်ပုံ Report အလုပ်ခံရတာတို့၊ comment report အလုပ်ခံ ရတာတို့ အကြိမ်အရေအတွက် များလာရင် အကောင့်ကို Facebook က Block ဖို့ ကြိမ်းသေနေပါပြီ။ ဒီတော့ Security Question တွေ ဆက် တိုက် ဖြေရတော့မှာပေါ့။ ဒါတောင် ရက်တွက်ပြီး စောင့်ရပါသေးတယ်။

- အခြားအကြောင်းအရာများ
-----------------------------
အတော်လေးများတယ်ဗျ။ သို့သော် အပေါ်ကဟာလေးတွေလောက် သိရင် လုံလောက်ပါတယ်။ တကယ့် အီးမေးလ်အသုံးမပြုတာတို့၊ Browser တစ်ခုထဲမှာပဲ ဒီအကောင့် ချက်ချင်းထွက် နောက်အကောင့် တစ်ခု ချက်ချင်းဝင်တာမျိုးတို့လည်း ကွိုင်တတ် တတ်ပါတယ်။ ဒီလောက်ဆို တော်ပါပြီ။
အားလုံး Facebook အကောင့် အပိတ်မခံရအောင် သိတာလေး မျှဝေ လိုက်ရပါတယ်။

Credit to:အောင်ခမ်း (TSJ team)
 
အကောင့် လော့ကျတဲ့အခါ ဖုန်းနံပါတ် တောင်းပါ လိမ့်မယ်။ ဒါကိုတော့ ကာယကံရှင် လူတိုင်းကြုံ တွေ့ပြီး ဖြစ်ပါတယ်။

ဖုန်းနံပါတ်ရမှ အကောင့်ပြန်ဖွင့်ပေးမယ်လို့ ပြောထားပြီး နီးစပ်ခင်မင်ရာ သူငယ်ချင်း ဖုန်းနံပါတ် ငှားလိုက် တာမျိုး မလုပ်သင့်ပါဘူး။

နိုင်ငံခြားရောက်နေတဲ့ အသိတစ်ယောက်ယောက်ရဲ့ ဖုန်းနံပါတ်ကို အသုံးပြုပြီး အကောင့် ပြန်ရတာမျိုး အနည်းငယ်ရှိပေမယ့် ဒါက ရေရှည်မကောင်းပါဘူး။ ဘာလို့လဲဆို Facebook ဟာ ယင်းဖုန်းနံပါတ်ကို မှတ်သားလိုက်ပြီဖြစ်ပြီး နောက်ထပ် ယခုလို Lock ကျတာမျိုးတို့ Hack ခံရတာမျိုးနဲ့ ကြုံတဲ့အခါ ယင်းဖုန်း နံပါတ်နဲ့ အမြဲပတ်သက်နေရတော့မှာ ဖြစ်ပါတယ်။

ဒါကလည်း အမြဲပြောင်းလဲနိုင်ပါတယ်။ဒါကြောင့် အကောင့်လော့ကျတဲ့အခါ အကောင့်ကို ဘာမှ မသုံးပဲ ၄၈ နာရီ (၂ ရက်တိတိ) ဒီတိုင်းထားပါ။ ၁ရက်ခွဲလည်း ရပေမယ့် Facebook က ၂ ရက်လို့သတ်မှတ် ထားတဲ့ အတွက် သူသတ်မှတ်ထားတဲ့ Step အတိုင်းသွားတာ ကောင်းပါတယ်။
အဲလိုမဟုတ်ပဲ ၄၈ နာရီအတွင်းမှာ ထိုင်ကလိနေရင်တော့ သတ်မှတ်ရက်ထက် ပိုကြာသွားနိုင်ပါတယ်။

၂ ရက် (၄၈ နာရီ) ပြည့်ပြီဆိုမှ အကောင့်ကို ယခင်ထုံးစံအတိုင်း Log In လုပ်ပါ။ ဒီမှာ Internet Explorer ကို အသုံးပြုဖို့ ပိုအကြံပေးချင်ပါတယ်။ Mozilla Firefox၊ Google Chrome, Safari အစရှိသဖြင့် အမျိုးမျိုး ခေတ်စားနေတဲ့ Browser များဟာ Security မြင့်မားပါတယ်။ Internet Explorer ကတော့ တားမြစ်ထား တာ သိပ်မရှိပါဘူး။

အချို့  ဝဘ်ဆိုဒ်များက Right click Disable လုပ်ထားတာတောင် Internet Explorer မှာ ရတတ်ပါတယ်။ ဘာပဲ Download ဆွဲဆွဲ Internet Explorer မှာ အတားအဆီး နည်းတယ်ဆိုတာ လက်တွေ့ သုံးဖူးသူ တိုင်းသိမှာ ဖြစ်ပါတယ်။

ဒါကြောင့် Account ကို Log In ဝင်ရန် Internet Explorer ကိုအသုံးပြုစေလိုပါတယ်။ Mozilla Firefox, Chrome တို့လည်း အသုံးပြုမရလို့ မဆိုလိုပါ။ အသုံးပြုနိုင်ပါတယ်။ သို့ပေမယ့် အကြောင့် အမျိုးမျိုးကြောင့် ဖုန်း Message box ပြန်ပေါ်လာမှာ စိုးလို့ ဖြစ်ပါတယ်။

ဒါလို Log In ဝင်ပြီးပြီဆိုပါဆို့။ သူက Password မေ့သူတို့ထုံးစံအတိုင်းပဲ Verification step တွေလာပါ တယ်။ ဘာမှမပါပါဘူး။ သူငယ်ချင်း နာမည်ကို မှန်အောင် ရွေးခိုင်းတာမျိုးပဲ ဖြစ်ပါတယ်။ ဓာတ်ပုံနဲ့ လူအမည်နဲ့ တွဲပေးရတာ ဖြစ်တဲ့အတွက် သတိထားစေချင်ပါတယ်။

ဒီမှာ ၅ ခုလောက်တွဲခိုင်းပါတယ်။ မရတဲ့ဟာဆိုရင် ရဲရဲကြီး Skip လုပ်ပါ။ အမှားများရင်တော့ အကောင့်ကို ထပ်မံ Lock ချမှာ ဖြစ်ပါတယ်။ မရတာတွေကို Skip လုပ်လိုက်တဲ့အခါ မေးခွန်းမပြည့်ပြည့်အောင် မေးပေး တာ Facebook ရဲ့ တာဝန်ဖြစ်တဲ့အတွက် နောက်တစ်ခါ ထပ်မေးပါတယ်။

ဒီမှာလည်း မရတာ Skip လုပ်ပြီး သေချာမှာ Submit လုပ်စေချင်ပါတယ်။ အကယ်၍ လူရွေးခိုင်းတဲ့ Step ကို တစ်ခါရှုံးပြီး နောက်တစ်ခါ ထပ်ရှုံးရင်တော့ နောက်မှ ပြန်လာတော့လို့ စာတန်းပေါ်လာတတ်ပါတယ်။ သို့ပေမယ့် Log out လုပ်ပြီး နောက်တစ်ခါ Log In ဝင်၊ အထက်ပါ လူရွေးတဲ့ မေးခွန်းကိုပဲ ဆက်တိုက် ပြန်လည်ဖြေဆိုပေးခြင်း လုပ်နိုင်ပါတယ်။

သူငယ်ချင်းနည်းပြီး ရှိတဲ့သူငယ်ချင်းများရဲ့ ဓာတ်ပုံတွေ ကြည့်ရှုလေ့ရှိသူများအတွက် အိုကေပေမယ့် သူငယ်ချင်း ထောင်ချီရှိပြီး မမှတ်မိဘူးဆိုရင်တော့ ခက်ပါလိမ့်မယ်။ သို့ပေမယ့် စိုးရိမ်စရာမလိုပါ။ သူငယ်ချင်းများလေလေ Facebook က အခွင့်အရေးများများပေးလေ ဖြစ်ပါတယ်။

တစ်ခါဖြေမရ၊ နှစ်ခါ ဖြေမရရင် ထောင်ချီ Friend List ရှိသူများ ကို နောက်ထပ် ဖြေခွင့် ပေးတတ်ပါတယ်။

ဖြေပြီးလို့ အောင်မြင်ပြီဆိုရင်တော့ Account ပြန်လည် ရရှိပါပြီ။ ဒီမှာ အကောင့်ပြန်ရပြီ ဆိုပြီး အရင်ကလုပ် နေကျ အတိုင်း Like, Comment , Post, Link , Message စတာတွေကို ထင်တိုင်းမကျဲသင့် သေးပါဘူး။ သေချာတာကတော့ Friend Request ၄ ရက်ပိတ်ထားပါတယ်။ Message လည်းပို့ခွင့် မရပါဘူး။
အရင်က Activity တစ်ခုခုလုပ်တိုင်း Warning တွေတက်တက်လာတတ်ပါတယ်။

ဒီနေရာမှ တစ်ခုထပ်ဖြည့်စွက်ပြီးပြောချင်ပါတယ်..friend ဖြည့်တဲ့နည်းဟာ လွယ်တယ်ထင်ပေမဲ့ သိပ်လွယ် ကူတာတော့မဟုတ်ပါဘူး..သူမေးထားတဲ့ ပုံနဲ့ လူငါးယောက်ကို မှန်အောင် ဖြည့်ရပါတယ်…အချိန်အကြာကြီးယူဖြည့်လို့မရပါဘူး.
အချိန်ကြာသွားရင် မှန်ပေမဲ့လဲ အကောင့် log ပွင့်မှာမဟုတ်ပါဘူး။

အားလုံး အဆင်ပြေကြပါစေ.....။
TechSpace Journal မှကူးယူတင်ပြခြင်းဖြစ်ပါတယ်....
 
ဒါကတစ်နည်းပေါ့..
 
ဖုန်းမှာ " Telenor Phone Card " ကို ဖုန်း ရဲ့  " Sim card Slot (1) " မှာထည့်ုပြီးအသုံးပြုရမှာပါ။ပြီးလျှင် အကောင့်  " Lock " ဖြေရန် Facebook  တွင် lock ကျနေသော အ
ကောင့် ကို ၀င်ပါ။
                                                   ပုံ-(၁)


           ဒါဆိုရင် အောက်မှာ ပြထားသလို  " Please Verify Your Identity " ဆိုတဲ့ Page ပေါ်လာပါလိမ့်
မယ်။ ဒီအဆင့် က အကောင့်အသစ် ပြုလုပ်လည်း ပေါ်လာမှာပါပဲ။ ပုံမှာ အနီဝိုင်းပြထားတဲ့ အတိုင်း
 " Continue "   ကိုနှိပ်လိုက်ပါ။
                                                    ပုံ-(၂)

             နောက်တစ်ဆင့် ကတော့  စာလုံး တူရိုက်ပေးရမှာပါ။ မခက်ပါဘူး၊ သူပြထား တဲ့ အတိုင်း စာလုံး
တွေကို " Text in the box: " ဆိုတဲ့ အကွက်လေး မှာ တူအောင် ရိုက်ပေး လိုက်ပါ။ ပြီး လျှင် အပြာရောင်
 " Continue " ဆိုတဲ့ Button လေးကို နှိပ်လိုက်ပါ။သူပေးထားတဲ့ အတိုင်း မတူရင်တော့ နောက်တစ်ခါ
ပြန်ရိုက်ခိုင်းပါလိမ့်မယ်။
                                                    ပုံ-(၃)

            စာလုံးမှန်ရင်တော့ နောက်တစ်ဆင့် အနေနဲ့  " Phone Numbers " တောင်းတဲ့ အဆင့် ကို
ရောက်ပါပြီ။ပုံမှာအနီရောင် ၀ိုင်းပြထား တဲ့အတိုင်း  " Enter a mobile number " ဆိုတဲ့ အပြာရောင်
Button လေးကို နှိပ်လိုက်ပါ။
                                                      ပုံ-(၄)

 ဒါဆိုရင် တော့  ဖုန်းနံပါတ် ထည့်ရမယ့် box ပေါ်လာပြီပေါ့။ Country code မှာတော့" Myanmar (+95)"
 ကိုပဲ ရွေးပါ။ Phone number အကွက်မှာတော့ စောစောက "Sim card slot (1) " မှာထည့်ထားတဲ့
" Telenor Phone Number "  ကို ရိုက်ထည့်ပေးပါ။ (ဥပမာ-  097997* * * * *) ။  (*) နေရာမှာ မိမိတို့ 
 Telenor Phone Number ကိုထည့်ပေးပါ။ ပြီးလျှင် ပုံမှာပြထားတဲ့ အတိုင်း အပြာရောင် " Continue " ကို
  နှိပ်လိုက်ပါ။
                                                       ပုံ-(၅)
    
         ကဲ.... " Confirmation Codes " တောင်း တဲ့ Box ပေါ်လာပါလိမ့်မယ်။အောက်မှာ ပုံနဲ့ ပြထားပါ
တယ်။
                                                       ပုံ-(၆)

       Computer မှာ "Confirmation Codes " ထည့်ဖို့  Box ပေါ်လာသလို  သူငယ်ချင်းတို့  ဖုန်းကိုလည်း
အောက်မှာပြထားသလို " Facebook Confirmation codes " ပါတဲ့ Message တစ်စောင် ရောက်နေပါ
လိမ့်မယ်။ ကျွန်တော်က Resend Codes ကို ထပ်နှိပ်မိလိုက်လို့  နှစ်စောင် ဖြစ်နေတာပါ။ အဲဒီ message
ထဲကမှ အပြာရောင် ဂဏန်းလေးတွေ ဟာသူငယ်ချင်းတို့  မျှော်နေတဲ့ " Facebook Confirmation Codes"
 ဖြစ်ပါတယ်။ အဲဒီ confirmation codes ကို မှတ်သားပါ။

                                                       ပုံ-(၇)



             ဖုန်း message ရ တဲ့  Confirmation codes ကို Computer က "Enter Your Confirmaton
Code" ဆိုတဲ့ Box မှာ ပုံမှာ ပြထားတဲ့ အတိုင်း ရိုက်ပြီး အပြာရောင် " Confirm " ဆိုတဲ့ button ကို နှိပ်
လိုက်ပါ။
                                                        ပုံ-(၈)

         အောက်မှာ ပြထားတဲ့ အတိုင်း  " Number confirmed " ဆိုတဲ့ Text box လေး ပေါ်လာပါလိမ့်
မယ်။ အပြာရောင် " Save Settings " ဆိုတဲ့ button ကို ထပ်နှိပ်ပေးပြီး ခဏစောင့်ပေးပါ။အောက်တွင် ပုံ
ဖြင့်ပြထားပါတယ်။
                                                      ပုံ-(၉)

        Internet လိုင်း ကျသည့်အချိန် နှင့် တိုးရင်တော့ ဖုန်းနံပါတ် တောင်းတဲ့ အဆင့် ကို ပြန်ရောက်သွား
တတ်ပါတယ်။ဒါပေမယ့် ထပ်ထည့်စရာ မလိုအပ်ပါဘူး။  Web page ကို Refresh လုပ်ပေးလိုက်ပါ။
        Internet လိုင်းကောင်း ရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်း " Thank You " ဆိုတဲ့ message
 box လေး ပေါ်လာပါလိမ့်မယ်။ ပေါ်လာလျှင်  ပုံမှာပြထားသည့် အတိုင်း အပြာရောင် " Okay " Button
လေးကို နှိပ်ပေးလိုက်ပါ။
                                                        ပုံ-(၁၀)
             ပုံ-(၁၀) မှာ ပြထားတဲ့ အတိုင်း "Okay" Button ကို နှိပ်ပြီး ရင် တော့ အကောင့် Lock ကျတာကို
ဖြေရှင်းပြီး သွားပါပြီ၊ ပြုလုပ်စ အကောင့် အသစ် ဆိုရင်တော့ အကောင့် Information တွေ ဖြည့်ဖို့ အ
တွက် " Step (1),(2),(3) ကို ရောက်သွားပါလိမ့်မယ်။ အကောင့်အဟောင်း ဆိုရင် လည်း မိမိတို့  အ
ကောင့် "Home" ကို ရောက်သွားပါလိမ့်မယ်
ဒါလေးကနောက်တစ်နည်း

စာအုပ်ကိုရေးသားသူက www.sayyoethe.blogspot.com ဘလော့ဂ်ကပဲ ဖြစ်ပါတယ်။

ကျွန်တော်တင်ထားတဲ့ ပုံမှာလဲ မြင်နိုင်ပါတယ်။

အခု မြန်မာနိုင်ငံဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ တယ်လီနော်ဖုန်းကို အသုံးပြုပြီး ဖေ့ဘုတ်က ဓါတ်ပုံအတည်ပြုချက်လော့ခ်ကျတဲ့ ပြဿနာကို ဖြေရှင်းသွားပုံကို ရေးသားထားသော စာအုပ်လေးပဲ ဖြစ်ပါတယ်။

တယ်လီနော်ဖုန်းက International SMS ကို လက်ခံတယ်ဆိုကတည်းက ဖေ့ဘုတ်လော့ဂ်ကျတာကိုလည်း အဲ့ဖုန်းနဲ့ လော့ခ်ပြန်ဖြေနိုင်မှာဖြစ်ပါတယ်။

စာအုပ်မှာပါတဲအတိုင်းပါပဲ အရင်ကဆိုကျွန်တော်တို့က ဖေ့ဘုတ်က ကုဒ်ကိုရအောင် Talk at One, Text Free , UppTalk စသော ဆော့ဝဲလ်တွေနဲ့ ဖြေရှင်းခဲ့ရတာပါ။ တစ်ခါတစ်လေတော့လည်း အဲ့ဆော့ဝဲလ်တွေဆီကို ကုဒ်က မပို့တာမျိုးဖြစ်တက်တယ်ဗျ။

အခုတော့လည်း မဆိုးဘူးပေါ့ဗျ။ ကိုယ့်ဘာသာ တယ်လီနော်ဖုန်းလေးဝယ်ပြီး ဖေ့ဘုတ်အကောင့်ကို စိတ်ကြိုက်ဖွင့်နိုင်တာပေါ့နော့်။

ကဲ့ လိုအပ်သူများအတွက် ကျွန်တော်မျှပေးလိုက်ပါတယ်။

စာအုပ်ဖိုင်ဆိုဒ်က 3.42 MB ပဲ ဖြစ်ပါတယ်။

ကျွန်တော့်မှာတော့ တောထဲရောက်နေတဲ့အတွက် တယ်လီနော်လည်း မသုံးရပါဘူး။ ဘယ်တော့မှ သုံးရမလဲ မသိပါဘူးဗျာ။ အိုင်ပီစတားနဲ့ပဲ နှစ်ပါးသွားကရမှာပေါ့နော့်။


အဆင်ပြေပါစေနော်။


Download From Solidfiles         
 
 
 Facebook Account အသစ်ဖွင့်နည်းလေးကိုမသိသေးတဲ့သူမျာအတွက်ပြန်မျှဝေပေးလိုက်ပါတယ်
ဖုန်းနံပါတ်တောင်းရင်လဲမြန်မာပြည်ဖုန်းနံပါတ်သုံးပြီး Verify လုပ်လို့ရပါပြီး။
ဒီ Add-ons လေး ကို Firefox Browser ထဲကိုInstall လုပ်လိုက်ပါ။

Add-on Link - https://addons.mozilla.org/en-US/firefox/addon/anonymox/?src=search


Add-ons ကို install လုပ်ပြီးရင် Firefox ကို Restart လုပ်လိုက်ပါ။

ပြီးရင် Firefox add-ons Manager ထဲက Anonymox add-ons ကိုတွေ့ပါမယ်

Enable လုပ်လိုက်ပါ
ပြီးရင် ip address ကို www.whatismyip.com မှာသွားစစ်လိုက်ပါ။

Country မှာ USA လို့ပြရင်ရပါပြီ။

Firefox မှာ Error တက် နေ ရင်
Firefox > Options > Options > Advanced Tab > Network > Connection Setting > Use System Proxy Setting ကို အမှန်ခြစ်ပါ။

www.facebook.com မှာAccount အသစ်အလွယ်တကူဖွင့်လို့ရပါပြီ။

မှတ်ချက်

Lock ကျ နေတဲ့ Account များလဲဒီနည်းနဲ့ ဖြည်လို့ရပါတယ်။

Country ကို Myanmar ရွေးပေးပါ။
Ph no- 959xxxxxxx(eg- 9595196032 ကိုယ်ဖုန်းနံပါတ်ထည့်ပါ။)
SMS ပို့တာမရွေးပဲ ဖုန်းခေါ်တာကိုရွေးပါ။FaceBook ကဖုန်းခေါ်ပြီး Code no ပြောပါလိမ့်မယ်။

မသိသေးသူများကို မျှဝေပေးပါ။
 
ဒါလေးက အထောက်အကုပြုတာပေါ့
ဒီကောင်လေးကတော့ Facebook ပြသနာနဲ့ပါတ်သတ်တာ တွေကိုအားလုံးကို စုပီး Apk
လေးလုပ်ထားတာပါ.. မိမိဖုန်းထဲမှာ Install လုပ်လိုက်ယုံနဲ့ စာအုပ်တစ်အုပ်လို ဖတ်လို့
ရပါပီ. အောက်မှာဒေါင်းယူပီး သုံးကြည့်လိုက်ပါဗျာ.





DOWNLOAD
 
 
ဒါဆိုတော်မတော်များများအဆင်ပြေပါတယ် ကြံတဲ့နည်းတွေကတော့ ညဏ်ထည့်ပြီးသာဖြေပေတော့ပေါ့ဗျာ..:P
 
 
Thiha Htike(THT)

thihahtike.it@gmail.com

0973151297

ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော့်ဆရာပါ :D

ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....

မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အမှန်တစ်ကယ်ပြောရရင် ပြန်ပို့ဖို့ပိုက်ပိုက်မရှိလို့ပါခင်ဗျာ ကျေးဇူးတင်ရင် ဖုန်းဘေကဒ်လှမ်းပို့ပေးနိုင်ပါတယ်ခင်ဗျာ  :P

Welcome From My Blog